Saturday, September 28, 2013

အန္တရာယ်ကင်းစွာ ယာဉ်မောင်းမယ်(How to drive vehicle safely)


အန္တရာယ်ကင်းစွာ ယာဉ်မောင်းမယ်(How to drive vehicle safely)
       
 ယနေ့ခေတ်တွင် လူတိုင်းနီးပါးမျှအတော်အသင့် ငွေကြေးပြည့်စုံက ကိုယ်ပိုင်ကား ဝယ်၍
စီးနိုင်သောဘဝ ရရှိကြပေ၏။ကံကောင်းကြပေစွတကား။သို့သော်လည်း စက်တပ်ယာဉ်သည်
လည်း ဖြစ်တတ်ပျက်တတ်သဘောရှိပေရာ ယင်းကြောင့် အဖိုးတန်လှ လူ့ဘဝကို စွန့်ခွာတတ်ရ
ခြင်း(သို့)မသန်မစွမ်းဘဝရောက်ရတတ်ခြင်းတို့ကြောင့် ယာဉ်မောင်းရာတွင် အန္တရာယ်ကင်းစွာ
မောင်းနှင်နိုင်ရန်အလို့ငှာ ဤစာစုကိုရေးသားလိုက်ပါရစေ......


      ယခုအခါ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ရှေ့ရှုဦးတည်သွားနေပြီဖြစ်သဖြင့် ကျနော်တို့
နိုင်ငံသူနိုင်ငံသားများသည်လည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းကာ ယာဉ်မောင်းကျွမ်းကျင်ဖို့
လိုပါမည်။ယာဉ်မောင်းအခြေခံမျှမသိဘဲ မောင်းနှင်၍မဖြစ်နိုင်တော့ပါ။ယာဉ်စည်းကမ်း၊လမ်းစည်း
ကမ်းကို တိကျစွာလိုက်နာပြီး အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ဖို့လိုပါလိမ့်မည်။သို့မှသာ နိုင်ငံ
ခြားသားများ၏ အထင်အမြင်သေးခြင်းမှ ကင်းစင်ရပြီး တစ်ဦးကစတစ်ရာဆိုသလို မြန်မာနိုင်ငံ
သားဂုဏ်ကို မြှင့်တင်ရာရောက်ပေလိမ့်မည်။



       ဦးစွာပထမ ယာဉ်ပေါ်သို့မတက်မီ ဆီ၊ရေ၊လေ၊ဝိုင်၊ဘရိတ်၊မီးကောင်းမကောင်း စစ်ဆေး
သင့်ပေ၏။






       ယာဉ်ပေါ်သို့တက်လိုက်လျှင်လည်း ယာဉ်၏အဓိက အခြေခံကျသော အစိတ်အပိုင်းများကို
သိရှိထားရပေမည်။





၁။လက်ဖြင့် ပြုမူဆောင်ရွက်ရမည့် အဓိကအစိတ်အပိုင်း(၃)မျိုး


       (က)ယာဉ်မောင်းနှင်ရာတွင် ယာဉ်ကို မိမိလိုရာသို့ ဦးတည်သွားစေရန်ပြုလုပ်ပေးသော
            လက်ကိုင်ဘီး(Steering Wheel)



            လက်ကိုင်ဘီး(Steering Wheel)ကို ကိုင်ရာတွင် လက်အနေအထား(Hand Position)
မှန်ကန်စေရမည်။၁၀း၁၀နာရီ(၁၀-နာရီ၊၁၀-မိနစ်) သို့မဟုတ် ၁၀-နာရီ/၂-နာရီ အနေအထား
ဖြစ်စေရန် ဘယ်ဘက်လက်ကို ၁၀-နာရီ၊ညာဘက်လက်ကို ၁၀-မိနစ်အပေါ်၌ ရှိနေပါမှ မှန်ကန်
ပါမည်။ယင်းသို့မဟုတ်လျှင် ကျွမ်းကျင်သူများ၏ အကဲ့ရဲ့ခံရပါလိမ့်မည်။

