ဘုရားငါးဆူ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ
ဘုရားငါးဆူ ဂါထာတော်
|
||||||||||
“ကကုသန္ဓော,ကောဏာဂမနော,ကဿပေါ,ဂေါတမော
မုနိ၊
|
||||||||||
မေတ္တေယျော
ပဉ္စဗုဒ္ဓေတေ၊သိသေမေ သေန္တုသဗ္ဗဒါ။”
|
||||||||||
ဖော်ပြပါ ဂါထာသည်
ယခုကျွန်တော်တို့၏ဘဒ္ဒကပ်ကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားရှင် ၄-ဆူနှင့်
|
||||||||||
နောင်ပွင့်ရန်ကျန်သေးသည့် ဘုရားရှင်
၁-ဆူ ပေါင်းဘုရားငါးဆူအား ရှိခိုးပူဇော်သော ဂါထာဖြစ်ပါသည်။
|
||||||||||
ဤဂါထာကို ယုံကြည်သဒ္ဓါဖြင့် ရွတ်ပွားပူဇော်ပါက
လောကီလောကုတ်၂ဖြာသောအကျိုးများရရှိခံစားရပါမည်။
|
||||||||||
စာရှုသူတို့ယုံကြည်သဒ္ဓါတရားထက်သန်စေရန်အတွက်မြတ်ဘုရားရှင်တို့၏အကြောင်းအနှစ်ချုပ်ဖော်ပြပါမည်။
|
||||||||||
ကျွန်တော်တို့ ကမ္ဘာမတိုင်မီ အတိတ်
လွန်ခဲ့ပြီးသော ၃၁-ကမ္ဘာအထက်တွင် သိခီ,ဝေဿဘူ မြတ်စွာဘုရား
|
||||||||||
၂-ဆူ ပွင့်တော်မူခဲ့သော
မဏ္ဍကမ္ဘာဖြစ်ခဲ့၏။သိခီ,ဝေဿဘူ မြတ်စွာဘုရား၂-ဆူ ပွင့်တော်မူရာ မဏ္ဍကမ္ဘာကြီး
|
||||||||||
ကုန်ဆုံးပျက်စီးသွားပြီးနောက်
ဘုရားပွင့်တော်မူခြင်းမှ ဆိတ်သုန်းသော သုညကမ္ဘာပေါင်း(၂၉)ကမ္ဘာဖြစ်ပေါ်ခဲ့
|
||||||||||
ပြီး
အသီးသီးကုန်ဆုံးပျက်စီးသွားပြီးနောက်တွင် ဖြစ်လာသောကမ္ဘာကား(၁)ကကုသန္ဓမြတ်စွာဘုရား၊
|
||||||||||
(၂)ကောဏာဂမနမြတ်စွာဘုရား၊(၃)ကဿပမြတ်စွာဘုရား၊(၄)ဂေါတမမြတ်စွာဘုရား၊(၅)အရိမေတ္တေယျ
|
||||||||||
မြတ်စွာဘုရား ဟူသော မြတ်စွာဘုရား
ငါးဆူ ပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာပင်ဖြစ်ပါသည်။
|
||||||||||
(၁)ကကုသန္ဓမြတ်စွာဘုရား
|
||||||||||
ဤဘဒ္ဒကမ္ဘာတွင် အန္တရကပ်ပေါင်း
၆၄-ကပ်ရှိရာ(မယာရာဇဝင်ကြီးအလိုအားဖြင့်)၈-ခုမြောက်သောအန္တရ
|
||||||||||
ကပ်၌၊(မှန်နန်းရာဇဝင်အလိုအားဖြင့်)
ပထမ ၁-ခုမြောက်သောအန္တရကပ်၌ လူတို့၏သက်တမ်းသည် အသင်္ချေ
|
||||||||||
ယျတမ်းမှ တရွေ့ရွေ့ဆုတ်ယုတ်လာခဲ့ရာ
အနှစ်လေးသောင်း(၄၀၀၀၀)တမ်းသို့ရောက်လျှင်ကကုသန်မြတ်စွာ
|
||||||||||
ဘုရား
ပွင့်တော်မူခဲ့၏။ကကုသန်မြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌
ရှေးဦးပထမ
|
||||||||||
ပွင့်တော်မူသော
မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါစီးတော်ယာဉ်မှာအာဇာနည်မြင်း
|
||||||||||
ကသော ရထားယာဉ်၊ဒုက္ကရစရိယာ
အကျင့်မြတ်ကို ၈-လကြာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ
|
||||||||||
မဟာသိရီသရုက္ခဗောဓိ=ကုက္ကိုပင်ဗောဓိဖြစ်သည်။ကကုသန်မြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်
|
||||||||||
မှာ
အတောင်(၄၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၁၀-ယူဇနာအရပ်ထိ
ပျံ့နှံ့တော်မူ၏။
|
||||||||||
လူတို့၏သက်တမ်း အနှစ်
လေးသောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
|
||||||||||
သုံးသောင်းနှစ်ထောင်(၃၂၀၀၀)ရှိတော်မူသောအခါ
ခေမမည်သော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီး
|
