Friday, September 5, 2014

ယာဉ်မောင်းသူတစ်ယောက်၏ယာဉ်မောင်းစွမ်းရည် ပြုမူဆောင်ရွက်ချက်အား စစ်ဆေးအကဲဖြတ်မယ်(Driving Performance Evaluation)






           ယာဉ်မောင်းသူတစ်ယောက်၏ယာဉ်မောင်းစွမ်းရည် 

  ပြုမူဆောင်ရွက်ချက်အား စစ်ဆေးအကဲဖြတ်မယ်


      Driving Performance Evaluation

         ယာဉ်ကြောလမ်းကြောင်းရှင်းမရှင်းသိရှိရန် စစ်ဆေးမှုမှာ ယာဉ်သွားလမ်းပေါ်တွင် တိရစ္ဆာန်များမှအစ 
ခြေလျင်လျှောက် လမ်းသွားလမ်းလာများနှင့် အခြားယာဉ်များအပါအဝင် ယာဉ်ကြောလမ်းတစ်လျှောက်ပေါ်၌
ဘေးအန္တရာယ်ကိုကာကွယ်ရန်အလို့ငှာ ယာဉ်လမ်းကြောရှင်းမှုရှိမရှိနှင့် သင့်တင့်လျှော်ကန်စွာ ယာဉ်ကြော
လမ်းကြောင်းကို အသုံးပြုနိုင်မှုရှိမရှိတို့ပါဝင်သည်။ယင်းသို့စစ်ဆေးရာတွင်

၁။ယာဉ်ရပ်နားခြင်း(Parking Lot Driving)




၂။ယာဉ်နောက်ဆုတ်ခြင်း(Backing)




၃။လမ်းဆုံမီးပွိုင့်ဖြတ်ခြင်း(Intersection)




၎။ယာဉ်သွားလမ်းကြောင်းတစ်ခုမှ အခြားလမ်းကြောင်းတစ်ခုသို့ ချိုးကွေ့ဝင်ရောက်ခြင်း(Turns)
၅။အလုပ်ခွင်/မြို့တွင်းနှင့်လူနေရပ်ကွက်နေအိမ်အဆောက်အဦးများ/မြို့ပြင်ကျေးလက်ဒေသလမ်းများသို့
   သွားခြင်း(Business/Urban and Residential/Rural)



၆။ယာဉ်ကြောတစ်ခုမှတစ်ခုသို့ပြောင်းခြင်း(Lane Change)



၇။အမြန်လမ်းများပေါ်သို့ဝင်/ထွက်ခြင်း(Freeway or Highway)နှင့်


၈။အလွန်အန္တရာယ်ရှိသော ယာဉ်မောင်းနှင်မှုအမှားများ(Critical Driving Errors)တို့ပါဝင်သည်။











၁။ယာဉ်ရပ်နားခြင်း(Parking Lot Driving)

     သင်၏ယာဉ်မောင်းစွမ်းရည်ပြုမူဆောင်ရွက်ချက်ကို ဤယာဉ်ရပ်နားရာတွင် ကောင်းစွာစစ်ဆေးအကဲဖြတ်
နိုင်သည်။







၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)လမ်းကြောင်းရှင်းမရှင်းကြည့်ရာတွင် အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများသည် သင့်ယာဉ်၏
      ရှေ့နှင့်နောက်၊ဘယ်နှင့်ညာတွင်ရှိနေခြင်းရှိမရှိစစ်ဆေးပါ။


(ခ)လုံခြုံစိတ်ချအန္တရာယ်ကင်းစေဖို့အတွက် လိုအပ်ပါက လမ်းအသုံးပြုသူလမ်းသွားလမ်းလာများနှင့်အခြား
ယာဉ်များအား လမ်းမှန်(Right-of-way)ပေးပြီး ဦးစားပေး(Yield)လိုက်ပါ။

(ဂ)လိုအပ်ပါက အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများအား မိမိ၏ဦးခေါင်းကိုလှည့်၍ကြည့်ပါ။
(ဃ)လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းလျှင် ယာဉ်ကိုမောင်းနှင်ပါ။


၂။အရှိန်ကိုစစ်ဆေးပါ။(Speed)





ထို့နောက် လုံခြုံစိတ်ချအန္တရာယ်ကင်းစေမည့်အရှိန်နှုန်းဖြင့် မိမိယာဉ်အားထိမ်းသိမ်းမောင်းနှင်ပြီး ရပ်နားနိုင်ပါ
သည်။


















၂။ယာဉ်နောက်ဆုတ်ခြင်း(Backing)


     သင်၏ယာဉ်မောင်းစွမ်းရည်ပြုမူဆောင်ရွက်ချက်ကို ဤနေရာ၌ ယာဉ်အားလမ်းဘေးသို့ ချရပ်ခြင်း၊ယာဉ် 
အား လမ်းကြောင်းပေါ်တွင်နောက်ဆုတ်ခြင်းတို့အား ကောင်းစွာစစ်ဆေးအကဲဖြတ်နိုင်သည်။
ယာဉ်မောင်းသူသည် ယာဉ်အားနောက်ဆုတ်ရန်အလို့ငှာ ဝင်ခြင်း-Entering(E),နောက်ဆုတ်ခြင်း-Backing
(B)နှင့်ပြန်ထွက်ခြင်း-Exiting(X)တို့ကို အစဉ်အတိုင်းပြုမူဆောင်ရွက်ရမည်။

၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)နောက်ဆုတ်ရာတွင်ယာဉ်အားဝင်စဉ်နှင့်ထွက်စဉ်တို့တွင် အောက်ပါတို့ကိုစစ်ဆေးပါ။
    -သင်၏ရှေ့






    -မဝင်မီ သင်၏လက်ယာဘက်နှင့်ပြန်မထွက်မီ သင်၏ဘယ်ဘက်နှင့်အတူ နောက်ဘက်ကို သေချာစွာ
စစ်ဆေးပါ။







    ဆိုလိုသည်မှာ သင်၏ဘယ်ဘက်(သို့)ယာဘက်ပခုံးပေါ်မှကျော်၍ကြည့်ခြင်းနှင့်သင်၏ကြည့်မှန်များ
(Side mirrors,rear view mirror and blind spot mirrors)အား အသုံးပြုခြင်းတို့ပါဝင်သည်။
(ခ)သင်၏မျက်ကွယ်အရပ်(Your Blind Spots)၌ ရှိနေနိုင်သောအရာကို အတတ်နိုင်ဆုံးစစ်ဆေးပါ။
(ဂ)အောက်ပါတို့ကိုကြည့်ပါ။





   -နောက်ဆုတ်စဉ် သင်၏ယာဉ်မောင်းနေရာသည် လက်ဝဲဘက်ခြမ်းတွင်ရှိပါက သင်၏ညာဘက်ပခုံးကို
ကျော်၍ကြည့်ပါ။ယာဉ်မောင်းနေရာသည် လက်ယာဘက်အခြမ်းတွင်ရှိပါက သင်၏ဝဲဘက်ပခုံးကို ကျော်၍
ကြည့်ပါ။(Look over your shoulders while backing.)



   -လိုအပ်ပါက အခြားသောယာဉ်မောင်းများနှင့်လမ်းသွားလမ်းလာများ(other drivers and pedestrians)
အားကြည့်ပါ။






၂။အချက်ပြပါ။Signal(E/X)





(က)လမ်းဘေးသို့ချဉ်းကပ်ခြင်း(သို့)ထွက်ခြင်းမပြုလုပ်မီ အချက်ပြပါ။(Activate turn signal before pulling
up to or away from the curb.)





(ခ)လမ်းဘေးသို့ချဉ်းကပ်ခြင်း(သို့)ပြန်ထွက်ခြင်းပြုလုပ်ပြီးပါက အချက်ပြမှုကို ပယ်ဖျက်ပါ။(Cancel turn 
signal after pulling up to or away from the curb.)



၃။အရှိန်ကိုစစ်ဆေးပါ။Speed(E/B/X)




(က)သင်သည် ယာဉ်အားလမ်းဘေးသို့ဆွဲချခြင်းနှင့် ပြန်ထွက်ခြင်းပြုရာတွင် လုံခြုံစိတ်ချရသောအရှိန်ဖြင့်
ပြုလုပ်ပါ။







(ခ)အန္တရာယ်ကင်းစေမည့်အရှိန်နှုန်းဖြင့်သင်၏ယာဉ်အားညင်သာစွာနောက်ဆုတ်ပါ။












၃။လမ်းဆုံမီးပွိုင့်ဖြတ်ခြင်း(Intersection)

          သင်၏ယာဉ်မောင်းစွမ်းရည် ပြုမူဆောင်ရွက်ချက်ကို လမ်းဆုံမီးပွိုင့်ဖြတ်ရာတွင်စစ်ဆေးအကဲဖြတ်
နိုင်သည်။







   ယာဉ်မောင်းသူသည် မီးပွိုင့်(Traffic Signals)သို့မဟုတ် ရပ်မျဉ်း(Stop Sign)ရှိသော လမ်းဆုံ
(Intersection)အားဖြတ်စဉ်





၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)လမ်းကြောင်းရှင်းမရှင်းကြည့်ရာတွင် အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများသည် သင့်ယာဉ်၏
      ရှေ့၊ဘယ်နှင့်ညာတွင်ရှိနေခြင်းရှိမရှိစစ်ဆေးပါ။



(ခ)လိုအပ်ပါက အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများ(Other Drivers and Pedestrians)အား 
     သင်၏ဦးခေါင်းကိုလှည့်ကာ ရှေးရှုကြည့်ပါ။