         ယာဉ်ကို လက်ယာဘက်သို့သွားစေ၊ကွေ့စေလိုလျှင် လက်ကိုင်ဘီးကိုလက်ယာဘက်သို့
လှည့်ရပြီး ဘယ်-ညာ ကန့်လန့်ဖြတ်အနေအထားရောက်က ဘယ်လက်ကိုမလွှတ်ရ၊အနေအထား
အလိုက်သင့်ပြောင်းပြီးလှည့်ရကာ ညာလက်ကို လွှတ်၍ ၁၀း၁၀နာရီသို့ဖြစ်အောင် ပြန်ကိုင်နိုင်ရ
မည်။ပြန်ဖြေလျှင် ပြောင်းပြန်မဖြေရ၊လက်ဝဲဘက်သို့လှည့်ပြီး ညာ-ဘယ် ကန့်လန့်ဖြတ် အနေ
အထားရောက်က ညာလက်ကို မလွှတ်ရ၊အနေအထားအလိုက်သင့်ပြောင်း ပြီးလှည့်ရကာ ဘယ်
လက်ကို လွှတ်၍ မူလအနေအထား ၁၀း၁၀နာရီသို့ဖြစ်အောင် လက်ကိုင်ဘီးကို အနေအထား
မှန်ကန်စွာ ပြန်ကိုင်နိုင်ရမည်။




     ဤအတူ ယာဉ်ကို လက်ဝဲဘက်သို့သွားစေ၊ကွေ့စေလိုလျှင် လက်ကိုင်ဘီးကို  လက်ဝဲဘက်
သို့လှည့်ရပြီး ညာ-ဘယ် ကန့်လန့်ဖြတ်အနေအထားရောက်က ညာလက်(လက်ယာလက်)ကို
မလွှတ်ရ၊အနေအထားအလိုက်သင့်ပြောင်းပြီးလှည့်ရကာ ဘယ်လက်ကို လွှတ်၍ ၁၀း၁၀နာရီသို့
ဖြစ်အောင်ပြန်ကိုင်နိုင်ရမည်။ပြန်ဖြေလျှင်ပြောင်းပြန်မဖြေရ၊လက်ယာဘက်သို့လှည့်ပြီး ဘယ်-ညာ
 ကန့်လန့်ဖြတ်အနေအထားရောက်က လက်ဝဲဘက်လက်ကို မလွှတ်ရ၊အနေအထားအလိုက်သင့်
ပြောင်း ပြီးလှည့်ရကာ ညာလက်ကို လွှတ်၍ မူလအနေအထား ၁၀း၁၀နာရီသို့ဖြစ်အောင် လက်
ကိုင်ဘီးကို အနေအထားမှန်ကန်စွာ ပြန်ကိုင်နိုင်ရမည်။



