Thursday, October 31, 2013

အန္တရာယ်တစ်စိ မကပ်ငြိရလေအောင် အဖြစ်တော်ပေါင်းကိုဆောင်


       အန္တရာယ်တစ်စိ မကပ်ငြိရလေအောင် အဖြစ်တော်ပေါင်းကိုဆောင်
                ယခုဖော်ပြမယ့် စာစုလေးကတော့ ယခုဘဝတွင် အန္တရာယ်အပေါင်းမှကင်းရှင်းစွာ ဘဝခရီး
ကို လွယ်လင့်တကူ လျှောက်လှမ်းနိုင်ရန်အလို့ငှာ အကောင်းဆုံးလက်ဆောင် အဖြစ် ဂေါတမဗုဒ္ဓမြတ်စွာ
ဘုရားရှင်ရဲ့ ဘုရားလောင်းဘဝ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်ခြင်းမရှိသော ဘဝပေါင်း၁၃၆-ဘဝ
အဖြစ်တော်ပေါင်းကို သဒ္ဓါတရားရှေ့ထား၊ယုံကြည်ကိုးစားစွာ ရွတ်ဖတ်ပူဇော်နိုင်ရန်အလို့ငှာ ရေးသားပါသည်။
         သတ္တဝါတို့မည်သည်မှာ လောကအလယ်မှာ ဆူးပြွမ်းသောလမ်းကို လျှောက်လှမ်းရဘိသကဲ့သို့
အန္တရာယ်အသွယ်သွယ်နှင့် မီးဘေး,ရေဘေး,လေဘေး စသော သဘာဝဘေးအန္တရာယ်တို့ကြားမှာ
လျှောက်လှမ်းနေကြရသော ခရီးသွားများသာဖြစ်ကြ ကြောင်း မြတ်စွာဘုရားရှင်သည် လေးအသင်္ချေ
နှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်ကျင့်ခဲ့ရသည့် မရေတွက်နိုင်အောင် များလှစွာသောဘဝများ
တွင်မှ ဘဝပေါင်း၁၃၆-ဘဝ ၌သာလျှင် ဘေးရန်အသွယ်သွယ် ရန်မာန်ခပ်သိမ်း မှကင်းပရသည်က
သက်သေခံနေကြောင်းသိသာထင်ရှာလှပါ၏။ယင်း ဘဝပေါင်း ၁၃၆-ဘဝ ကို ရှေးမြန်မာ ဆရာတော်
ကြီးများနှင့်တကွ ပညာရှင်များမှ ဂါထာသီကုံးဖွဲ့နွဲ့၍ ရွတ်ပွားပူဇော်စေခြင်းဖြင့်လည်းကောင်း၊ အင်း,
အဆောင်,လက်ဖွဲ့အဖြစ် ဆောင်စေခြင်းဖြင့်လည်းကောင်း အန္တရာယ် အပေါင်းမှကင်းပအောင်

စောင့်ရှောက်ခဲ့ကြပေ၏။ဘုရားလောင်းဘဝ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်ခြင်းမရှိသော ဘဝ
ပေါင်း၁၃၆-ဘဝကို ဖော်ပြရလျှင်