(ဂ)လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းလျှင် ယာဉ်ကိုမောင်းနှင်ပါ။


၂။အရှိန်ကိုစစ်ဆေးပါ။(Speed)





(က)သတ်မှတ်ထားသောအမြန်နှုန်း(Posted Speed Limit)ကိုမကျော်လွန်စေပဲ အရှိန်ကိုထိမ်းသိမ်းမောင်း
နှင်ပါ။







(ခ)လမ်းကြောင်းအခြေအနေပေါ်မူတည်ပြီးသင့်တင့်သောအရှိန်ဖြင့်ထိမ်းသိမ်းမောင်းနှင်ပါ။
၃။ဦးစားပေးပါ။(Yield)





အန္တရာယ်ကင်းဘေးရှင်းစေဖို့ရာ လိုအပ်ပါက လမ်းအသုံးပြုသူလမ်းသွားလမ်းလာများနှင့်အခြားယာဉ်များအား 
လမ်းမှန်(Right-of-way)ပေးပြီး ဦးစားပေး(Yield)လိုက်ပါ။



၎။မလိုအပ်ပဲ ရပ်ခြင်းမှရှောင်ပါ။(Unnecessary Stop)


အခြားသောယာဉ်များ၊လမ်းသွားလမ်းလာများ၊မီးပွိုင့်၊အချက်ပြမှု သို့မဟုတ်ယာဉ်တိုက်မှုကိုရှောင်ရှာရန်အလို့
ငှာ မလိုအပ်ပါက ရပ်ဆိုင်းခြင်းမပြုပါနဲ့။













   ယာဉ်မောင်းသူသည် မီးပွိုင့်(Traffic Signals)သို့မဟုတ် ရပ်မျဉ်း(Stop Sign)ရှိသော လမ်းဆုံ
(Intersection) တွေ့၍ရပ်မည်ဆိုပါလျှင်




၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)လမ်းကြောင်းရှင်းမရှင်းကြည့်ရာတွင် အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများသည် သင့်ယာဉ်၏
      ရှေ့နှင့်နောက်၊ဘယ်နှင့်ညာတွင်ရှိနေခြင်းရှိမရှိစစ်ဆေးပါ။


      ဆိုလိုသည်မှာ သင်၏ဘယ်သို့မဟုတ်ညာဘက်ပခုံးကိုကျော်၍ကြည့်ခြင်း၊သင်၏ကြည့်မှန်များအားလုံး
(Side mirrors,rear view mirror and blind spot mirrors)အား အသုံးပြု၍ကြည့်ခြင်းတို့ကိုဆိုလိုသည်။
(ခ)လိုအပ်ပါက အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများ(Other Drivers and Pedestrians)အား 
     သင်၏ဦးခေါင်းကိုလှည့်ကာ ရှေးရှုကြည့်ပါ။




(ဂ)လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းလျှင် ယာဉ်ကိုမောင်းနှင်ပါ။


၂။ဘရိတ်ခ်မှေး၍ အရှိန်လျှော့ပါ။(Deceleration/Braking)


(က)ညင်သာစွာဘရိတ်ခ်မှေး၍ အရှိန်လျှော့ပါ။(You decelerate and brake smoothly.)
(ခ)တစ်ချိန်တည်းမှာပင် လီဗာကိုမနင်းမိစေပဲဘရိတ်ခ်ကိုနင်းပါ။(You depress the brake pedal without
    depressing the accelerator at the same time.)



(ဂ)ဂီယာညှပ်ခြင်းမရှိစေပဲ ဂီယာချိန်းပြောင်းပါ။(You keep the gear engaged with no coasting.)
၃။ယာဉ်အားအပြည့်အဝ ရပ်ပါ။(Full Stop)



(က)ယာဉ်အားအပြည့်အဝရပ်ပါ။





(ခ)မလိုလားအပ်သော ရှေ့သို့ရွှေ့ခြင်း၊နောက်ပြန်လိမ့်ခြင်းမဖြစ်ပါစေနဲ့။


၎။သတ်မှတ်ထားသော ရပ်မျဉ်းကိုကြည့်ပါ။(Gap or Limit Line)

(က)သင်၏ရှေ့ယာဉ်မှ နောက်ဘီးအား မြင်ရသည့်အကွာအဝေးတွင်ရပ်ပါ။ထို့အပြင် နောက်ဆုတ်ရခြင်းမရှိ
စေပဲ သင့်ယာဉ်၏ပတ်လည်တွင် လုံလောက်သောနေရာလွတ်ရှိနေစေရမည်။( enough room or space
cushion around the vehicle)





(ခ) သင်၏ရှေ့ကားမှ ကားတစ်စီးအရှည်၏ထက်ဝက်ခန့်အကွာအဝေးတွင်ရပ်ပါ။နေရလွတ်များစွာ ကွာဟမှု
မရှိပါစေနဲ့။(No excessive gap)





ယင်းသို့မီးပွိုင့်လမ်းဆုံများ၌ရပ်နေစဉ်




(က)သတ်မှတ်ထားသောရပ်မျဉ်း(Limit Line)ရှိလျှင် ယင်းမျဉ်းမှနောက်နားတွင် သို့မဟုတ် မရှိလျှင် လမ်းဆုံ
ထောင့်မှ ကားတစ်စီးအရှည်၏ထက်ဝက်ခန့်(၆ပေ)အကွာအဝေးတွင်ရပ်ပါ။

(ခ)လမ်းဆုံအတွင်းသို့လည်းကောင်း၊ရပ်မျဉ်းအပေါ်မှလည်းကောင်း၊လမ်းဘေးလူသွားလမ်းနှင့် ရပ်(Stop)
ဟူသော မြေပြင်အမှတ်အသားကိုကျော်လွန်၍လည်းကောင်းသင့်ယာဉ်၏ဦးခေါင်း ကျွံဝင်ခြင်းမရှိစေပဲရပ်ပါ။









   ယာဉ်မောင်းသူသည် မီးပွိုင့်(Traffic Signals)သို့မဟုတ် ရပ်မျဉ်း(Stop Sign)ရှိသော လမ်းဆုံ
(Intersection)အားဖြတ်သန်းမောင်းနှင်စဉ်



၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)လမ်းကြောင်းရှင်းမရှင်းကြည့်ရာတွင် အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများသည် သင့်ယာဉ်၏
      ရှေ့နှင့်နောက်၊ဘယ်နှင့်ညာတွင်ရှိနေခြင်းရှိမရှိစစ်ဆေးပါ။


      ဆိုလိုသည်မှာ သင်၏ဘယ်သို့မဟုတ်ညာဘက်ပခုံးကိုကျော်၍ကြည့်ခြင်း၊သင်၏ကြည့်မှန်များအားလုံး
(Side mirrors,rear view mirror and blind spot mirrors)အား အသုံးပြု၍ကြည့်ခြင်းတို့ကိုဆိုလိုသည်။
(ခ)လိုအပ်ပါက အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများ(Other Drivers and Pedestrians)အား 
     သင်၏ဦးခေါင်းကိုလှည့်ကာ ရှေးရှုကြည့်ပါ။




(ဂ)လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းလျှင် ယာဉ်ကိုမောင်းနှင်ပါ။


၂။အရှိန်ကိုစစ်ဆေးပါ။(Speed)





(က)လမ်းဆုံမီးပွုင့်တွင်ရပ်နေရာမှ စတင်ထွက်သည်ဖြစ်၍လမ်းဆုံအတွင်းသို့ သင့်တင့်သောအရှိန်နှုန်းဖြင့်
ထိမ်းသိမ်းမောင်းနှင်ပါ။






(ခ)လမ်းကြောင်းအခြေအနေပေါ်မူတည်ပြီးသင့်တင့်သောအရှိန်ဖြင့်ထိမ်းသိမ်းမောင်းနှင်ပါ။









၃။ဦးစားပေးပါ။(Yield)





အန္တရာယ်ကင်းဘေးရှင်းစေဖို့ရာ လိုအပ်ပါက လမ်းအသုံးပြုသူလမ်းသွားလမ်းလာများနှင့်အခြားယာဉ်များအား 
လမ်းမှန်(Right-of-way)ပေးပြီး ဦးစားပေး(Yield)လိုက်ပါ။



္ပဤအတူမိမိကလည်းစတင်ထွက်ခွာဖို့ အန္တရာယ်ကင်းစေရန်အလို့ငှာလည်းကောင်း၊ယာဉ်ကြောစီးဆင်းမှု
အသွားအလာကိုရှုပ်ထွေးခြင်းနှောင့်ယှက်ခြင်းမဖြစ်စေရန်လည်းကောင်း လမ်းကြောင်းအမှန်ကိုလက်ခံပြီး
( you accept right-of-way and drive safely)မောင်းနှင်ပါ။၎င်းနောက် ညင်သာချောမွေ့စွာ အရှိန်ကိုမြှင့်
တင်မောင်းနှင်ပါ။(You accelerate smoothly.)