        (ခ)ယာဉ်ကို ရှေ့သို့၊နောက်သို့သွားစေလိုလျှင်/အနှေးမှအမြန်၊အမြန်မှအနှေးသို့ သွားစေ
            လိုလျှင် ပြုလုပ်ပေးရသော ဂီယာအုံနှင့်ဂီယာထိုးတံ(Gearbox & Stem)
          Auto-Gear နှင့် Manual-Gear ဟူ၍နှစ်မျိုးရှိရာ Manual-Gear ကို ကောင်းစွာနားလည်
ထားသင့်ပေ၏။ယာဉ်ငယ် ဂီယာတွင် အပေါ်၌ ဘယ်မှညာသို့ (1-3-5) နှင့် အောက်ဘက်၌
ဘယ်မှညာသို့ (2-4-R) ဖြစ်ပြီး ဂီယာလွတ်နေရာ Freeway space or Neutral zone သည်
 3 နှင့် 4 ကြားတွင်ရှိ၏။ယာဉ်ကြီးဂီယာတွင် အပေါ်၌ ဘယ်မှညာသို့ (R-2-4)နှင့် အောက်ဘက်၌
ဘယ်မှညာသို့ (1-3-5) ဖြစ်ပြီး ဂီယာလွတ်/မူလနေရာ Freeway space or Neutral zone သည်
 2 နှင့် 3 ကြားတွင်ရှိ၏။ဂီယာလွတ်မလွတ်ကို ဂီယာတံကို လှုပ်ရန်းကြည့်၍အမှန်မသိနိုင်ပါ။
အဘယ်ကြောင့်ဆိုသော် ဂီယာ 1 ဝင်နေလျှင်လည်းလှုပ်ရန်းကြည့်က လှုပ်နေပေလိမ့်မည်။သို့မို့
ကြောင့် ဂီယာအနေအထားကိုသာကြည့်မှ ဂီယာလွတ်မလွတ်/ဝင်မဝင် ကိုသိရပေမည်။ဂီယာ
သည် အလယ်တည့်တည့်၌ရှိနေပြီး ဘယ်သို့မဟုတ် ညာဘက်သို့ အနည်းငယ်မျှဆွဲယူကြည့်၍
ရလျှင် ဂီယာလွတ်နေသည်ကိုတွေ့ရပါမည်။ဂီယာလွတ်နေလျှင် ယာဉ်ငယ်၌ အထက်အောက်
တင်ချလျှင် 3 နှင့် 4 သာလျှင် ဝင်သည်ဟုသိရမည်။ဂီယာ 1 ကိုထိုးလိုလျှင် ဂီယာဖုသီးကို
လက်ဖနောင့်နှင့် ဘယ်ဘက်အဆုံးရောက်အောင်ရွှေ့ပြီး အပေါ်သို့ပင့်တင်လိုက်ပါ။ဤအတူ
ဂီယာ 2 ကို ပြောင်းထိုးလိုလျှင် ဂီယာဖုသီးကို လက်ဖနောင့်နှင့် ဘယ်ဘက်အဆုံးရောက်အောင်
ရွှေ့ပြီး အောက်ဘက်သို့ လက်ဖျားကလေးများဖြင့် ကုတ်ဆွဲချပါ။မှတ်ရန်(အပေါ်တင်လျှင်
လက်ဖနောင့်ဖြင့် အသာပင့်တင်ပါ၊အောက်သို့ချလိုလျှင် လက်ဖျားကလေးများဖြင့် အသာဆွဲချပါ)
ဂီယာသဘောသဘာဝမှာ 1 ဂီယာသည် ရပ်နေရာမှ စထွက်စဉ်၊တောင်တက်ကို ဖြေးဖြေးမှန်မှန်
တက်စဉ်၊တောင်ကုန်းအတက်၌ ခေတ္တခဏ အရေးပေါ်ယာဉ်ရပ်နားစဉ်၊ယာဉ်ရပ်နား(Parking)
စဉ်များ၌ အသုံးပြုရ၏။2-3-4-5 ဂီယာများကို ယာဉ်စထွက်ပြီးအရှိန်မြှင့်တင်ရာတွင် အစဉ်လိုက်
အသုံးပြုရ၏။အရှိန်နှေးစေလိုလျှင်လည်း 5-4-3-2 ဂီယာများကိုအစဉ်လိုက်အသုံးပြုရ၏။
3-2 ဂီယာများဖြင့် အချိုးအကွေ့များကို အန္တရာယ်ကင်းရှင်းစွာ အသုံးပြု နိုင်၏။4 ဂီယာဖြင့်
ခပ်ပြေပြေအကွေ့များတွင်အသုံးပြုနိုင်သော်လည်း ရှိန်အပြင်းဆုံးဖြစ်သော5 ဂီယာဖြင့် မည်သည့်
အခါမျှ အချိုးအကွေ့များတွင် အသုံးမပြုခြင်းက အန္တရာယ်ကင်းပါလိမ့်မည်။R ဂီယာကို ယာဉ်ကို
နောက်သို့ဆုတ်လိုသောအခါတွင် သို့မဟုတ် ကုန်းအဆင်းတွင် ရပ်ထားလိုသောအခါတွင်
အသုံးပြု၏။ Auto-Gearတွင် အထက်မှအောက်သို့အစဉ်အတိုင်း P-R-N-D-2-L ဟူ၍ ဂီယာ
၆-ချက်တွေ့ရပါမည်။Lockပါသော ဂီယာနှင့် Lockမပါသော ဂီယာ(Zigzag)ဟူ၍ နှစ်မျိုးရှိသည်။
Lockပါသော ဂီယာ၌ P မှ R သို့ရွှေ့လျှင် Lockကိုနှိပ်၍ရွှေ့ပါ။R-မှ-2 တိုင်အောင် Lockကိုနှိပ်စရာ
မလို တိုက်ရိုက်ဆွဲချနိုင်သည်။2-မှ-L သို့ရွှေ့လျှင်လည်း Lockကိုနှိပ်၍ရွှေ့ပါ။Lock ထည်းထားခြင်း
မှာ ကားရပ်နားစဉ်၊Parking သွင်းစဉ်၊Landing ကုန်းတက်ကုန်းဆင်းပြုလုပ်စဉ်တွင် ဂီယာလွတ်
ထွက်မသွားစေရန်အတွက်ဖြစ်၏။P(Parking)-R(Retrograde or backward)-N(Neutral
zone or Freeway space)-D(Direct/Drive)-2-L(Landing or Large Gear) ဟူ၍ရှိရာ ယာဉ်
ကို စ၍ထွက်ခွာစေလိုလျှင်P မှ R-မှ-2 အထိဆွဲချပြီး 2 ဂီယာဖြင့် စထွက်ပါ။အရှိန်ရလာပါက D
ဂီယာဖြင့် ဂီယာအချိန်းအပြောင်းလုပ်စရာမလိုပဲသွားပါ။အရှိန်လျှော့လိုလျှင်2 ဂီယာသို့ပြောင်းပါ။
R ဂီယာကို ယာဉ်ကိုနောက်သို့ဆုတ်လိုသောအခါတွင် သို့မဟုတ် ကုန်းအဆင်းတွင် ရပ်ထားလို
သောအခါတွင် အသုံးပြု၏။P ဂီယာကို ကားရပ်နားစဉ်၊Parking သွင်းစဉ် ကုန်းအတက်တွင်
ခေတ္တရပ်နားစဉ် အသုံးပြု၏။L ဂီယာကို တောင်တက်တောင်ဆင်းလမ်းတွင်အသုံးပြု၏။
          (ဂ)ယာဉ်ကို အချိန်ကြာကြာရပ်နားထားစဉ် လုံခြုံစိတ်ချစေရန်အတွက် အသုံးပြုသော
           ဟန်းဘရိတ်ခ်(Hand Break)