၁။ဂျိုးကြာငှက် ဘဝ ၁၆-ဘဝ





၂။ဟင်္သာငှက်ဘဝ ၉-ဘဝ





၃။ခိုငှက် ဘဝ ၆-ဘဝ






၎။ကျေးညိုငှက် ဘဝ ၃-ဘဝ





၅။ကရဝိတ်ငှက် ဘဝ ၅-ဘဝ





၆။ကိန္နရီ ဘဝ ၄-ဘဝ






၇။စာမရီ ဘဝ ၁၅-ဘဝ





၈။မြောက် ဘဝ ၁၀-ဘဝ





၉။ဆင် ဘဝ ၁၁-ဘဝ






၁၀။နွား ဘဝ ၁၄-ဘဝ






၁၁။သိန္ဓောမြင်း ဘဝ ၁-ဘဝ





၁၂။ကျွဲ ဘဝ ၈-ဘဝ






၁၃။ဥဒေါင်းငှက် ဘဝ ၂-ဘဝ





၁၄။သာလိကာငှက် ဘဝ ၇-ဘဝ





၁၅။ကြက်ငှက် ဘဝ ၁၂-ဘဝ





၁၆။ဝက် ဘဝ ၁၃-ဘဝ စသည်ဖြင့် ဘဝပေါင်း ၁၃၆-ဘဝရှိ၏။










ယင်းကို ဆရာတော်ကြီးများက အောက်ဖော်ပြပါအတိုင်း ဂါထာသီကုံး ဖွဲ့ဆိုခဲ့ကြ၏။

   “အစဂျိုးကြာ ၁၆-ခါနှင့်၊ဟင်္သာ ၉-ဖြစ်၊၆-ဖြစ်ကားခို၊ကျေးညို ၃-ခါ၊သံသာကျူးဟိတ် ကရဝိတ် ၅၊
၎-ပါး ကိန္နရီ၊စာမရီ ၁၅၊မြောက်ကား ၁၀၊ဆင်ဝယ် ၁၁၊နွားဖြစ် ၁၄၊ဧကေးသိန္ဓဝ၊ကျွဲ အဋ္ဌနှင့်၊သံမြ
သာညောင်း ဥဒေါင်း ၂-ခါ၊သာလိကာ သတ္တ၊ဒွါဒသ ကြက်၊ဝက်ကား ၁၃၊ပေါင်းရုံးများစွာ၊ တစ်ရာ့
သုံးဆယ်၊ခြောက်ဖြစ်ဝယ်၌၊ အန္တရာယ်တစ်စိ၊ဘေးမရှိသည့်၊မုနိမြတ်လောင်း၊ဖြစ်တော်ပေါင်းကို၊
ညွှတ်ပြောင်းတုပ်ကွ၊ပဏာမဖြင့်၊ကြည်စွသဒ္ဓါ၊ရှိခိုးပါ၏ အရှင်ဘုရား”


      ဟု သီကုံးရေးဖွဲ့ မြတ်စွာဘုရားရှင်ကို ကြည်လင်သဒ္ဓါစိတ်ဖြင့် ရှိခိုးကော်ရော် ပူဇော်ခဲ့ကြပါ၏။
အထက် ဖော်ပြပါ ဂါထာကို အလွတ်ရအောင် ကျက်မှတ်၍ မြတ်စွာဘုရားရှင်ကို ကြည်လင်သောသဒ္ဓါ
စိတ်ဖြင့် နေ့စဉ် ရှိခိုးကော်ရော် ပူဇော်ကြမည်ဆိုလျှင် ဘေးအန္တရာယ်ခပ်သိမ်းအပေါင်းမှ လွတ်ကင်း
ကြ၍ မိမိတို့လိုလားသောဘဝခရီးကိုလွယ်လင့်တကူရှောက်လှမ်းနိုင်ကြမည်ဖြစ်ပါကြောင်း

ကောင်းမြတ်သောစေတနာဖြင့်ရေးသားပါသည်။






























၁၆




၁၅
၁၀




၁၁
၁၄




၁၂
၁၃




    အဘယဇာတကအင်း ခေါ် အဖြစ်တော်ပေါင်းအင်း










ဒေါက်တာ သိန်းလှိုင် (B.D.S.,Ygn)၊ဖားကန့်မြို့၊ကချင်ပြည်နယ်။



e-mail address;thein.hlaing1970@gmail.com   Phone;09-5105014,09-47011855




















2 comments:

  1. ဆူးပြွမ်းသော ဘဝခယောင်းလမ်းမှာ အန္တရာယ်ကင်းစွာလျှောက်လှမ်းနိုင်ကြပါစေ.....

