| လမ်းပေါ်တွင် မိမိယာဉ်ကြောင့် အခြားလမ်းအသုံးပြုသူများအား စိတ်အနှောင့်အယှက်၊ | |||||||
| အန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေပဲ မိမိ၏ယာဉ်ကို လုံခြုံစိတ်ချအန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရ | |||||||
| ပါမည်။ယာဉ်ပေါ်သို့မတက်မီ အောက်ပါတို့ကို ဦးစွာစစ်ဆေးပါ။ | |||||||
| ၁။ဘရိတ် | |||||||
| ၂။မီးများ(ရှေ့မီးကြီး၊ဘေးမီးငယ်၊ဘရိတ်မီး၊အချက်ပြမီး၊နောက်နံပါတ်ပြားမီး) | |||||||
| ၃။ဟွန်း | |||||||
| ၄။တာယာကောင်း/မကောင်း၊လေညီ/မညီ | |||||||
| ၅။စတီယာရင်ကောင်း/မကောင်း | |||||||
| ၆။ဂီယာကောင်း/မကောင်း | |||||||
| ၇။နောက်ကြည့်မှန် | |||||||
| ၈။ဆီ၊ရေ၊လေ၊ဝိုင် ပြည့်စုံမှု ရှိ/မရှိ | |||||||
| ၉။ယာဉ်မောင်းလိုင်စင် | |||||||
| ၁၀။မှတ်ပုံတင် သက်သေခံလက်မှတ် | |||||||
| ၁၁။မိုးတွင်းအခါ ရေသုတ်ကိရိယာ ကောင်း/မကောင်း | |||||||
| အထက်ပါအချက်များ အားလုံ OK ပြည့်စုံမှသာ ယာဉ်ပေါ်သို့တက်ပါ။ထိုသို့ စစ်ဆေးပြီးပါက | |||||||
| မိမိသွားလိုသော ခရီးလမ်းသို့ သတိဖြင့်အန္တရာယ်ကင်းစွာ မောင်းနှင်ရာတွင် လုံခြုံစိတ်ချရအောင် | |||||||
| ခါးပတ်လည်း ပတ်ဖို့မမေ့ပါနဲ့။ယာဉ်မောင်းစဉ်လမ်းပေါ်တွင် အမိန့်ပေးညွှန်ကြားချက်များ၊သတိပေး | |||||||
| ချက်များ၊တားမြစ်ချက်များကို တိကျစွာ လိုက်နာပါ။ | |||||||
| ပုံတွင်ပြထားသည့်အတိုင်းယာဉ်ကြောများရှိရာ မိမိအတွက်အတွက်လုံခြုံစိတ်ချရသောလမ်းကြောကို | |||||||
| အသုံးပြုပါ။ယာဉ်ကြောနှစ်ကြောရှိလျှင် အတွင်းဘက် ယာဉ်ကြောသည်မိမိအတွက် စိတ်ချရ၏။ | |||||||
| လက်ယာဘက်အပြင်ယာဉ်ကြော၌ ရပ်မည့်ယာဉ်များ၊ရပ်တားသည့်ယာဉ်များ၊ဘတ်စ်ကားမှတ် | |||||||
| တိုင်တွင် ခရီးသည်အတင်အချများသည့် ဘတ်စ်ကားများ၊လက်ယာဘက်သို့ချိုးကွေ့မည့်ယာဉ် | |||||||
| များ ရှိနေတတ်သောကြောင့် အတွင်းကြောကို ရွေး၍ မောင်းနှင်ခြင်းက မိမိအတွက်အဆင်ပြေစေ | |||||||
| ပါမည်။ယာဉ်ကြော သုံးကြောရှိလျှင် အလယ်ကြောကို ရွေးပါ။အတွင်းဘက် ဘယ်အစွန်ကြော | |||||||