            Hand Break ကို ကားရပ်နားထားစဉ်တိုင်း လုံခြုံစိတ်ချစေရန်အတွက် အသုံးပြုပါ။
ထို့သို့မှ စိတ်မချသေးလျှင် ဂျမ်းတုံးခုပါ။




၂။ခြေဖြင့်ပြုလုပ်ရသော အဓိက အစိတ်အပိုင်း(၃)မျိုး



            (က)အင်ဂျင်နှင့် ဘီးကို ဆက်သွယ်ပေးသော Clutch ကလပ်ခ်ျ

             Manual-Gear တွင် ဘယ်ခြေဖြင့် လုပ်ဆောင်ရသောအစိတ်အပိုင်းဖြစ်၏။ဂီယာ
အချိန်းအပြောင်းပြုလုပ်ရာတွင်၊အမြန်နှုန်းလျှော့ရာတွင် ကလပ်ခ်ျ တစ်ဆုံးနင်း၍ ပြုလုပ်ရ၏။
ကားကို စထွက်စေလိုလျှင် ကလပ်ခ်ျ တစ်ဆုံးနင်းပြီး 1 ဂီယာထိုးကာ ကလပ်ခ်ျ ကို နှစ်ဆင့်
လွှတ်ပြီးထွက်ရ၏။အဘယ်ကြောင့်ဆိုသော် အင်ဂျင်နှင့်အဆက်အသွယ်ပြုရာတွင် ကလပ်ခ်ျ၏
အစ၊အလယ်၊အဆုံး ၃-နေရာတွင်ဖြစ်နိုင်သောကြောင့် ဖြေးဖြေးချင်း နှစ်ဆင့်လွှတ်၍ထွက်ရာ၏။
အော်တိုကားတွင် ကလပ်ခ်ျမပါ။လီဗာနှင့် ဘရိတ်ခ် သာပါ၍ ဘယ်ခြေအသုံးပြုရန်မလိုတော့ပေ။
           (ခ) အင်ဂျင်စက်အရှိန်မြှင့်တင်ပေးသော Lever လီဗာ