၎။ယာဉ်သွားလမ်းကြောင်းတစ်ခုမှ အခြားလမ်းကြောင်းတစ်ခုသို့ ချိုးကွေ့ဝင်ရောက်ခြင်း(Turns)
    ဤနေရာတွင် သင်၏ယာဉ်မောင်းစွမ်းရည်ပြုမူဆောင်ရွက်ချက်ကို စစ်ဆေးအကဲဖြတ်နိုင်သည်။









မိမိချိုးကွေ့လိုသောလမ်းသို့ချဉ်းကပ်စဉ်(Approach)



၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)လမ်းကြောင်းရှင်းမရှင်းကြည့်ရာတွင် အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများသည် သင့်ယာဉ်၏
      ရှေ့နှင့်နောက်၊ဘယ်နှင့်ညာတွင်ရှိနေခြင်းရှိမရှိစစ်ဆေးပါ။


      ဆိုလိုသည်မှာ သင်၏ဘယ်သို့မဟုတ်ညာဘက်ပခုံးကိုကျော်၍ကြည့်ခြင်း၊သင်၏ကြည့်မှန်များအားလုံး
(Side mirrors,rear view mirror and blind spot mirrors)အား အသုံးပြု၍ကြည့်ခြင်းတို့ကိုဆိုလိုသည်။
(ခ)အတတ်နိုင်ဆုံးအားဖြင့် လက်ယာဘက်လမ်းသို့ချိုးကွေ့မည်ဆိုပါက စက်ဘီးသွားလမ်း(Bike Lane)
အတွင်းသို့မဝင်ရောက်မီ၊လက်ဝဲဘက်လမ်းထဲသို့ ချိုးကွေ့မည်ဆိုပါက အလယ်ဘယ်ချိုးမည့်ယာဉ်ကြော
(Centre Left Turn Lane)သို့မဝင်ရောက်မီအချိန်တွင်လက်ယာဘက်ပခုံးကိုကျော်ပြီး မိမိယာဉ်နောက်နား
ဘေးမျက်ကွယ်အရပ်(Blind Spot)ကိုစစ်ဆေးပါ။



(ဂ)လိုအပ်ပါက အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများ(Other Drivers and Pedestrians)အား 
     သင်၏ဦးခေါင်းကိုလှည့်ကာ ရှေးရှုကြည့်ပါ။




(ဃ)လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းလျှင် ယာဉ်ကိုမောင်းနှင်ပါ။


၂။အချက်ပြပါ။Signal





မိမိသွားလို ချိုးကွေ့လိုသောဘက်ကိုသိစေရန် အချက်ပြပါ။ယင်းသို့အချက်ပြရာတွင်မချိုးကွေ့မီ ပေ(၁၀၀)ခန့်
အကွာအဝေးသို့ရောက်မှ အချက်ပြပါ။




(You activate the turn signal at least 100 feet prior to the turn)

ယင်းသို့မဟုတ်မူပဲ ကြိုတင်ပြီးစောစီးစွာ အချက်ပြထားပါက အခြားသောယာဉ်မောင်းများမှ သင်၏အချက်ပြမှု
ကို အမှုမဲ့အမှတ်မဲ့ဖြစ်သွားစေလိမ့်မည်ဖြစ်တတ်ပါ၍သေချာစွာဂရုစိုက်ပါ။

၃။ဘရိတ်ခ်မှေး၍ အရှိန်လျှော့ပါ။(Deceleration/Braking)


(က)ညင်သာစွာဘရိတ်ခ်မှေး၍ အရှိန်လျှော့ပါ။(You decelerate and brake smoothly.)
(ခ)တစ်ချိန်တည်းမှာပင် လီဗာကိုမနင်းမိစေပဲဘရိတ်ခ်ကိုနင်းပါ။(You depress the brake pedal without
    depressing the accelerator at the same time.)



၎။ဦးစားပေးပါ။(Yield)





အန္တရာယ်ကင်းဘေးရှင်းစေဖို့ရာ လိုအပ်ပါက လမ်းအသုံးပြုသူလမ်းသွားလမ်းလာများနှင့်အခြားယာဉ်များအား 
လမ်းမှန်(Right-of-way)ပေးပြီး ဦးစားပေး(Yield)လိုက်ပါ။












မှန်ကန်သောယာဉ်ကြောကို အသုံးပြုပါ။(Lane Use)



(က)လက်ယာဘက်လမ်းသို့ချိုးကွေ့မည်ဆိုပါက(Right Turns)


    -မချိုးကွေ့မီ စက်ဘီးလမ်း(Bike Lane)အတွင်းသို့ ပေ၂၀၀ခန့်ရောက်မှ ဝင်ပါ။

    -လက်ယာဘက်ချိုးကွေ့မည့်ယာဉ်ကြောအတွင်းသို့ဝင်ရောက်ပါ။(Right Turn Pocket Lane)
    -လက်ယာဘက်ယာဉ်ကြော၏ ယာအစွန်သို့ချဉ်းကပ် အသုံးပြုပါ။(Right-most Part Of The Lane)
(ခ)လက်ဝဲဘက်လမ်းသို့ချိုးကွေ့မည်ဆိုပါက(Left Turns)



    -မိမိအရင်ရောက်နှင့်သောယာဉ်များ၏ လမ်းကြောင်းအမှန်ကို ထိချုက်မှုမရှိစေပဲနှစ်လမ်းသွားလက်ဝဲဘက်
ချိုးကွေ့မည့်ယာဉ်ကြောအတွင်းသို့ ပေ၂၀၀ခန့်ရောက်မှ ဝင်ပါ။(Center Left Turn Lane)
    -လက်ဝဲဘက်ချိုးကွေ့မည့်ယာဉ်ကြောအတွင်းသို့ဝင်ရောက်ပါ။(Left Turn Pocket Lane)
    -လက်ဝဲဘက်ယာဉ်ကြော၏ လက်ဝဲအစွန်သို့ချဉ်းကပ် အသုံးပြုပါ။(Left-most Part Of The Lane)
(ဂ)ယာဉ်ကြောအမှတ်အသားမျဉ်းအတွင်း၌သာလျင်နေပါ။












မချိုးကွေ့မီ ယာဉ်မောင်းသူ ရပ်မည်ပြုစဉ်(Stop)



အခြားသောယာဉ်များ၊လမ်းသွားလမ်းလာများ၊ယာဉ်လမ်းကြောင်းပြအမှတ်အသား၊အချက်ပြများကြောင့်မလို
အပ်ပါက မိမိယာဉ်အား မရပ်ရပါ။(Unnecessary Stop)



၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)လမ်းကြောင်းရှင်းမရှင်းကြည့်ရာတွင် အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများသည် သင့်ယာဉ်၏
      ရှေ့နှင့်နောက်၊ဘယ်နှင့်ညာတွင်ရှိနေခြင်းရှိမရှိစစ်ဆေးပါ။


      ဆိုလိုသည်မှာ သင်၏ဘယ်သို့မဟုတ်ညာဘက်ပခုံးကိုကျော်၍ကြည့်ခြင်း၊သင်၏ကြည့်မှန်များအားလုံး
(Side mirrors,rear view mirror and blind spot mirrors)အား အသုံးပြု၍ကြည့်ခြင်းတို့ကိုဆိုလိုသည်။
(ခ)လိုအပ်ပါက အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများ(Other Drivers and Pedestrians)အား 
     သင်၏ဦးခေါင်းကိုလှည့်ကာ ရှေးရှုကြည့်ပါ။




(ဂ)လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းလျှင် ယာဉ်ကိုမောင်းနှင်၍ရပ်ပါ။


၂။ယာဉ်အားအပြည့်အဝ ရပ်ပါ။(Full Stop)



(က)ယာဉ်အားအပြည့်အဝရပ်ပါ။





(ခ)မလိုလားအပ်သော ရှေ့သို့ရွှေ့ခြင်း၊နောက်ပြန်လိမ့်ခြင်းမဖြစ်ပါစေနဲ့။


၎။သတ်မှတ်ထားသော ရပ်မျဉ်းကိုကြည့်ပါ။(Gap or Limit Line)

(က)သင်၏ရှေ့ယာဉ်မှ နောက်ဘီးအား မြင်ရသည့်အကွာအဝေးတွင်ရပ်ပါ။ထို့အပြင် နောက်ဆုတ်ရခြင်းမရှိ
စေပဲ သင့်ယာဉ်၏ပတ်လည်တွင် လုံလောက်သောနေရာလွတ်ရှိနေစေရမည်။( enough room or space
cushion around the vehicle)





(ခ) သင်၏ရှေ့ကားမှ ကားတစ်စီးအရှည်၏ထက်ဝက်ခန့်အကွာအဝေးတွင်ရပ်ပါ။နေရလွတ်များစွာ ကွာဟမှု
မရှိပါစေနဲ့။(No excessive gap)





(ဂ)သတ်မှတ်ထားသောရပ်မျဉ်း(Limit Line)ရှိလျှင် ယင်းမျဉ်းမှနောက်နားတွင် သို့မဟုတ် မရှိလျှင် လမ်းဆုံ
ထောင့်မှ ကားတစ်စီးအရှည်၏ထက်ဝက်ခန့်(၆ပေ)အကွာအဝေးတွင်ရပ်ပါ။

(ဃ)လမ်းဆုံအတွင်းသို့လည်းကောင်း၊ရပ်မျဉ်းအပေါ်မှလည်းကောင်း၊လမ်းဘေးလူသွားလမ်းနှင့် ရပ်(Stop)
ဟူသော မြေပြင်အမှတ်အသားကိုကျော်လွန်၍လည်းကောင်းသင့်ယာဉ်၏ဦးခေါင်း ကျွံဝင်ခြင်းမရှိစေပဲရပ်ပါ။
အထူးကားလက်ဝဲဘက်သို့ချိုးကွေ့မည်ဆိုပါက ယင့်ယာဉ်၏ရှေ့နောက်ဘီးအားလုံးသည် ရှေ့တူရူသို့ ဖြောင့်
တန်းစွာထား၍ရပ်ပါ။(Wheels straight in the left turn only)











