Tuesday, September 2, 2014

အဝေးပြေးလမ်းမကြီးများပေါ်တွင် လိုက်နာရမည့်အချက်များ( To be obeyed markings on the ways)






      အဝေးပြေး လမ်းမကြီးများပေါ်တွင် တစ်နာရီမိုင်လျှင် မိုင်၆၀(ကီလိုမီတာ၁၀၀ခန့်)ထက် ပိုပြီး 
မမောင်းသင့် သလို တစ်နာရီမိုင် ၃၀(၄၈ကီလိုမီတာ)အောက်လည်း လျှော့၍ မမောင်းသင့်ပေ။
စံအဖြစ်သတ်မှတ်ထားသော နှုန်းမှာ




၁။မြို့၏နယ်နိမိတ်အတွင်းအမြန်နှုန်းကို တစ်နာရီလျှင် ၄၈ကီလိုမီတာ(၃၀မိုင်)ထက်ပိုမမောင်းရ။
၂။ မြို့၏နယ်နိမိတ်ပြင်ပ၌ အမြန်နှုန်းကို တစ်နာရီလျှင် ၈၀ကီလိုမီတာ(၅၀မိုင်)ထက်ပိုမမောင်းရ။
၃။မြို့၏နယ်နိမိတ်အတွင်းနှစ်လမ်းမောင်း(ယာဉ်ကြောသုံးကြောစီရှိပါက)လက်ဝဲစွန်းယာဉ်ကြောတွင် 
   တစ်နာရီလျှင် ၆၄ကီလိုမီတာ(၄၀မိုင်)အထိ မောင်းနှင်နိုင်သည်။


အထူးမှတ်ရန်။   ။ယာဉ်မောင်းသူသည် သတ်မှတ်ထားသည့်အမြန်နှုန်းထက်ပို၍ မိမိယာဉ်ကိုမမောင်း
နှင်ရပါ။သို့မှသာ စည်းကမ်းလိုက်နာ ဘေးကင်းကွာ လိုရာခရီးကို အန္တရာယ်ကင်းဘေးရှင်းစွာသွားလာ
နိုင်ပါလိမ့်မည်။ ထို့ပြင် မိမိခြံဝင်းမှ ယာဉ်ကိုမောင်းပြီးထွက်လျှင် လမ်းမကြီးပေါ်သို့ နောက်ဆုတ်ပြီး 
မထွက်ပါနဲ့။အတည့်ထွက်ပါ။ နောက်ဆုတ်ထွက်လျှင် လမ်းမကြီးပေါ်တွင် သွားလာနေကြသော လမ်း
အသုံးပြုသူများအား မိမိအတွက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေသည့်အပြင် အန္တရာယ်လည်း 
မကင်းချေ။မိမိခြံဝင်းသည် ယာဉ်ကို လိုအပ်သလို လှည့် ၍မရပါက ယာဉ်ကို သိမ်းဆည်းစဉ်တွင် 
နောက်ဆုတ်၍ အတည့်အတိုင်းသိမ်းဆည်းသင့်ပေ၏။သို့မှသာ အိမ်မှ ထွက်လျှင် အတည့်အတိုင်း
ထွက်နိုင်ပြီး မိမိသူတစ်ပါးစိတ်အနှောင့်အယှက်ကင်းစွာ သွားလာနိုင်ပေလိမ့်မည်။