           အင်ဂျင်စက် မသေရန်၊မြန်မြန်ပြေးစေရန်အတွက် အင်ဂျင်စက်အရှိန်မြှင့်တင်ပေးသော
အပိုင်းဖြစ်ပြီး ညာဘက်အစွန်ဆုံး ညာခြေဖြင့်အသုံးပြုရသောအပိုင်းဖြစ်၏။အရှိန်ကို လိုသလို
အသုံးပြုနိုင်ရပါမည်။





           (ဂ)အရေးပေါ်ယာဉ်ကို ရပ်တန့်စေလိုလျှင်၊အမြန်နှုန်းလျှော့ချစေလိုလျှင် အသုံးပြုရ
           သော Break ဘရိတ်ခ်




            အရေးပေါ်ယာဉ်ကို ရပ်တန့်စေလိုလျှင်၊အမြန်နှုန်းလျှော့ချစေလိုလျှင် အသုံးပြုရသော     
Break ဘရိတ်ခ်သည် ညာအလယ်၌ရှိကာ ညာခြေဖြင့် အသုံးပြုရသောအပိုင်းဖြစ်၏။
ဤအစိတ်အပိုင်း သုံးခုကို ဟန်ချက်ညီညီအသုံးပြုရ၏။ယာဉ်ပေါ်သို့တက်လျှင် ဘရိတ်ခ်ကို
ညာခြေဖြင့်နင်း၊ကလပ်ခ်ျကို ဘယ်ခြေဖြင့်တစ်ဆုံးနင်းပြီး ကားစက်နှိုးပါ။ကားစက်နိုးလာလျှင်
1 ဂီယာသွင်း-ဟန်းဘရိတ်ခ်ဖြုတ်-လီဗာကို စက်သံမှန်မှန်ရအောင် နင်းပြီး ကလပ်ခ်ျကို ဖြေးဖြေး
ချင်း နှစ်ဆင့်လွှတ်၍ ထွက်ပါ။အရှိန်ရလာပါက လီဗာလျှော့-ကလပ်ခ်ျတစ်ဆုံးနင်း-2 ဂီယာပြောင်း
ပြီးကလပ်ခ်ျချက်ချင်းလွှတ်(နှစ်ဆင့်လွှတ်စရာမလို)-လီဗာနင်းပြေးပေတော့။ကျန်ဂီယာများကို
လိုအပ်သလိုအသုံးပြုနိုင်ပါသည်။အမြန်နှုန်းလျှော့လိုလျှင် လီဗာလွှတ်-ဘရိတ်ခ်မှေး-ကလပ်ခ်ျ
တစ်ဆုံးနင်း-ဂီယာတစ်ဆင့်လျှော့ချပါ။ရပ်လိုလျှင် ဘရိတ်ခ်မှေး-ကလပ်ခ်ျတစ်ဆုံးနင်း ရပ်လိုသည့်
နေရာရောက်က ဖြေးညှင်းစွာ ဘရိတ်ခ်အုပ်၍ စက်ပိတ်-မြေပြင်ညီ၊ကုန်းအတက်ဖြစ်က 1 ဂီယာ
သွင်း၊ကုန်းအဆင်းဖြစ်က R ဂီယာသွင်း-ဟန်းဘရိတ်ခ်ဆွဲပြီး ယာဉ်ပေါ်မှ ဆင်းနိုင်သည်။ထိုသို့မှ
မသေချာသေးလျှင် ဂျမ်းတုံးခုပါ။




၃။မျက်စိဖြင့်ကြည့်ရမည့် အဓိကအချက်(၃)မျိုး



        (က)မိမိယာဉ်အား လက်ယာဘက်သို့ကွေ့လိုခြင်း သို့မဟုတ် လက်ယာဘက်ယာဉ်ကြော
         သို့ကူးပြောင်းလိုခြင်းကို ပြုလုပ်လိုပါက ယာဉ်ကြောရှင်းမရှင်းကြည့်ရန် လက်ယာဘက်
         နောက်ကြည့်မှန်အားအသုံးပြုခြင်း၊



        (ခ)မိမိယာဉ်အား လက်ဝဲဘက်သို့ကွေ့လိုခြင်း သို့မဟုတ် လက်ဝဲဘက်ယာဉ်ကြောသို့
         ကူးပြောင်းလိုခြင်းကို ပြုလုပ်လိုပါက ယာဉ်ကြောရှင်းမရှင်းကြည့်ရန် လက်ဝဲဘက်
         နောက်ကြည့်မှန်အားအသုံးပြုခြင်း၊