| သည် ဘယ်ကွေ့မည့်ယာဉ်များရှိသည်ကို သတိပြုပါ။ယာဉ်ကြော လေးကြောရှိလျှင်လက်ဝဲဘက် | |||||||
| အတွင်းကြောမှ ဒုတိယကြောကို ရွေးပါ။လက်ယာအစွန်ကြောတွင် ရပ်ထားသောယာဉ်များရှိ | |||||||
| တတ်ခြင်းတို့ကြောင့် ဘတ်စ်ကားများသည် လက်ယာဒုတိယကြောပေါ်၌ ခရီးသည်အတင်အချ | |||||||
| ပြုတတ်ခြင်းများကြောင့် မိမိအတွက် အဆင်မပြေမှုများရှိတတ်၏။ယာဉ်ကြော ငါးကြောရှိလျှင် | |||||||
| အလယ်ကြောကို အသုံးပြုခြင်းက အသင့်တော်ဆုံးဖြစ်ပါမည်။ယင်းသို့ မိမိယာဉ်ကြောအတိုင်း | |||||||
| မောင်းနှင်ရာတွင် တည့်တည့်မတ်မတ်မောင်းနှင်ပါ။ယာဉ်ကြောမျဉ်းကိုခွ၍မောင်းခြင်းမှ ရှောင်ပါ။ | |||||||
| ထို့အပြင် မိမိယာဉ်ကြောအတိုင်းမောင်းနေစဉ် မည်သည့်အချက်ပြမှု တစ်စုံတစ်ရာရှိသည်ဖြစ်စေ/ | |||||||
| မရှိသည်ဖြစ်စေ မိမိ၏ယာဉ်ရှေ့သို့ ဖြတ်ဝင်လာသောယာဉ်ကိုတွေ့သဖြင့် မိမိယာဉ်အား အခြား | |||||||
| ယာဉ်ကြောသို့ ရှောင်တိမ်းခြင်းမပြုပါနှင့်။အချိန်မီ အရှိန်လျှော့နိုင်ပါက ဘရိတ်တစ်ချက်တော့၍ | |||||||
| ထိန်းသိမ်းပါ။ဘရိတ်အရှိန်သတ်ချိန်မရ၍ဖြတ်ဝင်လာသောယာဉ်အားတိုက်မိသဖြင့် မိမိအမှား တစ်စုံ | |||||||
| တစ်ရာမရှိ။ထိုသို့မဟုတ်ပဲ မိမိသည်အခြားယာဉ်ကြောသို့ ရှောင်လိုက်ပါမှ ခြားယာဉ်ကြောရှိ ယာဉ်မှ | |||||||
| မိမိယာဉ်အားဖြတ်တိုက်ခံရမည့်အပြင် မိမိလမ်းမှားသွားပြီဆိုသည်ကို သတိပြုပါ။။ဤကဲ့သို့ အမှားမျိုး | |||||||
| မကြုံတွေ့ရလေအောင် ယာဉ်မောင်းနှင်နေစဉ် လမ်းတစ်လျှောက်ရှိ မြေပြင်အမှတ်အသားများ၊ | |||||||
| လမ်းညွှန်အမှတ်အသားများကို ကောင်းစွာမှတ်သားပြီးအမိန့်ပေးညွှန်ကြားချက်များ၊သတိပေးချက် | |||||||
|်များနှင့်တားမြစ်ချက်များကို တိကျစွာလိုက်နာပြီး မောင်းနှင်သင့်ပေ၏။အစိမ်းရောင်အမှတ်အသား | |||||||
| တွေ့က အန္တရာယ်ကင်းရှင်းကြောင်းကိုပြ၏။အပြာရောင်အမှတ်အသားတွေ့က အမိန့်ပေးလမ်းညွှန် | |||||||
| ချက်များဟုသိပါ။အဝါရောင်အမှတ်အသားတွေ့က အန္တရာယ်ရှိကြောင်း၊သတိဖြင့်သွားစေလိုကြောင်း | |||||||
| သတိပေးချက်ကိုပြ၏။အနီရောင်အမှတ်အသားတွေ့က မဖြတ်ရ၊မသွားရ၊သတ်မှတ်ထားသည့်အရှိန် | |||||||