    တစ်နာရီမိုင်နှုန်း       လူ၏တုံ့ပြန်မှု      ဘရိတ်အုပ်မှု    စုစုပေါင်းကြာချိန်
         ၂၀ မိုင်          ၂၂ ပေ          ၃၀ ပေ           ၅၂ ပေ
         ၄၀ မိုင်          ၄၄ ပေ          ၁၂၀ ပေ           ၁၆၄ ပေ
         ၆၀ မိုင်          ၆၆ ပေ          ၂၇၀ ပေ           ၃၃၆ ပေ
တစ်နာရီကီလိုမီတာနှုန်း       လူ၏တုံ့ပြန်မှု      ဘရိတ်အုပ်မှု    စုစုပေါင်းကြာချိန်
  ၃၂.၁၉ ကီလိုမီတာ    ၆.၇၁ မီတာ(၂၂ပေ)   ၉.၁၄ မီတာ(၃၀ပေ)  ၁၅.၈၅မီတာ(၅၂ပေ)
  ၆၄.၃၇ ကီလိုမီတာ  ၁၃.၄၁ မီတာ(၄၄ပေ) ၃၆.၅၈ မီတာ(၁၂၀ပေ) ၄၉.၉၉ မီတာ(၁၆၄ပေ)
  ၉၆.၅၆ ကီလိုမီတာ  ၂၀.၁၂ မီတာ(၆၆ပေ) ၈၂.၂၉ မီတာ(၂၇၀ပေ) ၁၀၂.၄၁ မီတာ(၃၃၆ပေ)