မိမိချိုးကွေ့လိုသောဘက်သို့ အပြည့်အဝချိုးကွေ့တော့မည်ပါက(Turn/Complete)
၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)လမ်းကြောင်းရှင်းမရှင်းကြည့်ရာတွင် အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများသည် သင့်ယာဉ်၏
      ရှေ့နှင့်နောက်၊ဘယ်နှင့်ညာတွင်ရှိနေခြင်းရှိမရှိစစ်ဆေးပါ။


      ဆိုလိုသည်မှာ သင်၏ဘယ်သို့မဟုတ်ညာဘက်ပခုံးကိုကျော်၍ကြည့်ခြင်း၊သင်၏ကြည့်မှန်များအားလုံး
(Side mirrors,rear view mirror and blind spot mirrors)အား အသုံးပြု၍ကြည့်ခြင်းတို့ကိုဆိုလိုသည်။
(ခ)လိုအပ်ပါက အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများ(Other Drivers and Pedestrians)အား 
     သင်၏ဦးခေါင်းကိုလှည့်ကာ ရှေးရှုကြည့်ပါ။




(ဂ)လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းလျှင် ယာဉ်ကိုမောင်းနှင်၍ရပ်ပါ။


၂။ဦးစားပေးပါ။(Yield)





အန္တရာယ်ကင်းဘေးရှင်းစေဖို့ရာ လိုအပ်ပါက လမ်းအသုံးပြုသူလမ်းသွားလမ်းလာများနှင့်အခြားယာဉ်များအား 
လမ်းမှန်(Right-of-way)ပေးပြီး ဦးစားပေး(Yield)လိုက်ပါ။



္ပဤအတူမိမိကလည်းစတင်ထွက်ခွာဖို့ အန္တရာယ်ကင်းစေရန်အလို့ငှာလည်းကောင်း၊ယာဉ်ကြောစီးဆင်းမှု
အသွားအလာကိုရှုပ်ထွေးခြင်းနှောင့်ယှက်ခြင်းမဖြစ်စေရန်လည်းကောင်း လမ်းကြောင်းအမှန်ကိုလက်ခံပြီး
( you accept right-of-way and drive safely)မောင်းနှင်ပါ။၎င်းနောက် ညင်သာချောမွေ့စွာ အရှိန်ကိုမြှင့်
တင်မောင်းနှင်ပါ။(You accelerate smoothly.)



၃။လက်ကိုင်ဘီးကို ကောင်းစွာထိန်းပါ။(Steering Control)


(က)သင့်ယာဉ်အား အပြည့်အဝထိန်းသိမ်းသာလက်ကိုင်ဘီးကို ညင်သာစွာကိုင်တွယ်၍ချိုးကွေ့ပါ။
     (Steering wheel smoothly with full control of the vehicle)


(ခ)လိုအပ်သလောက်သာလျှင် လက်ကိုင်ဘီးကိုလှည့်ပါ။လိုအပ်သည်ထက်ကျော်လွန်ခြင်း သို့မဟုတ် လိုအပ်
သည့်အတိုင်းအတာအထိမရောက်ရှိခြင်းမဖြစ်စေရပါ။(Do not over steer or under steer.)
၎။ချိုးကွေ့ရာတွင် ကျယ်လွန်းခြင်း/ကျဉ်းလွန်းခြင်းမရှိစေရပါ။(Too wide/short)
သတ်မှတ်ထားသောယာဉ်ကြောအတွင်း၌သာရှိနေစေကာ ချိုးကွေ့စဉ် ကျယ်လွန်းခြင်း၊ကျဉ်းလွန်းခြင်းမရှိစေ
ရပါ။







၅။ယာဉ်ကြော မှန်ကန်ပါစေ။(Correct Lane)



(က)သင့်တင့်လျှောက်ပတ်သောယာဉ်ကြောအတွင်းသို့ဝင်ရောက်ပြီး ချိုးကွေ့ခြင်းအဆုံးသတ်ပါ။
(ခ)ယာဉ်ကြောများစွာ ရှိသောလမ်းတွင်းအတွင်းသို့ ချိုးကွေ့လျှင် မိမိဝင်ရောက်လိုသောယာဉ်ကြောသို့ စတင်
ဝင်ရောက်ခြင်း၊အဆုံးသတ်ခြင်းမှန်ကန်မှုရှိပါစေ။



        ဆိုလိုသည်မှာ သင်သည် ဘယ်ဘက်သို့ချိုးကွေ့လိုပါလျှင် သင်သွားနေသောလမ်းတွင် ဘယ်ဘက်သို့
ချိုးကွေ့နိုင်သောယာဉ်ကြောနှစ်သွယ်ရှိသည်ဆိုပါစို့။ဘယ်အစွန်ကြောမှ ချိုးကွေ့လျှင် ဘယ်အစွန်ကြောသို့
သာဝင်ရောက်ရမည်ဖြစ်ပြီး၊ဘယ်အတွင်းဘက်ကြောမှ ချိုးကွေ့လျှင် ဘယ်အတွင်းကြောနှင့်မိမိ၏လက်ယာ
ဘက်တွင်ရှိသော ယာဉ်ကြောများအတွင်းသို့ ချိုးကွေ့ဝင်ရောက်နိုင်သည်။လက်ယာဘက်လမ်းသို့ချိုးကွေ့
မည်ဆိုပါက မိမိချိုးကွေ့ဝင်မည့်လမ်းသည် ယာဉ်ကြောများစွာရှိလျှင်မိမိဝင်ရောက်လိုသောယာဉ်ကြောရောက်
အောင်သွားပြီးချိုးကွေ့ဝင်ရောက်နိုင်သော်လည်း အတည့်သွားနေသောယာဉ်များ၊လားရာတူလိုးကွေ့လာမည့်
ယာဉ်များ၊“ဂ”ကွေ့ (U-turn)ကွေ့မည့်ယာဉ်များအားဦးစားပေးပြီး လက်ယာဘက်စွန်ဆုံးယာဉ်ကြောအတွင်း
သို့ချိုးကွေ့ဝင်ရောက်ကာ ချိုးကွေ့ခြင်းအဆုံးသတ်ရမည်။



၆။အရှိန်ကိုစစ်ဆေးပါ။(Speed)





    ယင်းသို့ချိုးကွေ့ရာတွင် အသင့်တော်ဆုံးဘေးအကင်းဆုံးအရှိန်နှုန်းဖြင့် ချိုးကွေ့ရမည်။
(က)လချိုးကွေ့စဉ် မလိုလားအပ်သော ရပ်ခြင်းမျိုးမရှိစေရပါ။


(ခ)ချိုးကွေ့ပြီးလျှင်လည်းညင်သာစွာအရှိန်မြှင့်တင်ရမည်။



၇။အချက်ပြခြင်းရပ်ပါ။(Cancel Turn Signal)



ယင်းသို့ချိုးကွေ့ပြီးပါက အချက်ပြမီးကို ပယ်ဖျက်ရမည်။၉၀ံချိုးကွေ့ရပါက မိမိပယ်ဖျက်စရာမလို၊သူ့အလိုလို
ပယ်ဖျက်သွားပါလိမ့်မည်။(Cancel the signal upon completion of the turn.) 










               ၅။အလုပ်ခွင်/မြို့တွင်းနှင့်လူနေရပ်ကွက်နေအိမ်အဆောက်အဦးများ/မြို့ပြင်
                        သွားခြင်း(Business/Urban and Residential/Rural)
      ယာဉ်မောင်းစွမ်းရည် ပြုမူဆောင်ရွက်ချက်ကို ဤလူနေထူထပ်ရာမြို့ပြလမ်းများနှင့် နေအိမ်အဆောက်
အဦးများရှိရာနေရာ၊မြို့ပြင်ပနေရာတို့တွင် သွားလာရာ၌ စစ်ဆေးအကဲဖြတ်နိုင်ပါသည်။
၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)လမ်းကြောင်းရှင်းမရှင်းကြည့်ရာတွင် အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများသည် သင့်ယာဉ်၏
      ရှေ့နှင့်နောက်၊ဘယ်နှင့်ညာတွင်ရှိနေခြင်းရှိမရှိစစ်ဆေးပါ။


      ဆိုလိုသည်မှာ သင်၏ဘယ်သို့မဟုတ်ညာဘက်ပခုံးကိုကျော်၍ကြည့်ခြင်း၊သင်၏ကြည့်မှန်များအားလုံး
(Side mirrors,rear view mirror and blind spot mirrors)အား အသုံးပြု၍ကြည့်ခြင်းတို့ကိုဆိုလိုသည်။
(ခ)ယာဉ်ရပ်နားခြင်းပြုစဉ်(Vehicles parking)၊လမ်းသွားလမ်းလာများ(Pedestrians)နှင့်လမ်းကြောင်းအဝင်
     ယာဉ်ကြော(Traffic at entrance to roadway)တို့တွင် ဘေးကင်းလုံခြုံအန္တရာယ်ကင်းစေရန်အလို့ငှာ
ကောင်းစွာဂရုစိုက်မောင်းနှင်ပါ။





၂။အရှိန်ကိုစစ်ဆေးပါ။(Speed)