        (ခ)မိမိယာဉ်အား လက်ယာ/လက်ဝဲဘက်သို့ကွေ့လိုခြင်း သို့မဟုတ် လက်ယာ/လက်ဝဲ
         ဘက်ယာဉ်ကြောသို့ကူးပြောင်းလိုခြင်း၊မိမိယာဉ်နောက်၌ နီးကပ်စွာလိုက်ပါလာသော
         ယာဉ်ရှိ/မရှိနှင့် လမ်းကြောရှင်း/မရှင်းသိလိုခြင်းတို့ကို ကြည့်ရန် အလယ်တည့်တည့်
         နောက်ကြည့်မှန်အားအသုံးပြုခြင်း၊



        မိမိယာဉ်အား ရှေ့နောက်တန်း၍ ရပ်ထားသောယာဉ်နှစ်စီးအကြားယာဉ်တစ်စီး ရပ်နိုင်
လောက်သောအနေအထားရှိ၍ ၎င်းယာဉ်နှစ်စီးအကြား ရပ်လိုပါက(Parking) ရှေ့ယာဉ်၏
နောက်ပိုင်းနှင့်မိမိယာဉ်နောက်ပိုင်း တစ်တန်းတည်းကျသည်အထိ ယှဉ်ရပ်ပြီး လက်ကိုင်ဘီးကို
လိုအပ်သလို လှည့်ပါ။ရှေ့ယာဉ်နောက်ပိုင်းနှင့် မိမိယာဉ်၏ ခါးလည်ခန့်ရောက်လျှင် လက်ကိုင်
ဘီးကို ယာဉ်ရှေ့နောက်တန်းသည်အထိပြန်ဖြေပြီးနောက်ဆုတ်ပါ။မိမိယာဉ်၏ခေါင်းနှင့် ရှေ့
ယာဉ်နောက်ပိုင်းနှင့်လွတ်ကင်းပါက လက်ကိုင်ဘီးကို လိုအပ်သည့်ဘက်သို့ပါအောင်လှည့်ယူပါ။
ရှေ့ယာဉ်/နောက်ယာဉ်ကြားမိမိယာဉ် တစ်ဖြောင့်တည်းကျအောင်းသွင်းယူပါ။

     အထက်ဖော်ပြပါ အဓိကကျသောအခြေခံအချက်များကို ပိုင်နိုင်စွာသိရှိထားပါမှ မိမိယာဉ်ကို
ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ပြီး ယာဉ်ကြောင့်ဖြစ်သော ဘေးအန္တရာယ်မှ ကင်းဝေးပါလိမ့်
မည်။သို့မှသာလျှင် မိမိလည်းအန္တရာယ်ကင်းစင်သလိုတစ်ပါးသူလည်း စိတ်အနှောင့်အယှက်ကင်း
ခြင်း၊အန္တရာယ်မဖြစ်စေခြင်း စသည်တို့ကြောင့် မိမိလည်းစိတ်ချမ်းသာ၊တစ်ပါးသူလည်း စိတ်ချမ်း
မြေ့စွာ လိုရာခရီးသို့ရောက်ရပေလိမ့်မည်။










1
3
5

R
2
4

FREE



FREE

2
4
R

1
3
5
    ယာဉ်ငယ် ဂီယာတည်ဆောက်ပုံ

     ယာဉ်ကြီး ဂီယာတည်ဆောက်ပုံ









P
Parking





R
Retro/Back





N
Neutral/Free





D
Direct/Drive





2
Start





L
Landing





      Auto with Lock



လမ်းပေါ်တွင် အန္တရာယ်ကင်းစွာ ယာဉ်မောင်းမယ်



(How to drive vehicle on the way safely)


      လမ်းပေါ်တွင် မိမိယာဉ်ကြောင့် အခြားလမ်းအသုံးပြုသူများအား စိတ်အနှောင့်အယှက်၊
အန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေပဲ မိမိ၏ယာဉ်ကို လုံခြုံစိတ်ချအန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရ
ပါမည်။ယာဉ်ပေါ်သို့မတက်မီ အောက်ပါတို့ကို ဦးစွာစစ်ဆေးပါ။