        အမြန်လမ်းမကြီးများပေါ်တွင် အကြောင်းတစ်စုံတစ်ရာပေါ်၍ ယာဉ်ကိုရပ်တန့်မည်ဟု စိတ်ကူး
လိုက်သည်နှင့်တစ်ပြိုင်နက် ဘရိတ်ဖမ်းအုပ်ပါက မိမိယာဉ်၏ မြန်နှုန်းအတိုင်း ယာဉ်ရပ်တန့်မည့်နေရာ
သည် ကွာဟမှုရှိသည်ကို အမြဲသတိရှိနေရပါမည်။အကယ်၍သင်သည် အမြန်လမ်းမကြီးများပေါ်တွင် 
တစ်နာရီမိုင် ၆၀-နှုန်း(ကီလိုမီတာ ၁၀၀ခန့်)ဖြင့်သွားနေသည်ဆိုပါက အကြောင်းတစ်စုံတစ်ရာပေါ်၍
ယာဉ်ကို ရပ်တန့်မည်ဟုစိတ်ကူးလိုက်သည်နှင့်တစ်ပြိုင်နက် ယာဉ်သည် ရှေ့သို့ ၆၆-ပေ(၂၀မီတာ)
ခန့်လျှောတိုက်ပါသွားပြီး ဘရိတ်ဖမ်းလိုက်သည်နှင့်တစ်ပြိုင်နက် နောက်ထပ် ရှေ့သို့ ၂၇၀-ပေ
(၈၂မီတာခန့်)ရောက်ရှိသွားမည်ဖြစ်၍ ယာဉ်ကိုရပ်တန့်ရန် စုစုပေါင်း ၃၃၆-ပေ(၁၀၂မီတာခန့်)သို့
ရောက်မှသာ ရပ်တန့်သွားပေလိမ့်မည်။သို့မို့ကြောင့် အမြန်လမ်းမကြီးများပေါ်တွင် တစ်နာရီ မိုင် ၆၀
(၁၀၀-ကီလိုမီတာခန့်)အထက်ကျော်၍ မောင်းနှင်မည်ဆိုပါက အချိန်မရွေး အန္တရာယ်နှင့်ရင်ဆိုင်ရနိုင်
ချေများပေမည်ဖြစ်သဖြင့် အရှိန်ကိုထိန်းသိမ်းနိုင်သည့် အမြန်နှုန်းဖြင့်သာမောင်းနှင်သင့်ပေ၏။ယင်းသို့
မိမိယာဉ်၏အရှိန်ကို မိမိထိန်းသိမ်းနိုင်သည့် အရှိန်အလျင်ဖြင့် မောင်းနှင်ပါက အရေးကြုံလျှင်ယာဉ်ကို
လွယ်လင့်တကူ ရပ်တန့်နိုင်ရုံမျှမက ဘရိတ်ခ်ကိုညင်သာစွာအသုံးပြုနိုင်ပေမည်။ဘရိတ်ခ်ကို ညင်သာ
စွာအသုံးပြုသဖြင့် ဘရိတ်ခ်အုပ်ခြင်းကြောင့်ဖြစ်ပေါ်သော အပူစွမ်းအင်သည် လိုသလောက်သာ ထွက်
ရသဖြင့် ဘရိတ်ခ်ဒရမ် အတွင်းမျက်နှာပြင် အပူရှိန်သက်သာသဖြင့် ဘရတ်ခ်ရှူးများအစားမြန်ခြင်းမှ
သက်သာကာ ယာဉ်၏အန္တရာယ်ကင်းရှင်းပေလိမ့်မည်။ဘရိတ်ခ်ဒရမ်များ၏အနေအထားမှာ ဘရိတ်
ရှူးများနှင့် အလွန်နီးကပ်စွာရှိနေပြီး(ထိခြင်းမရှိ) ဘီးနှင့်အတူလိုက်လည်နေကာ ဘရိတ်ခ်လိုင်နင်
သည် ဘရိတ်ခ်ဒရမ်၏ အတွင်းမျက်နှာပြင်နှင့် ထိကပ်လျှက်ပွတ်တိုက်ပြီး ဘရိတ်ခ်အုပ်လိုက်သည့်
အခါ ပွတ်မှုအားကြောင့် ဖြစ်ပေါ်လာသောအပူမှာ 200ံC(392ံF) မှ300ံC(572ံF) ခန့်အထိရောက်
ရှိနိုင်သည်။သို့ကြောင့် ဘရိတ်ခ်အုပ်ဖန်များလျှင် ဘရိတ်ခ်ပေါက်ခြင်းမှအန္တရာယ်ဖြစ်ခြင်း၊တာယာပါး
ခြင်းတို့ဖြစ်ရကာဘီးပေါက်ခြင်းအန္တရာယ်တို့ အချိန်မရွေးကြုံတွေ့နိုင်ပါသည်။ဤအချက်များကို သိရှိ
ထားပါမှ ဘရိတ်ကို အားပြင်းပြင်းနှင့်ကြိမ်ဖန်များစွာအုပ်မိခြင်းဘေးမှာကင်းစင်ရကာ ယာဉ်ကြောင့်
ဖြစ်သောအန္တရာယ်မှ ကင်းဝေးပါလိမ့်မည်။ထို့ကြောင့် မိမိ မောင်းနှင်နေသော အရှိန်အရ ယာဉ်ကို 
အရေးပေါ်ရပ်တန့်နိုင်စေရန် အထက်ဇယားတွင် ပြထားသည့် အတိုင်း ဂရုစိုက်လေ့လာမှတ်သားပါ။
သို့မှသာလျှင် မိမိမောင်းနှင်နေသော အရှိန်အလျင်အရ ဘရိတ်ခ် ဖမ်းအုပ်လိုက်သည်နှင့် ယာဉ်၏ရှေ့
မြင်ကွင်း မည်မျှအကွာအဝေးရောက်လျှင်(မိမိရပ်တန့်စေလိုသော အကွာအဝေးသို့ရောက်စေလိုလျှင်)
ရပ်တန့်သွားနိုင်မည်ကို ခန့်မှန်းနိုင်မည်ဖြစ်ကာ ယာဉ်မှဖြစ်သော ဘေးရော မိမိအမှားကြောင့် အခြား 
လမ်းအသုံးပြုသူများနှင့် မိမိကိုအမှီပြု၍ စီးနင်းလိုက်ပါလာကြသော အပေါင်းအဖော်မိတ်ဆွေများ၊ခရီး
သည်များအားလုံး ဘေးအန္တရာယ်အသွယ်သွယ်မှလွတ်ကင်းစင်ရပြီး မိမိလိုရာခရီးသို့ ကိုယ်စိတ်နှလုံး
ရွှင်လန်းချမ်းမြေ့စွာ ရောက်ရပါလိမ့်မည်။






DR. Thein Hlaing(B.D.S.,Ygn.,F.I.C.D.,U.S.A)

www.drtheinhlaingtaze.blogspot.com
thein.hlaing1970@gmail.com

No comments:

Post a Comment