သံသရာပြစ် ပယ်ခွာလှစ်ဖို့ ဆယ်ပါးခင်ပွန်း တိုးလျှိုးတောင်းပန်ပါ | ||||||||||
ကျွန်တော်တို့သည် ဘဝသံသရာအဆက်ဆက်၌ သဗ္ဗညု မြတ်စွာဘုရား,ပစ္စေကဗုဒ္ဓ,ရဟန္တာ,အဂ္ဂသာဝက | ||||||||||
မဟာသာဝက,အမိ,အဖ,အတတ်ပညာသင်ကြားပေးသောဆရာ,လောကထွက်မြောက်ကြောင်း အကျင့် | ||||||||||
ကောင်းကို ဟောဖော်ညွှန်ပြ ဆရာသမားလူကြီးသူမများ,ကမ္မဋ္ဌာန်းနည်းပြဆရာနှင့် တစ်လုပ်စားဖူးကျေးဇူး | ||||||||||
ရှိကြကုန်သော ကျေးဇူးရှင်များအပေါ် ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေ | ||||||||||
လျှက်နှင့်ဖြစ်စေ ပြစ်မှားလွန်ကျူးမိခဲ့ကြပေလိမ့်မည်။ရှေးဘဝများစွာမှစ၍ ယခုဘဝတိုင်အောင် တင်ရှိနေသော | ||||||||||
အပြစ်ကြွေးများပြေပျောက်စေရန် ခင်ပွန်းကြီး ၁၀-ပါးအား တိုးလျှိုးတောင်းပန်ပူဇော်ကန်တော့သင့်လှပါသည်။ | ||||||||||
ခင်ပွန်းကြီးဆယ်ပါး ဂါထာ | ||||||||||
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါစ | ||||||||||
အရဟာ အဂ္ဂသာဝကာ | ||||||||||
မာတာ ပိတု ဂုရု သတ္တာ | ||||||||||
ဓမ္မဒေသကာစ ဒါယကာ | ||||||||||
ဣမေ ဒသ မဟာဂုနေ | ||||||||||
ဝန္တာမိ သိရသာမဟံ။ | ||||||||||
ကျေးဇူးအထူးရှိသောပုဂ္ဂိုလ် ၁၀-ပါးမှာ | ||||||||||
၁။ဗုဒ္ဓ(သဗ္ဗညု မြတ်စွာဘုရား) | ||||||||||
၂။ပစ္စေကဗုဒ္ဓါ(ဘုရားငယ်) | ||||||||||
၃။အရဟာ(ရဟန္တာ) | ||||||||||
၎။အဂ္ဂသာဝက(လက်ဝဲ,လက်ယာရံ သာဝက) | ||||||||||
၅။မာတာ(မိခင်) | ||||||||||
၆။ပိတု(ဖခင်) | ||||||||||
၇။ဂုရု(လောကီအတတ်ပညာ,အသိပညာ သင်ကြားပေးသောဆရာ) | ||||||||||
၈။သတ္တာ(သရဏဂုံ သုံးပါးနှင့်တကွ အသိလိမ္မာတိုးပွားအောင် ဆုံးမပေးသောဆရာနှင့်လူကြီးသူမများ) | ||||||||||
၉။ဓမ္မဒေသကာ(လောကမှထွက်မြောက်ကြောင်း သမထ,ဝိပဿနာ ကမ္မဋ္ဌာန်းပေးသောဆရာ) | ||||||||||
၁၀။ဒါယကာ(တစ်လုပ်စားဖူး သူ့ကျေးဇူးအထူးရှိကြသော ကျေးဇူးရှင်များ) ဟူ၍ဖြစ်ပါသည်။ | ||||||||||
အထက်ဖော်ပြပါ ခင်ပွန်းကြီး ၁၀-ပါးအား ကျွန်တော်တို့သည် သံသရာအပြစ်ကြွေးများ ပြေပျောက်စေခြင်း | ||||||||||
အလို့ငှာ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့သင့်လှပေသည်။ယင်းသို့ ပူဇော်ကန်တော့သဖြင့် အကျိုးမယုတ် | ||||||||||
သည့်အပြင် လောကီလောကုတ်နှစ်ဖြာသော ကောင်ကျိုးချမ်းသာတို့ကို ယခုမျက်မှောက်ဘဝမှာပင် ခံစား | ||||||||||
စံစားရသကဲ့သို့ နောင်တမလွန်ဘဝများအတွက်ပါ ကောင်းကျိုးဝေဆာရှိပါလိမ့်မည်။ခင်ပွန်းကြီး ၁၀-ပါးအား | ||||||||||
ဘဝတွင်အနည်းဆုံး တစ်ကြိမ်မျှ ဆွမ်းတော်ကပ်လှူပူဇော်ပွဲပြုလုပ်၍ သံသရာအပြစ်ကြွေးများ ပြေပျောက်စေ | ||||||||||
ခြင်းအလို့ငှာ ဝန်ချတောင်းပန်ကန်တော့သင့်လှပါသည်။ခင်ပွန်းကြီး ၁၀-ပါးဆွမ်းတော်ကပ်လှူပူဇော်ပွဲပြုလုပ် | ||||||||||
နိုင်ရန် အောက်တွင်ဖော်ပြပေးလိုက်ပါသည်။ | ||||||||||
ခင်ပွန်းကြီး ၁၀-ပါးဆွမ်းတော်ကပ်လှူပူဇော်ပွဲ | ||||||||||
လိုအပ်သော လှူဖွယ်ဝတ္ထု | ||||||||||
၁)သကြားဖြူးထားသော ဆွမ်းတော်(၁၀)ပွဲ။ | ||||||||||
၂)သောက်တော်ရေ(၁၀)ခွက်။ | ||||||||||
၃။ဖယောင်းတိုင်(၁၀)တိုင်။ | ||||||||||