(က)သတ်မှတ်ထားသောအမြန်နှုန်း(Posted Speed Limit)ကိုမကျော်လွန်စေပဲ အရှိန်ကိုထိမ်းသိမ်းမောင်း
နှင်ပါ။လမ်းကြောင်းအခြေအနေပေါ်မူတည်၍သင့်တင့်သောအရှိန်နှုန်းဖြင့်မောင်းနှင်ရမည်။
(ခ)လမ်းကြောင်းပိတ်ဆို့မှုမရှိစေရန်နှင့်အန္တရာယ်ကင်းစေရန်အတွက်မိမိအရှိန်နှုန်းကို လျှော့ချမောင်းနှင်ရပါ
မည်။ဤနေရာတွင် ယာဉ်မောင်းသူသည် မြို့ပြလူနေထူထပ်ရာအစိုးရရုံးများရှေ့၊ဈေးဆိုင်များသို့သွားရာလမ်း
တို့တွင် ၁၅မိုင်နှုန်းဖြင့်မောင်းနှင်ရမည်ကို အလိုလိုသိရှိနေစေရမည်။ထို့အပြင် မြို့တွင်းလမ်းများ၊ကျောင်းရှေ့၊
ရုံးရှေ့လမ်းများ၊လူနေရပ်ကွက်များအတွင်းရှိလမ်းများတွင် အမြန်နှုန်းစိုက်ထူထားခြင်း(Posted speed limit)
မရှိလျှင် ၂၅မိုင်နှုန်းဖြင့်သာလျှင်မောင်းနှင်ရမည်ကိုလည်း သိရှိနေစေရမည်။ကျေးလက်ဒေသလမ်းများတွင်
အချိန်မရွေးလမ်းပေါ်တွင် ဖြတ်သန်းသွားသောလူများ၊တိရစ္ဆာန်များရှိနေတတ်သဖြင့်လမ်းကြောင်းအခြေအနေ
ပေါ်မူတည်ပြီး သင့်တင့်သော အရှိန်နှုန်းဖြင့်မောင်းနှင်ရပါမည်။


၃။ယာဉ်၏ဘေးပတ်လည်တွင် နေရာလွတ်ရှိနေပါစေ။(Spacing)


    မိမိယာဉ်၏ဘေးပတ်လည်တွင် နေရာလွတ်(Spacing)ရှိနေစေရန် အမြဲထိန်းသိမ်းမောင်းနှင်ပါ။ဆိုလိုသည်
မှာသင့်ယာဉ်၏ရှေ့နှင့်ဘေးပတ်ပတ်လည်တို့တွင် အန္တရာယ်ကိုကာကွယ်ရန်နှင့်ကြိုမြင်နိုင်စွမ်းရှိစေရန်အလို့ငှာ
နေရာလွတ်(Space cushion)ထားရှိမှုကို ထိန်းသိမ်းမောင်းနှင်ပါဟုဆိုလိုသည်။

၎။ယာဉ်ကြောအနေအထားကိုစစ်ဆေးပါ။(Lane Position)


      မိမိယာဉ်အား ယာဉ်ကြောအလယ်တည့်တည့်တွင်ထားကာ ထိန်းသိမ်းမောင်းနှင်ရမည်။










၆။ယာဉ်ကြောတစ်ခုမှတစ်ခုသို့ပြောင်းခြင်း(Lane Change)

        ယာဉ်မောင်းစွမ်းရည် ပြုမူဆောင်ရွက်ချက်ကို အမှတ်အသားပြုထားသော ယာဉ်ကြောတစ်ခုမှတစ်ခုသို့
ပြောင်း၍မောင်းနှင်နိုင်စွမ်းကို စစ်ဆေးအကဲဖြတ်နိုင်သည်။



၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)ယာဉ်ကြောကင်းရှင်းမှုရှိမရှိစစ်ဆေးရာတွင် အခြားသောယာဉ်များ၊လမ်းသွားလမ်းလာများ မိမိယာဉ်၏ရှေ့
တူရူနှင့်ဘေးနှစ်ဘက်တွင် ရှိနေခြင်းရှိမရှိ စစ်ဆေးရပါမည်။လက်ဝဲဘက်ယာဉ်ကြောသို့ပြောင်း(Left lane 
change)လိုပါက သင်၏ ဘယ်ဘက်၊နောက်ဘက်နှင့် မျက်ကွယ်အရပ်(Left side blind spot)တို့ကိုစစ်ဆေး
ရမည်။ဘယ်ဘက်မျက်ကွယ်အရပ်(Left side blind spot)ကို စစ်ဆေးရာတွင် ဘယ်ဘက်နောက်ကြည့်မှန်ကို
ကြည့်ရုံဖြင့်မလုံလောက်သောကြောင့်သင်၏ဘယ်ဘက်ပခုံးကိုကျော်၍သင့်ယာဉ်၏နောက်မြီးနားကိုကြည့်ရ
ပါမည်။မျက်ကွယ်အရပ်ကြည့်မှန်ပါလျှင်ဘယ်ဘက်မျက်ကွယ်အရပ်ကြည့်မှန်(Left side blind spot mirror)
ကိုကြည့်၍စစ်ဆေးနိုင်သည်။ဤနည်းတူ လက်ဝဲဘက်ယာဉ်ကြောသို့ပြောင်း(Right lane change)လိုပါက
သင်၏လက်ယာဘက်၊နောက်ဘက်နှင့်လက်ယာဘက်မျက်ကွယ်အရပ်(Right side blind spot)တို့ကိုစစ်ဆေး
ရမည်။ညာဘက်မျက်ကွယ်အရပ်(Right side blind spot)ကို စစ်ဆေးရာတွင် ညာဘက်နောက်ကြည့်မှန်ကို
ကြည့်ရုံဖြင့်မလုံလောက်သောကြောင့်သင်၏ ညာဘက်ပခုံးကိုကျော်၍သင့်ယာဉ်၏နောက်မြီးနားကိုကြည့်ရ
ပါမည်။မျက်ကွယ်အရပ်ကြည့်မှန်ပါလျှင် ညာဘက်မျက်ကွယ်အရပ်ကြည့်မှန်(Right side blind spot mirror)
ကိုကြည့်၍စစ်ဆေးနိုင်သည်။





(ခ)ယာဉ်ကြောအနေအနေကိုကြည့်ပြီးလုံခြုံစိတ်ချအန္တရာယ်ကင်းစွာ ပြုမူဆောင်ရွက်ပါ။
၂။အချက်ပြပါ။(Signal)





မိမိပြောင်းလိုသော ယာဉ်ကြောကိုသိရှိစေရန် အချက်ပြမီးဖွင့်/ပိတ်ပြုလုပ်ပါ။

(က)မိမိပြောင်းလိုသော ယာဉ်ကြောကိုသိရှိစေရန် ယာဉ်ကြောမပြောင်းမီအချက်ပြမီးကိုဖွင့်ပါ။
     (Activate the turn signal before making the turn.)


(ခ)ယာဉ်ကြောပြောင်းပြီးပါက အချက်ပြမီးကိုပိတ်ပါ။(Cancel the turn signal after making the turn.)
၃။အရှိန်ကိုစစ်ဆေးပါ။(Speed)





     ယာဉ်အသွားအလာအခြေအနေကိုကြည့်ပြီး သတ်မှတ်ထားသောအမြန်နှုန်းကိုမကျော်လွန်စေပဲ ယာဉ်
ကြောပြောင်းဖို့ရာတွင် သင့်တော်သောအရှိန်နှုန်းကိုအသုံးပြုပါ။


၎။ယာဉ်၏ဘေးပတ်လည်တွင် နေရာလွတ်ရှိနေပါစေ။(Spacing)


(က)ယာဉ်ကြောပြောင်းရန် လုံလောက်သောနေရာလွတ်(Adequate gap)ရရှိရန်အလို့ငှာ စောင့်ပါ။
(ခ)လားရာတူသွားနေသောရှေ့ယာဉ်မှ နောက်မြီးနှင့်သင့်ယာဉ်၏ရှေ့ကြားနေရာ၊သင့်ယာဉ်၏ဘေးနှစ်ဘက်
တို့တွင် နေရာလွတ်ရရှိသည်အထိစောင့်ပြီးမှ ယာဉ်ကြောပြောင်းပါ။


(ဂ)ယာဉ်ကြောပြောင်းပြီးလျှင်လည်းသင်၏ရှေ့မြင်ကွင်းနှင့်နောက်ဘက်တို့တွင်နေရာလွတ်(Space cushion)
ဖြစ်နေစေအောင်ပြုလုပ်ပါ။














၅။လက်ကိုင်ဘီးကို ကောင်းစွာထိန်းပါ။(Steering Control)


(က)လက်ကိုင်ဘီးကို ညင်သာစွာလှည့်ပြီးယာဉ်ကြောပြောင်းပါ။(Change lane by turning the steering
     wheel smoothly.)





(ခ)ယာဉ်ကြောအလယ်တည့်တည့်သို့ရောက်အောင်ရွှေ့ပါ။(Move to the centre of the lane.)