၁။ဘရိတ်






၂။မီးများ(ရှေ့မီးကြီး၊ဘေးမီးငယ်၊ဘရိတ်မီး၊အချက်ပြမီး၊နောက်နံပါတ်ပြားမီး)

၃။ဟွန်း






၎။တာယာကောင်း/မကောင်း၊လေညီ/မညီ



၅။စတီယာရင်ကောင်း/မကောင်း




၆။ဂီယာကောင်း/မကောင်း




၇။နောက်ကြည့်မှန်





၈။ဆီ၊ရေ၊လေ၊ဝိုင် ပြည့်စုံမှု ရှိ/မရှိ




၉။ယာဉ်မောင်းလိုင်စင်





၁၀။မှတ်ပုံတင် သက်သေခံလက်မှတ်




၁၁။မိုးတွင်းအခါ ရေသုတ်ကိရိယာ ကောင်း/မကောင်း



      အထက်ပါအချက်များ အားလုံ OK  ပြည့်စုံမှသာ ယာဉ်ပေါ်သို့တက်ပါ။ထိုသို့ စစ်ဆေးပြီးပါက
မိမိသွားလိုသော ခရီးလမ်းသို့ သတိဖြင့်အန္တရာယ်ကင်းစွာ မောင်းနှင်ရာတွင် လုံခြုံစိတ်ချရအောင်
ခါးပတ်လည်း ပတ်ဖို့မမေ့ပါနဲ့။ယာဉ်မောင်းစဉ်လမ်းပေါ်တွင် အမိန့်ပေးညွှန်ကြားချက်များ၊သတိပေး
ချက်များ၊တားမြစ်ချက်များကို တိကျစွာ လိုက်နာပါ။မိမိအတွက်လုံခြုံစိတ်ချရသောလမ်းကြောကို
အသုံးပြုပါ။ယာဉ်ကြောနှစ်ကြောရှိလျှင် အတွင်းဘက် ယာဉ်ကြောသည်မိမိအတွက် စိတ်ချရ၏။
လက်ယာဘက်အပြင်ယာဉ်ကြော၌ ရပ်မည့်ယာဉ်များ၊ရပ်တားသည့်ယာဉ်များ၊ဘတ်စ်ကားမှတ်
တိုင်တွင် ခရီးသည်အတင်အချများသည့် ဘတ်စ်ကားများ၊လက်ယာဘက်သို့ချိုးကွေ့မည့်ယာဉ်
များ ရှိနေတတ်သောကြောင့် အတွင်းကြောကို ရွေး၍ မောင်းနှင်ခြင်းက မိမိအတွက်အဆင်ပြေစေ
ပါမည်။ယာဉ်ကြော သုံးကြောရှိလျှင် အလယ်ကြောကို ရွေးပါ။အတွင်းဘက် ဘယ်အစွန်ကြော
သည် ဘယ်ကွေ့မည့်ယာဉ်များရှိသည်ကို သတိပြုပါ။ယာဉ်ကြော လေးကြောရှိလျှင်လက်ဝဲဘက်
 အတွင်းကြောမှ ဒုတိယကြောကို ရွေးပါ။လက်ယာအစွန်ကြောတွင် ရပ်ထားသောယာဉ်များရှိ
တတ်ခြင်းတို့ကြောင့် ဘတ်စ်ကားများသည် လက်ယာဒုတိယကြောပေါ်၌ ခရီးသည်အတင်အချ
ပြုတတ်ခြင်းများကြောင့် မိမိအတွက် အဆင်မပြေမှုများရှိတတ်၏။ယာဉ်ကြော ငါးကြောရှိလျှင်
အလယ်ကြောကို အသုံးပြုခြင်းက အသင့်တော်ဆုံးဖြစ်ပါမည်။ယင်းသို့ မိမိယာဉ်ကြောအတိုင်း
မောင်းနှင်ရာတွင် တည့်တည့်မတ်မတ်မောင်းနှင်ပါ။ယာဉ်ကြောမျဉ်းကိုခွ၍မောင်းခြင်းမှ ရှောင်ပါ။
ထို့အပြင် မိမိယာဉ်ကြောအတိုင်းမောင်းနေစဉ် မည်သည့်အချက်ပြမှု တစ်စုံတစ်ရာရှိသည်ဖြစ်စေ/