||||||||||
ဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍
တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ တစ်လုံးတစ်ခဲ
|
||||||||||
တည်းကြွင်းကျန်တည်ရှိသော ဧကဂ္ဃနိက
အသမ္ဘိန္နဓာတ်တော်ကို ထိုခေမမည်သော အရာမ်ကြီးအတွင်း၌
|
||||||||||
တစ်ဂါဝုတ်မျှ အမြင့်ပမာဏရှိ
ဓာတုစေတီတည်ကာ ဌာပနာသွင်း၍ နတ်လူများစွာ သတ္တဝါတို့သည် မြတ်နိုး
|
||||||||||
ရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။
|
||||||||||
(၂)ကောဏာဂမနမြတ်စွာဘုရား
|
||||||||||
ကကုသန္ဓမြတ်စွာဘုရား
ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ်လေးသောင်းတမ်းမှ
|
||||||||||
တရွေ့ရွေ့ဆုတ်ယုတ်လာရာ
၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက် ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
|
||||||||||
အသက်အသင်္ချေယျတမ်းသို့
ဆိုက်ရောက်လာပြီးတဖန်ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့
|
||||||||||
၏ အသက်တမ်း
အနှစ်သုံးသောင်း(၃၀၀၀၀)တမ်းသို့ရောက်လျှင် ကောဏာဂုံမြတ်စွာဘုရားပွင့်တော်ခဲ့မူ၏။
|
||||||||||
ဘုရားတစ်ဆူနှင့် တစ်ဆူအကြား
မြေကြီးအထု ၁-ယူဇနာတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏)
|
||||||||||
ကောဏာဂုံမြတ်စွာဘုရားသည် ဘုရားငါးဆူ
ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ဒုတိယမြောက်
|
||||||||||
ပွင့်တော်မူသော
မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ ဆင်ယာဉ်
|
||||||||||
ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို
၆-လကြာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ ဥဒမ္ဗရ
|
||||||||||
ရုက္ခဗောဓိ=ရေသဖန်းပင်ဗောဓိဖြစ်သည်။ကောဏာဂုံမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်
|
||||||||||
မှာ
အတောင်(၃၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၃-ယူဇနာအရပ်ထိ ပျံ့နှံ့တော်မူ၏။
|
||||||||||
လူတို့၏သက်တမ်း အနှစ်
လေးသောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
|
||||||||||
နှစ်သောင်းလေးထောင်(၂၄၀၀၀)ရှိတော်မူသောအခါ
ပဗ္ဗတမည်သော အရာမ်ကြီးအတွင်း၌ပရိနိဗ္ဗာန်ဝင်စံချုပ်
|
||||||||||
ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါဓာတ်တော်များ
|
||||||||||
သည် အဓိဋ္ဌာန်တော်မူချက်အရ
အစိတ်စိတ်အမွှာမွှာကွဲပြားသွား၍ နတ်လူဗြဟ္မာ သတ္တဝါတို့သည် ဇဗ္ဗူဒိတ်
|
||||||||||
ကျွန်းလုံးအနှံ့
ဓာတုစေတီတော်များတည်ကာ ဌာပနာသွင်း၍ မြတ်နိုးရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။
|
||||||||||
(၃)ကဿပမြတ်စွာဘုရား
|
||||||||||
ကောဏာဂုံမြတ်စွာဘုရား
ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ်သုံးးသောင်းတမ်းမှ
|
||||||||||
တရွေ့ရွေ့ဆုတ်ယုတ်လာရာ
၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက် ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
|
||||||||||