| ထက်ကျော်၍ မမောင်းနှင်ရဟုဆိုသည့် တားမြစ်ချက်ဖြစ်ကြောင်း ကောင်းစွာနားလည်ထားရပါမည်။ | |||||||
| သို့ကြောင်း ယာဉ်ကြောလမ်းတစ်လျှောက်ရှိ မြေပြင်အမှတ်အသား၊လမ်းရှိ အမိန့်ပေးညွှန်ကြားချက် | |||||||
| များ၊ သတိပေးချက်များနှင့်တားမြစ်ချက်များကို ယာဉ်မောင်းနှင်နေစဉ် အမြဲသတိရှိနေပါစေ။။နှစ်လမ်း | |||||||
| မောင်းယာဉ်သွားလမ်း၏ အလယ်ကြောတွင်မျဉ်းပြတ်အမှတ်အသားတွေ့ပါက ဖြတ်ကျော်၍ကွေ့နိုင် | |||||||
| သကဲ့သို့ “ဂ”ကွေ့လည်းကွေ့နိုင်သည်။တစ်လမ်းမောင်းလမ်းတွင်မူ မျဉ်းပြတ်ကို ဖြတ်၍ ယာဉ်ကြော | |||||||
| ကူးပြောင်း နိုင်သည်။အန္တရာယ်ကင်းရှင်းလျှင် မျဉ်းပြတ်ကိုဖြတ်၍ ရှေ့ယာဉ်ကို ကျော်တက်နိုင်သည်။ | |||||||
| မျဉ်းပြတ်ကို ခွ၍မမောင်းရပါ။အကယ်၍ယာဉ်ကြောများကို သတ်မှတ်သည့် မျဉ်းဖြူအမှတ်အသား | |||||||
| သည် တစ်ဆက် တည်းရှိနေပါက ၎င်းမျဉ်းကို ဖြတ်ကျော်၍ မမောင်းရ၊“ဂ”ကွေ့မကွေ့ရပါ။၎င်းမျဉ်းကို | |||||||
|ိုဖြတ်၍ ရှေ့မှယာဉ် ကိုလည်း လုံးဝ ကျော်တက်ခြင်းမပြုရသကဲ့သို့ ခွ၍လည်းမမောင်းနှင်ရပါ။အကယ် | |||||||
| ၍ မျဉ်းပြိုင်နှစ်ကြောင်းဆွဲထားသည်ကိုတွေ့ပါက လုံးဝမဖြတ်ကျော်ရ၊“ဂ”ကွေ့မကွေ့ရ၊ခွ၍လည်း | |||||||
| မမောင်းနှင်ရပါ။ရှေ့မှယာဉ် ကိုလည်း လုံးဝကျော်တက်ခြင်းမပြုပါနဲ့။ယာဉ်ရပ်ဆိုင်းခြင်း၊နားခြင်းလည်း | |||||||
| လုံးဝမပြုမိပါစေနဲ့။အကယ်၍ မျဉ်းပြိုင်နှစ်ကြောင်းတွင် မိမိမောင်းနှင်သောဘက်မှ မျဉ်းသည် မျဉ်းပြတ် | |||||||
|်ဖြစ်ပါက မျက်နှာခြင်းဆိုင်လာ သောဘက်မှ ယာဉ်အန္တရာကင်းရှင်းပါလျှင် အလယ်မျဉ်းပြိုင်ကို ဖြတ် | |||||||
| ကျော်၍ ကွေ့နိုင်ပါသည်။သို့သော် “ဂ”ကွေ့မကွေ့ရသကဲ့သို့ ရှေ့မှယာဉ်ကိုလည်း မကျော်တက်ရပါ။ | |||||||
| အကြောင်းတစ်စုံတစ်ရာပေါ်၍ ယာဉ်ကြောပြောင်းလိုက မိမိပြောင်းလိုသောဘက်သို့ အချက်ပြပါ။ | |||||||
| မိမိပြောင်းလိုသောယာဉ်ကြောတွင် ယာဉ်အသွားအလာလွတ်ကင်းချိန်စောင့်သွား၍ ကူးပြောင်းပါ။ | |||||||
| အကြောင်းတစ်စုံတစ်ရာပေါ်၍ ရှေ့ယာဉ်အားကျော်တက်လိုက အချက်ပြလမ်းတောင်ပြီး ယာဉ် | |||||||
| အသွားအလာကင်းရှင်းချိန်တွင် ကျော်တက်ကာ မိမိကျော်သောယာဉ်အားအနှောင့်အယှက်မဖြစ် | |||||||
| စေဘဲ လွတ်လွတ်ကင်းကင်းဖြင့် မိမိယာဉ်ကြောသို့ပြန်လည်ဝင်ပါ။အဝိုင်းပတ်ရာ၌ ယာဉ်ကြော | |||||||
| လေးကြောရှိရာ လက်ယာအစွန်ကြောသည် အလွတ်(Free)ကြော၊လက်ယာဒုတိယကြောသည် | |||||||
| ဘတ်စ်ကားအသွားအလာများသည့်အကြောနှင့် အတွင်းဘက်ဆုံးအကြောသည် အဝိုင်းပတ်လာ | |||||||
| သော ယာဉ်များနှင့်ကြုံတွေ့ရတတ်သဖြင့် မိမိအတွက် အဆင်အပြေဆုံးမှာ အတွင်းဘက် ဒုတိယ | |||||||
| ကြောဖြစ်ပြီး အဝိုင်းကို လုံခြုံစိတ်ချအန္တရာယ်ကင်းစွာဖြင့် ပတ်နိုင်ပါလိမ့်မည်။အဝိုင်းပတ်လာသော | |||||||
| ယာဉ်အားဦးစားပေးပြီး ယာဉ်ကြောရှင်းမှ အဝိုင်းပတ်ပါ။ | |||||||
| ပုံတွင် အဝိုင်းတစ်ခု၌ ကားများ သွားလာနေပုံပြထား၏။ညာအစွန်ကြောသည် ညာဘက်သို့ | |||||||
| အဝိုင်းမှပတ်လာသော ယာဉ်ကင်းရှင်းနေလျှင် စိတ်ချစွာ ချိုးကွေ့သွားနိုင်၏။အတွင်းဘက်ယာဉ် | |||||||
| ကြောသည်မိမိသွားလိုရာသို့ အဝိုင်းကိုပတ်ပြီးမှသွားရပေလိမ့်မည်ဖြစ်ရာ အဝိုင်းကို ပတ်လာသော | |||||||
| ယာဉ်ကင်းရှင်းလျှင် အဝိုင်းကို စိတ်ချစွာပတ်ပြီး မိမိသွားလိုရာသို့ သွားနိုင်ပေလိမ့်မည်။ | |||||||
| အထက်ပါအတိုင်း ယာဉ်စည်းကမ်း/လမ်းစည်းကမ်းကို လိုက်နာပြီး မောင်းနှင်ပါက အန္တရာယ် | |||||||
| ကင်းဘေးရှင်းပြီး မိမိလိုရာခရီးကို အဆင်ပြေချောမောစွာ ရောက်ပါလိမ့်မည်။ကုန်းလမ်းပို့ဆောင် | |||||||
| ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေသော “ယာဉ်မောင်းသူများလက်စွဲ”ကို အမြဲတစေဆောင်ထား | |||||||
| သင့်ပေ၏။(မှတ်ရန်။ ။မြန်မာနိုင်ငံ၏ ယာဉ်ကြောသည် လက်ယာကပ်စံနစ်ဖြစ်သည်။) | |||||||
| Ok...Let's drive the car safely and happily! | |||||||
| DR.Thein Hlaing(B.D.S.,Ygn.,F.I.C.D.,U.S.A) | |||||||
| thein.hlaing1970@gmail.com | |||||||
Tuesday, July 29, 2014
လမ်းပေါ်တွင် အန္တရာယ်ကင်းစွာ ယာဉ်မောင်းမယ်(How to drive vehicle on the way safely)
Subscribe to:
Post Comments (Atom)



No comments:
Post a Comment