ဘုရားစင်ရှေ့တွင် စားပွဲရှည်ခင်း၍ လက်ယာဖက်မှ စတင်၍အစဉ်အတိုင်း ခင်ပွန်းကြီး ၁၀-ပါးဆွမ်းတော်ပွဲ | ||||||||||
ကိုပြင်ဆင်ပါ။ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားရှင်အား အဦးအစထား၍ ဆွမ်းတော်ကပ်လှူပူဇော်ပါ။ | ||||||||||
၁။ဗုဒ္ဓ(သဗ္ဗညု မြတ်စွာဘုရား) | ||||||||||
“ဗုဒ္ဓမြတ်စွာဘုရားရှင်အားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့် ပူဇော်ပါ၏ အရှင်ဘုရား။ | ||||||||||
အလှူခံတော်မူကြပါဘုရား။တပည့်တော်(..........)နေ့သားသည် ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး | ||||||||||
အပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ | ||||||||||
ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာ | ||||||||||
ရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိကာ လောကီလောကုတ္တရာ | ||||||||||
နှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ် | ||||||||||
ကြီးဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။ | ||||||||||
၂။ပစ္စေကဗုဒ္ဓါ(ဘုရားငယ်) | ||||||||||
“ပစ္စေကဗုဒ္ဓ ကိုယ်တော်မြတ်ကြီးများအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့် ပူဇော်ပါ၏ | ||||||||||
အရှင်ဘုရား။ အလှူခံတော်မူကြပါဘုရား။တပည့်တော်(..........)နေ့သားသည် ပစ္စေကဗုဒ္ဓ ကိုယ်တော်မြတ် | ||||||||||
ကြီးများအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြော | ||||||||||
မှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ် | ||||||||||
ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိကာ လောကီ | ||||||||||
လောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ပစ္စေကဗုဒ္ဓ ကိုယ်တော် | ||||||||||
မြတ်ကြီးများဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။ | ||||||||||
၃။အရဟာ(ရဟန္တာ) | ||||||||||
“ရဟန္တာ ကိုယ်တော်မြတ်ကြီးများအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့် ပူဇော်ပါ၏ | ||||||||||
အရှင်ဘုရား။ အလှူခံတော်မူကြပါဘုရား။တပည့်တော်(..........)နေ့သားသည် ရဟန္တာ ကိုယ်တော်မြတ် | ||||||||||
ကြီးများအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြော | ||||||||||
မှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ် | ||||||||||
ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိကာ လောကီ | ||||||||||
လောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ရဟန္တာ ကိုယ်တော် | ||||||||||
မြတ်ကြီးများဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါနးပါ။ | ||||||||||
၎။အဂ္ဂသာဝက(လက်ဝဲ,လက်ယာရံ သာဝက) | ||||||||||
“လက်ဝဲရံ,လက်ယာရံကိုယ်တော်မြတ်သာဝကကြီးများအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံ | ||||||||||
စွာဖြင့် ပူဇော်ပါ၏ အရှင်ဘုရား။ အလှူခံတော်မူကြပါဘုရား။တပည့်တော်(..........)နေ့သားသည် လက်ဝဲရံ, | ||||||||||
လက်ယာရံကိုယ်တော်မြတ်သာဝကကြီးများအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ | ||||||||||
ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် | ||||||||||
တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာ | ||||||||||
ရတနာများ တိုးပွားရရှိကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရ | ||||||||||
ပါလိုကုန်၏ လက်ဝဲရံ,လက်ယာရံကိုယ်တော်မြတ်သာဝကကြီးများဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူ | ||||||||||
ဒါန်းပါ။ | ||||||||||
၅။မာတာ(မိခင်) | ||||||||||
“ဘဝအဆက်ဆက် မိခင်ဖြစ်ခဲ့ဖူးသူများ မိခင်များအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့် | ||||||||||
ပူဇော်ပါ၏ ခင်ဗျား။အလှူခံတော်မူကြပါခင်ဗျား။တပည့်တော်(..........)နေ့သားသည် ဘဝအဆက်ဆက် | ||||||||||
မိခင်ဖြစ်ခဲ့ဖူးသူများ မိခင်များအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ, | ||||||||||
မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် | ||||||||||
ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိ | ||||||||||
ကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ဘဝ | ||||||||||
အဆက်ဆက် မိခင်ဖြစ်ခဲ့ဖူးသူများ မိခင်များခင်ဗျား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။ | ||||||||||
၆။ပိတု(ဖခင်) | ||||||||||
“ဘဝအဆက်ဆက် ဖခင်ဖြစ်ခဲ့ဖူးသူများ ဖခင်များအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့် | ||||||||||
ပူဇော်ပါ၏ ခင်ဗျား။အလှူခံတော်မူကြပါခင်ဗျား။တပည့်တော်(..........)နေ့သားသည် ဘဝအဆက်ဆက် | ||||||||||
ဖခင်ဖြစ်ခဲ့ဖူးသူများ ဖခင်များအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ, | ||||||||||
မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် | ||||||||||
ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိ | ||||||||||
ကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ဘဝ | ||||||||||
အဆက်ဆက် ဖခင်ဖြစ်ခဲ့ဖူးသူများ ဖခင်များခင်ဗျား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။ | ||||||||||
၇။ဂုရု(လောကီအတတ်ပညာ,အသိပညာ သင်ကြားပေးသောဆရာ) | ||||||||||
“ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သောဆရာများအားသိကြားစေရန် သကြား | ||||||||||
ဆွမ်းများကို ရေမီးစုံစွာဖြင့်ပူဇော်ပါ၏ ခင်ဗျား။အလှူခံတော်မူကြပါခင်ဗျား။တပည့်တော်(..........)နေ့သား | ||||||||||
သည် ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သောဆရာများအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိ | ||||||||||
မိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် | ||||||||||
ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး | ||||||||||
မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက် | ||||||||||
အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သောဆရာ | ||||||||||
များခင်ဗျား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။ | ||||||||||