မရှိသည်ဖြစ်စေ မိမိ၏ယာဉ်ရှေ့သို့ ဖြတ်ဝင်လာသောယာဉ်ကိုတွေ့သဖြင့် မိမိယာဉ်အား အခြား
ယာဉ်ကြောသို့ ရှောင်တိမ်းခြင်းမပြုပါနှင့်။အချိန်မီ အရှိန်လျှော့နိုင်ပါက ဘရိတ်တစ်ချက်တော့၍
ထိန်းသိမ်းပါ။ဘရိတ်အရှိန်သတ်ချိန်မရ၍ဖြတ်ဝင်လာသောယာဉ်အားတိုက်မိသဖြင့် မိမိအမှား
တစ်စုံတစ်ရာမရှိ။ထိုသို့မဟုတ်ပဲ မိမိသည်အခြားယာဉ်ကြောသို့ ရှောင်လိုက်ပါမှ ခြားယာဉ်ကြောရှိ
ယာဉ်မှ မိမိယာဉ်အားဖြတ်တိုက်ခံရမည့်အပြင် မိမိလမ်းမှားသွားပြီဆိုသည်ကို သတိပြုပါ။
အကြောင်းတစ်စုံတစ်ရာပေါ်၍ ယာဉ်ကြောပြောင်းလိုက မိမိပြောင်းလိုသောဘက်သို့ အချက်ပြပါ။
မိမိပြောင်းလိုသောယာဉ်ကြောတွင် ယာဉ်အသွားအလာလွတ်ကင်းချိန်စောင့်သွား၍ ကူးပြောင်းပါ။
အကြောင်းတစ်စုံတစ်ရာပေါ်၍ ရှေ့ယာဉ်အားကျော်တက်လိုက အချက်ပြလမ်းတောင်ပြီး ယာဉ်
အသွားအလာကင်းရှင်းချိန်တွင် ကျော်တက်ကာ မိမိကျော်သောယာဉ်အားအနှောင့်အယှက်မဖြစ်
စေဘဲ လွတ်လွတ်ကင်းကင်းဖြင့် မိမိယာဉ်ကြောသို့ပြန်လည်ဝင်ပါ။အဝိုင်းပတ်ရာ၌ ယာဉ်ကြော
လေးကြောရှိရာ လက်ယာအစွန်ကြောသည် အလွတ်(Free)ကြော၊လက်ယာဒုတိယကြောသည်
ဘတ်စ်ကားအသွားအလာများသည့်အကြောနှင့် အတွင်းဘက်ဆုံးအကြောသည် အဝိုင်းပတ်လာ
သော ယာဉ်များနှင့်ကြုံတွေ့ရတတ်သဖြင့် မိမိအတွက် အဆင်အပြေဆုံးမှာ အတွင်းဘက် ဒုတိယ
ကြောဖြစ်ပြီး အဝိုင်းကို လုံခြုံစိတ်ချအန္တရာယ်ကင်းစွာဖြင့် ပတ်နိုင်ပါလိမ့်မည်။အဝိုင်းပတ်လာသော
ယာဉ်အားဦးစားပေးပြီး ယာဉ်ကြောရှင်းမှ အဝိုင်းပတ်ပါ။


    အထက်ပါအတိုင်း ယာဉ်စည်းကမ်း/လမ်းစည်းကမ်းကို လိုက်နာပြီး မောင်းနှင်ပါက အန္တရာယ်
ကင်းဘေးရှင်းပြီး မိမိလိုရာခရီးကို အဆင်ပြေချောမောစွာ ရောက်ပါလိမ့်မည်။ကုန်းလမ်းပို့ဆောင်
ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေသော “ယာဉ်မောင်းသူများလက်စွဲ”ကို အမြဲတစေဆောင်ထား
သင့်ပေ၏။(မှတ်ရန်။  ။မြန်မာနိုင်ငံ၏ ယာဉ်ကြောသည် လက်ယာကပ်စံနစ်ဖြစ်သည်။)
Ok...Let's drive the car safely and happily!















Thein.hlaing1970@gmail.com 
DR. Thein Hlaing(B.D.S.,Ygn.)

No comments:

Post a Comment