    ReplyDelete
  2. ငွေစန္ဒာ လရထားနဲ့ ကြက်ငယ်တစ်စုတို့ ပျော်တဲ့ည

    ကောဇာသက္ကရာဇ် ၁၃၇၅ခုနှစ်၊တန်ဆောင်မုန်းလပြည့်(၁၅ရက်)၊တနင်္ဂနွေနေ့၊ခရစ်နှစ်၂၀၁၃၊နိုဝင်ဘာ(၁၇)ရက် နေ့သည် လွန်စွာထူးကဲသည့်နေ့ဖြစ်ပါ၏။ယခုနှစ်သည် နက္ခတ်အသွားအလာမှန်ကန်သဖြင့် တန်ဆောင်မုန်းလ ပြည့်နေ့၏ လပြည့်ဝန်းတိထီနှင့် မြန်မာတို့အခေါ် ဖျောက်ဆိပ်ကြယ်၊နက္ခတ်အမည် ကြတ္တိကာနက္ခတ်တို့ တူပြိုင် ထွန်းပနေပေ၏။ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်)အစုသည် မျက်မြင်အားဖြင့် စပျစ်ခိုင်ကဲ့သို့ ကြယ် ၇-လုံး စုကာနေသဖြင့် “ကြတ္တိကာကြယ် ခုနှစ်သွယ် ကြက်ငယ်စုသလို”ဟု မှတ်သားရလွယ်ကူအောင် ရှေးမြန်မာကြီး များက ဆိုစမှတ်ပြုကာထားခဲ့ကြပေ၏။ဤတန်ဆောင်မုန်းလရာသီကား ဗုဒ္ဓဘာသာဝင်တို့ ကထိန်အလှူပွဲကြီး များကို နိုင်ငံအဝှမ်း ချိမ့်ချိမ့်သဲမျှ အလှူဒါနပြုသည့်လထူးလမြတ်ဖြစ်ပေ၏။မိုးလေကင်းလွတ်သဖြင့် တန်ဆောင် မုန်းပြည့်ညသည် ကောင်းကင်တစ်ခွင် နက္ခတ်စုံလင်စွာမြင်တွေ့ခွင့်လည်းရသဖြင့် နက္ခတ်သဘင်ပွဲကျင်းပရာ လလည်း ဖြစ်ပေ၏။ယခုနှစ်လပြည့်စန်းတိထီသည် လပြည့်နေ့(၁၇.၁၁.၂၀၁၃) မွန်းလွဲ ၁း၀၇ နာရီတွင် စတင်ပြီး ကြတ္တိကာနက္ခတ် နယ်ပယ်သို့ ဝင်ရောက်ကာ လပြည့်ကျော် ၁-ရက်နေ့(၁၈.၁၁.၂၀၁၃) မွန်းလွဲ ၂း၃၉ နာရီ၌ ထွက်၏။ထို့ကြောင့်ယခုနှစ်တန်ဆောင်မုန်းလပြည့်နေ့ညသည် အတိအကျ ဆေးပေါင်းခသည့်ညဟုဆိုရပါမည်။ တန်ဆောင်မုန်းလပြည့်နေ့ညသည် နွယ်မြက်သစ်ပင်မှန်သမျှ ဆေးဘက်ဝင်သဖြင့် ရှေးအစဉ်အဆက်မှစ၍ မယ်ဇလီဖူးသုတ်စားကြသည်ယနေ့တိုင်အောင်ပင်ဖြစ်၏။သို့မို့ကြောင့် ဆေးပေါင်းခသည့်ညတွင် အန္တရာယ်ကင်း ဘေးရှင်း ကျန်းမာပျော်ရွှင်ရလေအောင်မယ်ဇလီဖူးသုတ် သုတ်စားရမည့်အချိန်ကို ရေးသားမျှဝေလိုက်ရပါ၏။ ကြတ္တိကာနက္ခတ်နှင့်ယှဉ်တွဲကာ လပြည့်ဝန်းကြီးအရှေ့အရပ်မှ စတင်ထွက်ပြူလာသည့် ညနေ ၅း၁၆ နာရီ မှ ၆း၀၅ နာရီအတွင်း မယ်ဇလီဖူးများဆွတ်ချူကာထားပြီ ကြတ္တိကာနက္ခတ်နှင့်ယှဉ်တွဲကာ လပြည့်ဝန်းတို့ မွန်းတည့်မျဉ်းသို့ဝင်ရောက်ချိန် လပြည့်နေ့ ည ၁၁း၄၃ နာရီ မှ လပြည့်ကျော်(၁)ရက်နေ့နံက်အဝင် ၀၀း၃၇ နာရီ အတွင်း၌ မယ်ဇလီဖူးများပြုတ်ကာ ဆေးဘက်ဝင်အသုတ် ပြုလုပ်စားသုံးကြလေရာ၏ဟု ကောင်းမြတ်သော စေတနာဖြင့် ရေးသားမျှဝေလိုက်ရပါ၏ခင်ဗျား……

    ReplyDelete