၇။အမြန်လမ်းများပေါ်သို့ဝင်/ထွက်ခြင်း(Freeway or Highway)
        ယာဉ်မောင်းစွမ်းရည် ပြုမူဆောင်ရွက်ချက်အဖြစ် မြန်လမ်းများပေါ်သို့ ဝင်/ထွက်ရာတွင် မောင်းနှင်နိုင်
စွမ်းကို စစ်ဆေးအကဲဖြတ်နိုင်သည်။




ယာဉ်မောင်းသူသည် အမြန်လမ်းပေါ်သို့ ချဉ်းကပ်လမ်းမှစတင်ဝင်ရောက်စဉ်(Approach)
၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)လမ်းကြောင်းရှင်းမရှင်းကြည့်ရာတွင် အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများသည် သင့်ယာဉ်၏
      ရှေ့ဘက်၊ဘယ်နှင့်ညာတွင်ရှိနေခြင်းရှိမရှိစစ်ဆေးပါ။



မှတ်ရန်။   ။အမြန်လမ်းပေါ်သို့ဝင်ရောက်သောလမ်းသည် ယာဉ်ကြောနှစ်ကြောရှိပါက သင်၏မျက်ကွယ်အရပ်
တွင် အခြားသောယာဉ်များရှိနေခြင်းရှိမရှိ စစ်ဆေးရမည်။



(ခ)လိုအပ်ပါက အခြားသောယာဉ်များနှင့်လမ်းသွားလမ်းလာများ(Other Drivers and Pedestrians)အား 
     သင်၏ဦးခေါင်းကိုလှည့်ကာ ရှေးရှုကြည့်ပါ။




(ဂ)လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းလျှင် ယာဉ်ကိုမောင်းနှင်၍အမြန်လမ်းချဉ်းကပ်လမ်းပေါ်သို့တက်ပါ။
၂။အချက်ပြပါ။(Signal)





(က)အမြန်လမ်းပေါ်သို့တက်ရောက်တော့မည်ဆိုလျှင် ပေ၁၀၀အလိုခန့်မှစ၍ အချက်ပြမီးဖွင့်ပါ။ပေ၁၀၀ထက်
စောစွာအချက်ပြထားမိပါက အခြားယာဉ်မောင်းများမှ မိမိအားမေ့လျော့သွားစေတတ်ကြောင်းလည်းသတိရှိပါ။
(ခ)ဝင်ရောက်ပြီးပါက အချက်ပြမီးပိတ်ပါ။




၃။အရှိန်ကိုစစ်ဆေးပါ။(Speed)





   ယာဉ်ကြောအခြေအနေပေါ်မူတည်၍ သင့်တင့်သောအရှိန်နှုန်းဖြင့်ဝင်ရောက်ပါ။

၎။ယာဉ်၏ဘေးပတ်လည်တွင် နေရာလွတ်ရှိနေပါစေ။(Spacing)


(က)အမြန်လမ်းပေါ်တက်ရန် လုံလောက်သောနေရာလွတ်(Adequate gap)ရရှိရန်အလို့ငှာ စောင့်ပါ။
(ခ)ဝင်ရောက်နေစဉ် ယာဉ်၏ရှေ့နှင့်ဘေးနှစ်ဘက်တို့တွင် နေရာလွတ်ဖြစ်နေစေရန် ပြုလုပ်ပါ။့(You make
   enough room or space cushion around the vehicle.)


၅။ယာဉ်ကြောအနေအထားကိုစစ်ဆေးပါ။(Lane Position)


 မိမိယာဉ်အား ယာဉ်ကြောအလယ်တည့်တည့်တွင်ရှိနေစေရမည်။











ယာဉ်မောင်းသူသည် ချဉ်းကပ်လမ်းမှမြန်လမ်းယာဉ်ကြောသို့ပေါင်းဝင်ရောက်စဉ်(Merge)
၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)ယင်းသို့ယာဉ်ကြောပေါင်းဝင်ရောက်ရာတွင် သင့်ယာဉ်၏ရှေ့၊ဘယ်ဘက်နှင့်အမြန်လမ်းသို့အဝင်ရောက်မီ
ဘယ်ဘက်မျက်ကွယ်နေရာကို ဘယ်ဘက်ပခုံးပေါ်ကျော်၍ကြည့်ခြင်းဖြင့်စစ်ဆေးပါ။

(ဂ)လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းလျှင် ယာဉ်ကိုမောင်းနှင်၍အမြန်လမ်းလမ်းပေါ်သို့တက်ပါ။
၂။အချက်ပြပါ။(Signal)





မိမိသည် အမြန်လမ်းပေါ်သို့ဝင်ရောက်တော့မည်ဖြစ်ကြောင်းသိစေရန် အချက်ပြမီးကို မြင်နိုင်သမျှမြင်အောင်
ဖွင့်ထားပေးပါ။အမြန်လမ်းယာဉ်ကြောအတွင်းသို့ရောက်ရှိပြီးပါက အချက်ပြမီးကိုပိတ်ပေးပါ။
၃။အရှိန်ကိုစစ်ဆေးပါ။(Speed)





   ယာဉ်ကြောအခြေအနေပေါ်မူတည်၍ သင့်တင့်သောအရှိန်နှုန်းဖြင့်ဝင်ရောက်ပါ။

၎။ယာဉ်၏ဘေးပတ်လည်တွင် နေရာလွတ်ရှိနေပါစေ။(Spacing)


အမြန်လမ်းယာဉ်ကြောအတွင်းပေါင်းဝင်သည်နှင့်တစ်ပြိုင်နက် မိမိယာဉ်ပတ်လည်မှာ လုံလောက်သောနေရာ
လွတ်ရှိနေပါစေ။(Adequate gap)





ယာဉ်မောင်းနှင်နေစဉ်တွင်လည်းဘယ်ညာရှေ့နောက်တို့တွင် နေရာလွတ်ဖြစ်နေစေအောင်ပြုလုပ်ပါ။
(You make a space cushion to the front, rear and sides of the vehicles.)

၅။ယာဉ်ကြောအနေအထားကိုစစ်ဆေးပါ။(Lane Position)


(က)မျဉ်သေဖြင့်ဘောင်ခပ်ထားသော ယာဉ်ကြောပေါ်မှ ကျော်ဖြတ်သွားခြင်းမရှိစေပဲ အမြန်လမ်းပေါ်သို့ပေါင်း
ဝင်ပါ။







(ခ)ယာဉ်ကြောအလယ်တည့်တည့်သို့ရွှေ့ပါ။




၆။လက်ကိုင်ဘီးကို ကောင်းစွာထိန်းပါ။(Steering Control)


 လမ်းပေါင်းဝင်စဉ် လက်ကိုင်ဘီးကို ညင်သာစွာလှည့်ခြင်းဖြင့် ကောင်းစွာထိန်းသိမ်းပါ။
      ဤသို့အမြန်လမ်းပေါ်သို့ရောက်ရှိလာပြီဆိုလျှင် သင်၏မျက်စိကို အသေမထားပါနဲ့။စက္ကန့်မလပ် မိမိယာဉ်
ဘေးအား အန္တရာယ်ကိုကာကွယ်ရန်အလို့ငှာအမြဲမပြတ်ကြည့်ပါ။


(Keep your eyes moving and scan your surroundings to avoid hazards.)










ယာဉ်မောင်းသူသည် အမြန်လမ်းပေါ်တွင်မောင်နှင်နေစဉ်တွင်(On the Freeway or Highway)
၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)သင့်ယာဉ်၏ရှေ့မှဘေးနှစ်ဘက်နှင့်နောက်ဘက်သို့ အစဉ်စစ်ဆေးပါ။

မှတ်ရန်။   ။ဤသို့စစ်ဆေးရာတွင် သင့်ကြည့်မှန်များအားလုံးကို အသုံးပြုခြင်းနှင့်ဘယ်/ညာပခုံးပေါ်မှကျော်၍
ကြည့်ရမည်ဟုဆိုလိုသည်။





(ခ)ယာဉ်ကိုလုံခြုံစိတ်ချအန္တရာယ်ကင်းစွာမောင်းနှင်ပါ။












၂။အရှိန်ကိုစစ်ဆေးပါ။(Speed)





  မိမိယာဉ်၏အရှိန်ကို အမြဲဂရုစိုက်မောင်းနှင်ပါ။




(က)သတ်မှတ်ထားသောအမြန်နှုန်းကိုမကျော်လွန်စေပဲမိမိယာဉ်၏အရှိန်နှင့် ယာဉ်ကြောစီးဆင်းမှုအလျင်ကို 
ထိန်းသိမ်းမောင်းနှင်ပါ။






မှတ်ရန်။   ။အမြန်လမ်းပေါ်တွင် လမ်းကြောင်းအခြေအနေအရ သတ်မှတ်ထားသောအမြန်နှုန်းထက်ပို၍
မောင်းခြင်း၊လျှော့၍မောင်းခြင်းသည် ယာဉ်မတော်တဆမှုဖြစ်ပွားစေရန်တွန်းအားပေးသကဲ့သို့ ရှိသည်ကို
အမြဲသတိရှိပါစေ။(Do not drive over the speed limit or under the speed limit.)
(ခ)ယာဉ်ကြောစီးဆင်းမှုအခြေအနေကိုကြည့်၍ သင့်လျော်သောအရှိန်နှုန်းကို အသုံးပြု၍မောင်းနှင်ပါ။
၃။ယာဉ်၏ဘေးပတ်လည်တွင် နေရာလွတ်ရှိနေပါစေ။(Spacing)


မိမိနှင့်အတူရွေ့လျှားနေသောယာဉ်များ၏ဘေးဘက်များ၊ရှေ့နှင့်နောက်တို့တွင် ယာဉ်ကြောကို မြင်နိုင်သမျှ
မြင်နိုင်စွမ်းရှိစေရန်အလို့ငှာ နေရာလွတ်ကိုထိန်းသိမ်းမောင်းနှင်ပါ။(You make spacing and maintain
a space cushion around the moving vehicles.)