၈။သတ္တာ(သရဏဂုံ သုံးပါးနှင့်တကွ အသိလိမ္မာတိုးပွားအောင် ဆုံးမပေးသောဆရာနှင့်လူကြီးသူမများ) | ||||||||||
“လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေတတ်ဆရာမြတ်များအားသိကြားစေရန် သကြားဆွမ်းများကို | ||||||||||
ရေမီးစုံစွာဖြင့်ပူဇော်ပါ၏ ဘုရား။အလှူခံတော်မူကြပါဘုရား။တပည့်တော်(.......)နေ့သားသည် လိမ္မာစေကြ | ||||||||||
ကျိုးကြောင်းပြလျှက် ဆုံးမပေတတ်ဆရာမြတ်များအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့် | ||||||||||
ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော်ခွင့်လွှတ်သီးခံတော်မူပါရန် | ||||||||||
နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာ | ||||||||||
ရတနာများတိုးပွားရရှိကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါ | ||||||||||
လိုကုန်၏ လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေတတ်ဆရာမြတ်များဘုရား”ဟူ၍ဆုတောင်းပြီး | ||||||||||
ဆက်ကပ်လှူဒါန်းပါ။ | ||||||||||
၉။ဓမ္မဒေသကာ(လောကမှထွက်မြောက်ကြောင်း သမထ,ဝိပဿနာ ကမ္မဋ္ဌာန်းပေးသောဆရာ) | ||||||||||
“သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟော | ||||||||||
ဖော်တတ်သောဆရာမြတ်များအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့်ပူဇော်ပါ၏ ဘုရား။ | ||||||||||
အလှူခံတော်မူကြပါဘုရား။တပည့်တော်(.......)နေ့သားသည် သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် | ||||||||||
ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော်တတ်ဆရာမြတ်များအပေါ် သိလျှက်နှင့်ဖြစ်စေ၊ | ||||||||||
မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့ | ||||||||||
သော်ခွင့်လွှတ်သီးခံတော်မူပါရန် နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင် | ||||||||||
မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများတိုးပွားရရှိကာလောကီလောကုတ္တရာ နှစ်ဖြာသောအကျိုး | ||||||||||
ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန် | ||||||||||
ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော်တတ်ဆရာမြတ်များဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ် | ||||||||||
လှူဒါန်းပါ။ | ||||||||||
၁၀။ဒါယကာ(တစ်လုပ်စားဖူး သူ့ကျေးဇူးအထူးရှိကြသော ကျေးဇူးရှင်များ) | ||||||||||
“စားဝတ်နေရေးမနှောင့်နှေးအောင် ပေးကမ်းတတ်သော တစ်လုပ်စားဖူး သူ့ကျေးဇူး အထူးရှိကြကုန် | ||||||||||
သောကျေးဇူးတင်ထိုက်သူများအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့်ပူဇော်ပါ၏ ခင်ဗျား။ | ||||||||||
အလှူခံတော်မူကြပါခင်ဗျား။တပည့်တော်(.......)နေ့သားသည် စားဝတ်နေရေးမနှောင့်နှေးအောင် ပေးကမ်း | ||||||||||
တတ်သော တစ်လုပ်စားဖူး သူ့ကျေးဇူး အထူးရှိကြကုန်သောကျေးဇူးတင်ထိုက်သူများအပေါ် သိလျှက်နှင့်ဖြစ် | ||||||||||
စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့ | ||||||||||
သော်ခွင့်လွှတ်သီးခံတော်မူပါရန် နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင် | ||||||||||
မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများတိုးပွားရရှိကာလောကီလောကုတ္တရာ နှစ်ဖြာသောအကျိုး | ||||||||||
ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ စားဝတ်နေရေးမနှောင့်နှေးအောင် ပေးကမ်းတတ်သော | ||||||||||
တစ်လုပ်စားဖူး သူ့ကျေးဇူး အထူးရှိကြကုန်သောကျေးဇူးတင်ထိုက်သူများခင်ဗျား”ဟူ၍ဆုတောင်းပြီး | ||||||||||
ဆက်ကပ်လှူဒါန်းပါ။ | ||||||||||
မှတ်ချက်။ ။(..........)နေ့သားသည် ဟူသော ကွက်လပ်တွင် မိမိမွေးနေ့နံကို ထည့်၍ ဆိုပါ။ | ||||||||||
ဆွမ်းတော်စွန့်နည်း | ||||||||||
ဖယောင်းတိုင်မီးများငြိမ်းသွားသောအခါ ဆွမ်းတော်စွန့်ရန် | ||||||||||
“ခင်ပွန်းကြီး ၁၀-ပါးဆွမ်းကျန်များကို မြေနေ,ကောင်းကင်နေသတ္တဝါများအား ထပ်ဆင့်စွန့်ကျဲလှူဒါန်းအပ် | ||||||||||
ပါကုန်၏။သင်တို့နှင့်ထိုက်တန်ခဲ့ပါလျှင် မည်သည့်ပုဂ္ဂိုလ်မဆို လာရောက်မှီဝဲသုံးဆောင်တော်မူကြပါကုန်လော့။ | ||||||||||
သင်တို့ဝမ်းဝ၍ လိုအင်ဆန္ဒများပြည့်ဝကြသလို အကျွန်ုပ်တို့အားလည်းလိုအင်ဆန္ဒအဝဝသည်လည်း အမြန်ဆုံး | ||||||||||
ပြည့်ဝသလို ချက်ချင်းလက်ငင်း အောင်မြင်ခြင်းသို့ ရောက်အောင် ဆုတောင်းမေတ္တာ ပို့ပေးတော်မူကြပါကုန် | ||||||||||
လော့”ဟု ဆုတောင်းကာ စွန့်ကျဲဒါနပြုပြီး ဆွမ်းတော်စွန့်ကြရပါမည်။ | ||||||||||
ဆုတောင်းမေတ္တာပို့ရန် | ||||||||||
“ခင်ပွန်းကြီး၁၀-ပါး ကျေးဇူးရှင်ပုဂ္ဂိုလ်များအား ဆွမ်းများကပ်လှူပူဇော်ခြင်းအမှု ပြီးမြောက်အောင်မြင်ခဲ့ပါ | ||||||||||
ပြီဘုရား။ဤသို့ပြုရသော ကုသိုလ်ကံစေတနာတို့ကြောင့် တပည့်တော်(...........)နေ့သားမိသားစုတို့သည် | ||||||||||
ကျန်းမာချမ်းသာ ဘေးရန်ကင်းကွာ၍ အန္တရာယ်ဟူသမျှကင်းစင်ပကာ ကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့် | ||||||||||
လောကီလောကုတ်နှစ်ဖြာသောအကျိုးတို့ ပွားတိုးပြီးမြောက်အောင်မြင်ခြင်းသို့ရောက်ရပြီးလျှင် နှမျောတွန့်တို | ||||||||||
ဝန်တိုခြင်းမရှိ လှူဒါန်းပေးကမ်းနိုင်သော ဘုရား,ကျောင်း,သိမ်,ရဟန်း,ပစ္စည်းလေးပါးဒါယကာ(သို့)ဒါယိကာမ | ||||||||||
ခံယူရပြီးလျှင် အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်အောင်ပွဲကြီးကို ပျော်ပျော်ကြီးဆင်နွှဲရပါလိုကုန်၏။သံ,ဂုံ,ပ,မ ဗုဒ္ဓ | ||||||||||
လေးဆူ အောင်တော်မူအရှင်မြတ်ကြီးတို့ဘုရား။ဤဘဝမှာ တော်စပ်သမျှသော မိဘဆွေမျိုး ကျေးဇူးရှင် | ||||||||||
အပေါင်းနှင့် ဘဝဘဝ ကမ္ဘာ့ကမ္ဘာက တော်စပ်ခဲ့ဖူးသမျှသော မိဘဆွေမျိုး ကျေးဇူးရှင်အပေါင်းတို့အား အစ | ||||||||||
ထား၍ အကျွန်ုပ်တို့နှင့်ဆက်စပ်သမျှ ဆိုင်ရာပုဂ္ဂိုလ်များအား မေတ္တာပို့သအမျှပေးဝေငှပါကုန်၏။အားလုံး ကြား | ||||||||||
ကြားသမျှ......အမျှယူတော်မူကြပါကုန်လော့......သာဓု.....သာဓု.....သာဓု.....ပါဘုရား။ | ||||||||||
အထက်ပါအတိုင်း ခင်ပွန်းကြီး၁၀-ပါးအားဆွမ်းတော်ကပ်လှူပူဇော်ကြကုန်သောသူအပေါင်းတို့သည် ဘဝ | ||||||||||
သံသရာအဆက်ဆက်မှ ကပ်ငြိပါလာကြသော မကောင်းပြစ်ဟူသမျှကင်းစင်ပကာ လိုအင်ဆန္ဒအဝဝပြည့်ဝ | ||||||||||
အောင်မြင်ခြင်းသို့ ရောက်ကြရမည်မှာမလွဲပေ။ | ||||||||||