အသက်အသင်္ချေယျတမ်းသို့
ဆိုက်ရောက်လာပြီးတဖန်ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့
|
||||||||||
၏ အသက်တမ်း
အနှစ်နှစ်သောင်း(၂၀၀၀၀)တမ်းသို့ရောက်လျှင် ကဿပမြတ်စွာဘုရားပွင့်တော်ခဲ့မူ၏။
|
||||||||||
ဘုရားတစ်ဆူနှင့် တစ်ဆူအကြား
မြေကြီးအထု ၁-ယူဇနာတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏)
|
||||||||||
ကဿပမြတ်စွာဘုရားသည် ဘုရားငါးဆူ
ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ တတိယမြောက်
|
||||||||||
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ
စီးတော်ယာဉ်မှာစံနန်းပြာဿဒ်
|
||||||||||
ယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ
အကျင့်မြတ်ကို ၇-ရက်မျှသာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ နိဂြောဓ
|
||||||||||
ရုက္ခဗောဓိ=ပညောင်ပင်ဗောဓိဖြစ်သည်။ကဿပမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်မှာအတောင်
|
||||||||||
(၂၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော
ရောင်ခြည်တော်မှာ ၁-ယူဇနာမျှအရပ်ထိ ပျံ့နှံ့တော်မူ၏။ထိုအခါ
|
||||||||||
လူတို့၏သက်တမ်း အနှစ်
နှစ်သောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
|
||||||||||
တစ်သောင်းခြောက်ထောင်(၁၆၀၀၀)ရှိတော်မူသောအခါ
ကာသိတိုင်း၊သေတဗျမြို့အနီး သေတဗျမည်သော
|
||||||||||
ဥယျာဉ်ကြီးအတွင်း၌
ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍
တေဇောဓာတ်
|
||||||||||
လောင်ကျွမ်းပြီးသောအခါ တစ်လုံးတစ်ခဲ
တည်းကြွင်းကျန်တည်ရှိသော ဧကဂ္ဃနိက အသမ္ဘိန္နဓာတ်တော်ကို
|
||||||||||
ဇဗ္ဗူဒိတ်သူ ဗိုလ်လူအများသည်
တစ်ချပ်တစ်ချပ်လျှင် အဖိုးများစွာထိုက်သော ရတနာဖြင့်ပြီးသောအုတ်တို့ဖြင့်
|
||||||||||
တစ်ယူဇနာအမြင့်ရှိသော
စေတီတော်ကြီးတည်ကာ ဌာပနာသွင်း၍ နတ်လူများစွာ သတ္တဝါတို့သည် မြတ်နိုး
|
||||||||||
ရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။
|
||||||||||
(၄)ဂေါတမမြတ်စွာဘုရား
|
||||||||||
ကဿပမြတ်စွာဘုရား
ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ် နှစ်သောင်းတမ်းမှ
|
||||||||||
တရွေ့ရွေ့ဆုတ်ယုတ်လာရာ
၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက် ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
|
||||||||||
အသက်အသင်္ချေယျတမ်းသို့
ဆိုက်ရောက်လာပြီးတဖန်ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့
|
||||||||||
၏ အသက်တမ်း
အနှစ်တစ်ရာ(၁၀၀)တမ်းသို့ရောက်လျှင် ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရား
|
||||||||||
ပွင့်တော်မူခဲ့၏။ဘုရားတစ်ဆူနှင့်
တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာခွဲတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏)
|
||||||||||
ကျွန်တော်တို့ကိုးကွယ်သော
ဂေါတမမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ စတုတ္ထ
|
||||||||||
မြောက်ပွင့်တော်မူသောမြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါစီးတော်ယာဉ်မှာကဏ္ဍက
|
||||||||||
မည်သောအာဇာနည်မြင်းယာဉ်ဖြစ်ပြီး
ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-နှစ်အထိကျင့်တော်မူ၍ မှီ၍ပွင့်သော
|
||||||||||
ဗောဓိပင်မှာ
အဿတ္တရုက္ခဗောဓိ=ညောင်ဗုဒ္ဓဟေပင်ဗောဓိဖြစ်သည်။ဂေါတမမြတ်စွာဘုရား၏အရပ်တော်
|
||||||||||
(ဉာဏ်တော်)အမြင့်မှာ (၁၈)တောင်ဖြစ်သည်။ကိုယ်တော်မှထွက်သောရောင်ခြည်တော်မှာယူဇနာလေးထောင်
|
||||||||||
အရပ်ထိ ပျံ့နှံ့တော်မူ၏။
လူတို့၏သက်တမ်း အနှစ် တစ်ရာတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော
|
||||||||||
အသက်တော် အနှစ်(၈၀)ရှိတော်မူသောအခါကုသိနာရုံပြည်အနီးမလ္လာမင်းတို့၏အင်ကြင်းဥယျာဉ်ကြီးအတွင်း
|
||||||||||
၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍တေဇောဓာတ်လောင်ကျွမ်းပြီးသော
|
||||||||||
အခါ ဓာတ်တော်များသည်
အဓိဋ္ဌာန်တော်မူချက်အရအစိတ်စိတ်အမွှာမွှာကြွင်းကျန်ရစ်သောဓာတ်တော်များကို
|
||||||||||
၇-ပြည်ထောင်မင်းတို့ အညီအမျှ
ခွဲဝေယူကြပြီးနောင်သော်ဇဗ္ဗူဒီပါကျွန်းအရပ်ရပ်ပျံ့နှံ့သွားကာဇဗ္ဗူဒီပါကျွန်းသူ
|
||||||||||
လူအများတို့သည်
ဓာတုစေတီတော်များတည်ကာ ဌာပနာသွင်း၍ မြတ်နိုးရိုသေစွာ ကိုးကွယ်ပူဇော်ကြ
|
||||||||||
လေကုန်၏။
|
||||||||||
ကျွန်တော်တို့ကိုးကွယ်သော
ဂေါတမမြတ်စွာဘုရားသည် ဆုတ်ကပ်ကာလလူတို့၏အသက် တစ်ရာတမ်း၌
|
||||||||||
ပွင့်တော်မူခဲ့ပြီး
ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သဖြင့် သက်တမ်းအတိုဆုံး
ဘုရားဖြစ်၏။မြတ်စွာဘုရားရှင်တို့ ပွင့်တော်
|
||||||||||
မူမြဲဖြစ်တော်မူသော ခေတ်ကာလမှာ
သက်တမ်းဆုတ်ယုတ်နေသောဆုတ်ကပ်(အာယုဟာယနကပ်)ကာလ၌
|
||||||||||
ပွင့်တော်မူမြဲဖြစ်၏။သက်တမ်းတက်ကပ်(အာယုဝဍ္ဎနကပ်)ကာလ၌ကားပွင့်တော်မမူကြပေ။သက်တမ်းဆုတ်
|
||||||||||
ယုတ်သောအခါ လူတို့၏အသက်
တစ်သိန်းတမ်းနှင့် အသက် တစ်ရာတမ်းအတွင်းသာ ပွင့်တော်မူမြဲဖြစ်၏။
|
||||||||||
အကြောင်းမူကား သက်တမ်း
တစ်သိန်းအထက်၌ လူတို့၏သက်တမ်း လွန်စွာရှည်လျားသောအခါ ဖြစ်၍ မြတ်
|
||||||||||
စွာဘုရား တရားဟောသော်လည်း
အနိစ္စသဘောလက္ခဏာ၊ဒုက္ခသဘောလက္ခဏာ၊အနတ္တသဘောလက္ခဏာ
|
||||||||||
တို့ကို
မမြင်နိုင်ကြလေကုန်။လူတို့၏အသက် တစ်ရာတမ်းအောက်၌ သတ္တဝါတို့ လောဘ၊ဒေါသ၊မာန၊ဣသာ၊
|
||||||||||
မစ္ဆရိယ စသော အကုသိုလ်
ကိလေသာတရားများလွန်စွာထူပြောများပြာလှသောကြောင့် မြတ်စွာဘုရား
|
||||||||||
ဟောကြားသော တရားတော်ကို
ဉာဏ်ရနိုင်ခြင်းမရှိကြလေကုန်။ထိုသို့ဖြစ်သောကြောင့် လူတို့၏အသက်
|
||||||||||
တစ်သိန်းတမ်းအထက်နှင့်
တစ်ရာတမ်းမှအောက် မြတ်စွာဘုရားများပွင့်တော်မမူကြခြင်းဖြစ်လေသည်။
|
||||||||||
ဂေါတမမြတ်စွာဘုရားရှင်
ထားတော်မူခဲ့သော သာသနာတော်သည်ကား အနှစ်ငါးထောင်(၅၀၀၀)တည်လိမ့်
|
||||||||||
မည်။
|
||||||||||
(၅)အရိမေတ္တေယျမြတ်စွာဘုရား
|
||||||||||
ဂေါတမမြတ်စွာဘုရား
ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ် နှစ်တစ်ရာတမ်းမှ