၅။ယာဉ်ကြောအနေအထားကိုစစ်ဆေးပါ။(Lane Position)


           မိမိယာဉ်အား ယာဉ်ကြောအလယ်တည့်တည့်တွင်ထား၍မောင်းနှင်ပါ။မျဉ်းဝါ သို့မဟုတ် မျဉ်းဖြူဖြင့် 
ဘောင်ခပ်ထားသော ဘေးနှစ်ဘက်အစွန်ရှိယာဉ်ကြောများအတွင်းသို့ ဝင်ရောက်ခြင်းမရှိစေရန်ဂရုစိုက်ပါ။
မှတ်ရန်။   ။အမြန်လမ်းပေါ်တွင် ယာဉ်ကြောအနည်းဆုံးနှစ်ကြောမှ လေးကြောအထိရှိတတ်ပြီး ဘေးနှစ်ဘက်
တွင် ဘောင်ခပ်ထားသောယာဉ်ကြောတစ်ကြောစီရှိတတ်ရာ ယာဉ်ကြောအသုံးပြုမှုမှန်ကန်စေရမည်။အခြား
ာဉ်များအတွက် မိမိကြောင့်ယာဉ်ကြောရှုပ်ထွေးမှု(Lane violation)မရှိစေရပါ။










ယာဉ်မောင်းသူသည် အမြန်လမ်းပေါ်မှထွက်ခွာစဉ်(Exiting)


  ဤသို့ အမြန်လမ်းပေါ်မှမိမိလိုရာခရီးဆုံးသို့ရောက်၍ အမြန်လမ်းမှခွဲထွက်လာတော့မည်ဆိုလျှင်
၁။ယာဉ်လမ်းကြောင်းစစ်ဆေးပါ။(Traffic Check)



(က)သင့်ယာဉ်၏ရှေ့မှဘေးနှစ်ဘက်နှင့်နောက်ဘက်တို့အား စစ်ဆေးပါ။


              ဤသို့စစ်ဆေးရာတွင် သင့်ကြည့်မှန်များအားလုံးကို အသုံးပြုခြင်းနှင့်ဘယ်/ညာပခုံးပေါ်မှကျော်၍
ကြည့်ရမည်ဟုဆိုလိုသည်။အထူးကားလက်ယာဘက်ပခုံးကိုကျော်၍ လက်ယာဘက်မျက်ကွယ်နေရာတွင်
အခြားယာဉ်များရှိမရှိစစ်ဆေးရမည်။(By checking right blind spot.)


(ခ)ယာဉ်ကိုလုံခြုံစိတ်ချအန္တရာယ်ကင်းစွာမောင်းနှင်၍အမြန်လမ်းမှထွက်ပါ။

၂။အချက်ပြပါ။(Signal)





ယင်းသို့ အမြန်လမ်းမှမိမိပြန်ထွက်တော့မည်ဖြစ်ကြောင်းသိစေရန် အချက်ပြမီးဖွင့်ပါ။

(က)အထွက်လမ်းသို့မဝင်ရောက်မီ အချက်ပြမီးဖွင့်ပါ။(Activate turn signal before entering exit lane.)
(ခ)အထွက်လမ်းပေါ်သို့ရောက်လျှင် အချက်ပြမီးကိုပယ်ဖျက်ပါ။ပြန်ပိတ်ပါ။(Cancel turn signal at the
    exit lane.)






၃။အရှိန်ကိုစစ်ဆေးပါ။(Speed)





(က)အထွက်လမ်းတွင် အရှိန်ကိုလျှော့ချပါ။အချို့အထွက်လမ်းများတွင် အမြန်နှုန်းသတ်မှတ်ထားသဖြင့်ယင်း
သတ်မှတ်ထားသောအမြန်နှုန်း(Posted speed limit)ထက်မကျော်လွန်စေပဲ မိမိအရှိန်ကိုထိန်း၍ထွက်ပါ။
(ခ)ယာဉ်ကြောအသွားအလာပေါ်မူတည်ပြီး သင့်လျော်သောအရှိန်နှုန်းကိုအသုံးပြုပါ။

၎။ယာဉ်၏ဘေးပတ်လည်တွင် နေရာလွတ်ရှိနေပါစေ။(Spacing)


အထွက်လမ်းတွင်လည်း နေရာလွတ်ကိုဖန်တီးပါ။



(က)လုံလောက်သောနေရာလွတ်ရရှိရန် စောင့်ပါ။(Wait for an adequate gap.)

(ခ)မိမိနှင့်အတူရွေ့လျှားနေသောယာဉ်များ၏ဘေးဘက်များ၊ရှေ့နှင့်နောက်တို့တွင် ယာဉ်ကြောကို မြင်နိုင်
သမျှမြင်နိုင်စွမ်းရှိစေရန်အလို့ငှာ နေရာလွတ်ကိုထိန်းသိမ်းမောင်းနှင်ပါ။(You make spacing and maintain
a space cushion around the moving vehicles.)



၅။ယာဉ်ကြောအနေအထားကိုစစ်ဆေးပါ။(Lane Position)


(က)မျဉ်းဝါသို့မဟုတ်မျဉ်းဖြူဖြင့် ဘောင်ခပ်ထားသောမျဉ်းပေါ်မှဖြတ်သန်းသွားခြင်းမရှိစေပဲ အမြန်လမ်းမှ
ထွက်ပါ။(You exit the freeway without going over the solid boundary lines.)
(ခ)ယာဉ်အားယာဉ်ကြောအလယ်တည့်တည့်တွင်ထိန်းသိမ်းမောင်းနှင်ပါ။(You keep the vehicle in the
     center of the lane.)





၆။လက်ကိုင်ဘီးကို ကောင်းစွာထိန်းပါ။(Steering Control)


လက်ကိုင်ဘီးကို ညင်သာစွာလှည့်ခြင်းဖြင့် အမြန်လမ်းမှထွက်ပါ။(You exit by turning the steering 
wheel smoothly.)






      ဤသို့ဖြင့် သင်သည် အမြန်လမ်းပေါ်မှ လုံခြုံစိတ်ချအန္တရာယ်ကင်းစွာဖြင့် ထွက်ခွာလာနိုင်ပေလိမ့်မည်။


















     ၈။အလွန်အန္တရာယ်ရှိသော ယာဉ်မောင်းနှင်မှုအမှားများ(Critical Driving Errors)
          သင်၏ယာဉ်မောင်းစွမ်းရည်ပြုမူဆောင်ရွက်ချက်ကောင်းမကောင်းကို ယခုဖော်ပြပါ အန္တရာယ်ရှိသော 
ယာဉ်မောင်းနှင်မှုအမှားများနှင့် အကဲဖြတ်စစ်ဆေးနိုင်သည်။



အန္တရာယ်ရှိသောယာဉ်မောင်းနှင်မှုအမှာ(၈)ချက်ရှိရာ ယင်းတို့ကို ကောင်းစွာကြည့်ရှုမှတ်သားသင်းပေ၏။
၁။ယာဉ်အားနောက်ဆုတ်ရာတွင်သုံးကြိမ်ထက်ကျော်၍နောက်ဆုတ်ပါမှ မိမိရပ်လိုသောနေရာရပ်
   ရခြင်း။(You make three attempts to back your vehicle.)

၂။အရာဝတ္ထုအားထိခိုက်မိခြင်း(Strikes Object)



(က)အန္တရာယ်ကိုမဖြစ်အောင်ကာကွယ်ရမည့်အရာများဖြစ်သည့် အခြားယာဉ်များ၊လမ်းသွားလမ်းလာများ၊
     တိရစ္ဆာန်များကိုတိုက်မိခြင်း။





(ခ)ယာဉ်သွားလမ်းကန့်သတ်စည်းလမ်းဘေးကပ်တုံးနှင့် လူသွားလမ်းပေါ်သို့ ယာဉ်အားမောင်းနှင်မိစေခြင်း။









၃။ယာဉ်ကြောအမှတ်အသားနှင့်အချက်ပြများအားလိုက်နာမှုကျက်ကွက်ခြင်း။
   (Disobeys traffic signs and signals)



(က)သင်သည် လူတစ်ယောက်မြန်မြန်လျှောက်သွားသည့်အရှိန်(Brisk walking speed=4m.p.h)၄-မိုင်နှုန်း
     ထက်ပို၍ ရပ်မျဉ်း(Stop Sign)အားလည်းကောင်း၊တဖျတ်ဖျတ်လင်းနေသောမီးနီ(Fleshing red light)
     အားလည်းကောင်း၊မိးနီနေစဉ်လက်ယာဘက်သို့ချိုးကွေ့ခြင်း(Right turn ona red light)အားလည်း
     ကောင်းဖြတ်၍မောင်းနှင်ခြင်း





(ခ)မီးနီစဉ် မီးစိမ်းပြသည်အထိ ရပ်၍စောင့်ခြင်းမရှိခြင်း။



    သင်သည် အန္တရာယ်ကင်းစေရန်အလို့ငှာ မီးနီနေစဉ် ယာဉ်အားအပြည့်အဝရပ်စေပြီးမှ လက်ယာဘက်သို့
ချိုးကွေ့ခြင်း(Right turn)ပြုလုပ်ရာ၏။“မီးနီမကွေ့ရ”(No turn on red)ဟူသော အမှတ်အသားမရှိလျှင်
သင်သည် မီးနီနေသော်လည်း လက်ယာဘက်သို့ ယာဉ်ကြောကင်းရှင်းပါက စိတ်ချစွာချိုးကွေ့နိုင်၏။
(ဂ)မလိုအပ်ပဲ မီးစိမ်း(Green light)နေစဉ် သို့မဟုတ် အမြန်လမ်းအဝင်ပြုလုပ်စဉ်တွင် ရပ်ခြင်း။
(ဃ)ယာဉ်သွားလမ်းကြောင်းပြအမှတ်အသားနှင့်အချက်ပြများ(Disobeys traffic signs and signals)ဖြစ်
     သည့်ဆေးခြယ်ထားသောမျှားများ(Painted arrows)၊ကျွန်းမှား(Painted islands)၊အနီအပြာစသည်ဆေး
ခြယ်ထားသောယာဉ်သွားလမ်းကြောင်းနယ်နိမိတ်ကန့်သတ်စည်းလမ်းဘေးကပ်တုံးများ(Curb marking)၊
လမ်းပြင်နေစဉ်သို့မဟုတ် အခြားအကြောင်းတစ်ခုတစ်ခုကြောင့်ယာဉ်လမ်းကြောင်းလွှဲများ(Traffic Cones)
အားလိုက်နာရန်ပျက်ကွက်ခြင်းများ။





၎။တစ်ဦးချင်းစီ၏လုံခြုံမှုနှင့် ယာဉ်များ၏လုံခြုံစိတ်ချရမှုကိုလိုက်နာရန်ပျက်ကွက်ခြင်း။
   (Disobeys safety personel and safety vehicles)


(က)တဖျတ်ဖျတ်လင်းနေသောကျောင်းကြိုပို့ကား(School bus that has fleshing red light)အားကျော်
    တက်မောင်းနှင်ခြင်း။





(ခ)အရေးပေါ်ယာဉ်အတွက် လမ်းပေးခြင်းနှင့်ရပ်ပေးရန်ပျက်ကွက်ခြင်း။(You fail to pull over and stop 
    for emergency vehicle.)





(ဂ)လမ်းကြောင်းလုဲံခြုံစိတ်ချရအောင် ဆောင်ရွက်နေသူ၊ယာဉ်ထိန်းရဲ သို့မဟုတ် မီးသတ်သမားများအား
    လိုက်နာမှုပျက်ကွက်ခြင်း။





၅။အန္တရာယ်ရှိသောယာဉ်မောင်းနှင်မှု။(Dangerous Maneuver)

(က)အခြားယာဉ်မောင်းနှင့်လမ်းသွားလမ်းလာများအားထိခိုက်စေမိခြင်း။


(ခ)အန္တရာယ်ရှိသည့် ယာဉ်ကြောအချက်ပြထိန်းချုပ်မှုမရှိသောလမ်းဆုံများတွင် ယာဉ်ကြောရှင်းမရှင်းစစ်ဆေး
    ရန်အလို့ငှာ သင်၏ဦးခေါင်းနှင့်မျက်စိတို့ ရွေ့လျှားမှုမရှိခြင်း။


(ဂ)အမြန်လမ်းသို့ဝင်စဉ်သော်လည်းကောင်း၊အထွက်တွင်သော်လည်းကောင်း အမြန်လမ်းအဝင်အထွက်
    ယာဉ်ကြောပေါ်တွင် မလိုအပ်ပဲရပ်ဆိုင်းခြင်း။



(ဃ)ယာဉ်ကြောကို အနှောင့်အယှက်ဖြစ်စေသည့် အပြုအမူဖြစ်သော မည်သည့်အချိန်မဆို လမ်းဆုံလမ်းခွ
    အားပိတ်၍ရပ်ဆိုင်းခြင်း။





(င)အစဉ်သဖြင့် ယာဉ်ကြောပြောင်းသောအခါ၊ယာဉ်သွားလမ်းကန့်သတ်စည်းလမ်းဘေးကပ်တုံး သို့မဟုတ်
    လမ်းဘေးမှ လမ်းမပေါ်တက်သောအခါတို့တွင် သင်၏ကြည့်မှန်များအားလုံးနှင့် မိမိပခုံးနှစ်ဘက်ပေါ်မှ
    ကျော်၍နောက်ဘက်နှင့်မျက်ကွယ်အရပ်တို့အားစစ်ဆေးရန်ကြည့်ရှုမှုမရှိခြင်း။

(စ)လမ်းဆုံလမ်းခွတွင် မိမိယာဉ်၏အင်ဂျင်စက်ကိုရပ်မိစေခြင်းနှင့်အားနည်းသောဂီယာကိုအသုံးပြုခြင်းကြောင့်
    သော်လည်းကောင်း၊အားနည်းသော ကလပ်ခ်ျ အသုံးပြုခြင်းကြောင့်သော်လည်းကောင်းမိမိယာဉ်၏ 
    အင်ဂျင်စက်ကို သုံးကြိမ်တိုင်အောင်ရပ်မိစေခြင်း။



၆။အန္တရာယ်ဖြစ်စေနိုင်သော အရှိန်ကိုအသုံးပြုမှု(Speed)


(က)သင်သည် သတ်မှတ်ထားသောအမြန်နှုန်းထက် ၁၀မိုင်(10 m.p.h over the speed limit)ထက်ပို၍
     မောင်းနှင်ခြင်းနှင့်အနိမ့်ဆုံးအမြန်နှုန်းသတ်မှတ်ထုတ်ပြန်ထားမှုမရှိပါပဲသတ်နမှတ်ထားသောအမြန်နှုန်း
အောက် ၁၀မိုင်(10 m.p.h under the speed limit)ထက် လျော့နည်းစွာမောင်းနှင်ခြင်း။
(ခ)သင်သည် အလွန်မြန်လွန်းစွာမောင်းခြင်း၊အလွန်နှေးကွေးစွာမောင်းခြင်း။

    (You drive too fast or too slow.)




    ဆိုလိုသည်မှာ ၅၅မိုင်နှုန်းဖြင့်မောင်းရန်သတ်မှတ်ထားသောလမ်းပေါ်၌ သင်သည် ၆၅မိုင်နှုန်းထက်မောင်း
လျှင် အလွန်မြန်လွန်းစွာမောင်းခြင်းဖြစ်ပြီး ၄၅မိုင်နှုန်းအောက်လျော့၍မောင်းလျှင် အလွန်နှေးကွေးစွာ မောင်း
ခြင်းမည်၏။






၇။အထောက်အကူပြုပစ္စည်းများအသုံးပြုမှုမေ့လျော့ခြင်း။(Auxilliary equipment use)
     သင်သည် ရေသုတ်ကိရိယာ(windshield wipers)၊နှင်းခွဲကိရိယာ(defroster) သို့မဟုတ် ရှေ့မီးကြီးများ
(Headlights)ကို ရာသီဥတုအခြေအနေအရသော်လည်းကောင်း၊ယာဉ်ကြောမမြင်ရလောက်အောင်မဲမှောင်
နေသည့်အခါတို့တွင်လည်းကောင်း အသုံးပြုမှုမေ့လျော့ခြင်း။


၈။ယာဉ်ကြောအား နှောင့်ယှက်ခြင်း(Lane Violation)


(က)သင်သည် စက်ဘီးလမ်းကြောအတွင်းသို့လည်းကောင်း၊နှစ်လမ်းသွား ဘယ်ကွေ့ရမည့်ယာဉ်ကြော
     အတွင်းသို့လည်းကောင်း ၂၀၀အတွင်းမရောက်မီ ဝင်ရောက်ခြင်း(Further than 200 feet in a bike
     lane or two-way center left tunr lane)၊လုံးဝချိုးကွေ့ရမည့်ယာဉ်ကြောတွင် ရှေ့တည့်တည့်သို့
မောင်းခြင်း၊မည်သည့်အခါမဆို မျက်နှာချင်းဆိုင်မှလာသောတစ်ဖက်ယာဉ်ကြော(oncoming traffic lane)
အတွင်းသို့ ဝင်ရောက်ခြင်း။





(ခ)ယာဉ်ကြောအမှားမှချိုးကွေ့မှုပြုခြင်း စသည်တို့သည် ယာဉ်ကြောအားနှောင့်ယှက်ခြင်းမည်၏။
       သင်၏ယာဉ်မောင်းစွမ်းရည်ပြုမူဆောင်ရွက်ချက်များကို အထက်ဖော်ပြပါတို့နှင့်တိုက်ဆိုင်၍ စစ်ဆေး
အကဲဖြတ်နိုင်ပါသည်။






       ဤစာစုကို ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စု၌ ခေတ္တခဏ နေထိုင်စဉ်အခိုက်အတန့်တွင် မိမိကိုယ်
တိုင်ယာဉ်မောင်းနိုင်ရန်အလို့ငှာ ယာဉ်မောင်းလိုင်စင်ရရှိဖို့ Driving Test ဖြေဆိုသည့်အခါ ယာဉ်စည်းကမ်း
လမ်းစည်းကမ်းများနှင့် လမ်းများအသုံးပြုပုံ အယာဉ်အဝင်အထွက်တို့ကို လေ့လာမှတ်သားမိသမျှ စုစည်းကာ
ရေးသားပြီး ပြန်လည်မျှဝေလိုက်ပါ၏။ဤစာစုရေးသားရခြင်း၏ရည်ရွယ်ချက်ကား ယခုအခါ ကျွန်ုပ်တို့ မြန်မာ
နိုင်ငံတွင် ခေတ်မီဖွံ့ဖြိုးတက်တက်လာသည့်နှင့်အမျှ ယာဉ်များလမ်းများဖွံဲ့ဖိုးတိုးတက်မှုသည်လည်း တစ်နှစ်
ထက်တစ်နှစ် ရှုပ်ထွေးများပြားလာမည်ဖြစ်ရာ တစ်ဦးခြင်းစီ၏ ယာဉ်စည်းကမ်းလမ်းလမ်းစည်းကမ်းပြည့်ဝစွာ
နားလည်ထားပါမှ ဖြစ်မည်ကို သိရှိစေလိုသောစေတနာမှန်ဖြင့်ရေးသားရခြင်းဖြစ်ပါ၏။သို့မို့ကြောင့်ယာဉ်မောင်း
သင်မည့်သူများ အထောက်အကူရ၍ စည်းကမ်းပြည့်ဝသော ယာဉ်မောင်းသူများဖြစ်ကြပါစေကြောင်း ဤစာစု
ဖြင့် ဆုမွန်ကောင်းလိုက်ပါ၏။






DR. Thein Hlaing





          B.D.S.(YGN),F.I.C.D(U.S.A)



          thein.hlaing1970@gmail.com



No comments:

Post a Comment