အကယ်၍ ခင်ပွန်းကြီး၁၀-ပါးအားဆွမ်းတော်ကပ်လှူပူဇော်ပွဲပြုလုပ်ရန်အတွက် အချိန်နှင့်နေရာ ပေးဖို့ရာ | ||||||||||
အခွင့်မသာခဲ့ပါလျှင် နေ့စဉ်ဘုရားရှိခိုးလျှင် ခင်ပွန်းကြီး၁၀-ပါးဂါထာမြတ်အား ၁၀-ခေါက်ရွတ်ဖတ်၍ အောက်ပါ | ||||||||||
အတိုင်း ဝန်ချတောင်းပန်ကန်တော့ပါလေ။ | ||||||||||
၁။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် သဗ္ဗညုတရှင်တော်မြတ်ဘုရားတို့ | ||||||||||
အပေါ်၌ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ် | ||||||||||
စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း | ||||||||||
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။ | ||||||||||
၂။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် ပစ္စေကဗုဒ္ဓါရှင်မြတ်ဘုရားတို့ | ||||||||||
အပေါ်၌ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ် | ||||||||||
စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း | ||||||||||
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။ | ||||||||||
၃။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် ရဟန္တာရှင်မြတ်တို့အပေါ်၌ | ||||||||||
ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ | ||||||||||
ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း | ||||||||||
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။ | ||||||||||
၎။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် အဂ္ဂသာဝက,မဟာသာဝကရှင် | ||||||||||
မြတ်တို့အပေါ်၌ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေ | ||||||||||
စွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါ | ||||||||||
စေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။ | ||||||||||
၅။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှတော်စပ်ခဲ့ကြကုန်သောမိခင်အပေါင်းတို့အပေါ်၌လည်းကောင်း၊ယခု | ||||||||||
ဘဝတွင်တော်စပ်လျှက်ရှိသော မိခင်အပေါ်၌လည်းကောင်း ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါး | ||||||||||
သောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ် | ||||||||||
အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော် | ||||||||||
ကန်တော့ပါ၏။ | ||||||||||
၆။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှ တော်စပ်ခဲ့ကြကုန်သော ဖခင်အပေါင်းတို့အပေါ်၌လည်းကောင်း၊ယခု | ||||||||||
ဘဝတွင်တော်စပ်လျှက်ရှိသော ဖခင်အပေါ်၌လည်းကောင်း ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါး | ||||||||||
သောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ် | ||||||||||
အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော် | ||||||||||
ကန်တော့ပါ၏။ | ||||||||||
၇။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် လောကီအသိဉာဏ်ပညာ၊ | ||||||||||
အတတ်ပညာ၊အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးခဲ့ကြကုန်သောကျေးဇူးရှင်ဆရာသခင် | ||||||||||