|
||||||||||
တရွေ့ရွေ့ဆုတ်ယုတ်လာရာ
၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက် ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
|
||||||||||
အသက်အသင်္ချေယျတမ်းသို့ဆိုက်ရောက်လာပြီးတဖန်ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့
|
||||||||||
၏ အသက်တမ်း
အနှစ်ရှစ်သောင်း(၈၀၀၀၀)တမ်းသို့ရောက်လျှင် အရိမေတ္တေယျမြတ်စွာဘုရားပွင့်တော်မူလိမ့်
|
||||||||||
မည်။
|
||||||||||
အရိမေတ္တေယျ မြတ်စွာဘုရားသည်
ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ပဉ္စမမြောက် နောက်ဆုံး
|
||||||||||
ပွင့်တော်မူမည့်
မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ စံနန်းပြာဿဒ်
|
||||||||||
ပျံယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို
၆-ရက်မျှသာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ နာဂ
|
||||||||||
ရုက္ခဗောဓိ=ကံ့ကော်ပင်ဗောဓိဖြစ်မည်။ကဿပမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်မှာ
အတောင်
|
||||||||||
(၈၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော
ရောင်ခြည်တော်မှာ အလိုတော်ရှိတိုင်း ဖြန့်ကျက်တော်မူနိုင်လိမ့်မည်။
|
||||||||||
ထိုအခါလူတို့၏သက်တမ်း အနှစ်
ရှစ်သောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
|
||||||||||
ခြောက်သောင်းလေးထောင်(၆၄၀၀၀)ရှိတော်မူသောအခါ
ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူလိမ့်မည်။
|
||||||||||
ပရိနိဗ္ဗာန်ဝင်စံတော်မူ၍
တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ ကြွင်းကျန်ရစ်သောဓာတ်တော်များကိုလည်း
|
||||||||||
နတ်လူအပေါင်းတို့သည် စေတီများတည်ကာ
ဌာပနာသွင်း၍ ရိုသေမြတ်နိုးစွာ ကိုးကွယ်ပူဇော်ကြလိမ့်မည်ပင်
|
||||||||||
ဖြစ်ပေသတည်း။အရိမေတ္တေယျမြတ်စွာဘုရားထားတော်မူခဲ့သော
သာသနာတော်သည်ကား အနှစ်သုံးသိန်း
|
||||||||||
ရှစ်သောင်း(၃၈၀၀၀၀)ဖြစ်လိမ့်မည်။
|
||||||||||
ယခုကျွန်တော်တို့နေထိုင်ရာ ဤ
ကမ္ဘာကား မြတ်စွာဘုရား ငါးဆူအထိပွင့်တော်မူမည့် ဘဒ္ဒကမ္ဘာဖြစ်ပါ
|
||||||||||
သဖြင့် လွန်စွာမှ ကုသိုလ်ထူး
လူဖြစ်ရကျိုးနပ်ပါ၏။ ကုန်ဆုံးပျက်စီးခဲ့သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
|
||||||||||
အထက်တွင် မြတ်စွာဘုရားရှင်
ငါးဆူအထိပွင့်တော်မူမည့် တစ်ခုတည်းသောကမ္ဘာဖြစ်ပါ၍ မြတ်စွာဘုရား
|
||||||||||
သူတော်ကောင်းတရား
ငါးကြိမ်တိတိနာကြားခွင့်ကြုံပါသည်။ခဏဖြစ်ရ,လူ့ဘဝ အနှစ်ရအောင်ကြိုးစားကြဖို့ရန်
|
||||||||||
တိုက်တွန်းလိုက်ရပါသည်။
|
||||||||||
ဤစာစုကို
အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ဝိနယပါရဂူ၊သာ-သီ-ဓ၊ဂဏဝါစက၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)
|
||||||||||
ရေးသားတော်မူသော“မြတ်ဘုရားရှင်
နှစ်ကျိပ်ကိုးဆူဝင်”ကျမ်းစာအား မှီငြမ်းရေးသားပါသည်။
|
Tags: ဘုရားငါးဆူ,ဂါထာ
thein.hlaing1970@gmail.com
Dr.
Thein Hlaing(B.D.S.,Ygn.)