တို့အပေါ်၌ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့် | ||||||||||
ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း | ||||||||||
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။ | ||||||||||
၈။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် သရဏဂုံသုံးပါးနှင့်တကွ | ||||||||||
လောကုတ္တရာအသိဉာဏ်ပညာတို့ကို သင်ကြားပေးခဲ့ကြကုန်သောကျေးဇူးရှင်ဆရာသခင်တို့အပေါ်၌လည်း | ||||||||||
ကောင်း၊သက်ကြီးဝါကြီးပုဂ္ဂိုလ်တို့အပေါ်၌လည်းကောင်း ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသော | ||||||||||
ကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်း | ||||||||||
တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ | ||||||||||
ပါ၏အရှင်ဘုရား။ | ||||||||||
၉။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် လောကလွန်မြောက်ထွက်ရာ | ||||||||||
လမ်းဖြစ်သော သမထ,ဝိပဿနာဘာဝနာ တရားတော်မြတ်များကို လက်ထပ်သင်ကြားပေးခဲ့ကြကုန်သော | ||||||||||
ကျေးဇူးရှင်ဆရာသခင်တို့အပေါ်၌ ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ် | ||||||||||
စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်း | ||||||||||
အကျိုးငှာ၊ကျေအေးပါစေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။ | ||||||||||
၁၀။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် ထမင်းတစ်လုပ်,ရေတစ်မှုတ်, | ||||||||||
ပုဝါပိုင်း,အဝတ်အထည်မှစပြီး စားဝတ်နေရေးအားထောက်ပံ့ပေးခဲ့ကြကုန်သော ကျေးဇူးရှင်တို့အပေါ်၌ | ||||||||||
ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ | ||||||||||
ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း | ||||||||||
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။....ဟူ၍ပြုလုပ်နိုင်ပါသည်။ | ||||||||||
ခင်ပွန်းကြီး ၁၀-ပါးအပေါ် တစ်ပါးပါးသောကံဖြင့် ကျူးလွန်ပြစ်မှားမိမည်ဆိုပါက | ||||||||||
၁)ကြမ်းတမ်းစွာသော ဦးခေါင်းနာ စသည်ကပ်ရောက်ခြင်း | ||||||||||
၂)စည်းစိမ်ဥစ္စာ ဆုတ်ယုတ်ပျက်ပြားခြင်း | ||||||||||
၃)လက်,ခြေ ပြတ်ခြင်း၊ကိုယ်အင်္ဂါပျက်စီးခြင်း | ||||||||||
၎)ဆေးကု၍မရသော ကြီးလေးသည့်ရောဂါ ကပ်ရောက်ခြင်း | ||||||||||
၅)ရူးသွပ်ခြင်း၊စိတ်ပျံ့လွင့်ခြင်း | ||||||||||
၆)မင်းပြစ်မင်းဓဏ်သင့်ခြင်း | ||||||||||
၇)ရုန့်ကြမ်းစွာ အစွတ်စွဲခံရခြင်း | ||||||||||
၈)ဆွေမျိုးပျက်စီးပြုန်းတီးခြင်း | ||||||||||
၉)စည်းစိမ်အခြွေအရံ ပျက်စီးခြင်း | ||||||||||
၁၀)နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်း.... | ||||||||||
စသည့်မကောင်းကျိုးများ ဆင်းရဲဒုက္ခများကို ခံစားကြရတတ်သဖြင့် ခင်ပွန်းကြီး၁၀-ပါးအပေါ်၌ | ||||||||||
မည်သည့်အကြောင်းကိစ္စနှင့်မျှ မပြစ်မှားမစော်ကားမိကြရအောင် အစဉ်သတိဆောင်၍နေသင့် | ||||||||||
လှပေ၏။ |
Thursday, October 10, 2013
သံသရာပြစ် ပယ်ခွာလှစ်ဖို့ ဆယ်ပါးခင်ပွန်း တိုးလျှိုးတောင်းပန်ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment