Tuesday, October 8, 2013

ကမ္ဘာမြေပြင်အနှံ့ ရတနာမိုးရွာသွန်းဖြိုးစေသောဝ်



 ကမ္ဘာမြေပြင်အနှံ့ ရတနာမိုးရွာသွန်းဖြိုးစေသောဝ်



                  ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာနှင့် ရတနာမိုးရွာသွန်းဖြိုးစေနိုင်သည့် တန်ခိုးထက်မြက်သော

မဟာဝေဒဗ္ဗမန္တန်တော်ကြီးအား နေ့စဉ် ဓနအင်အားတိုးပွားစေတတ်သော ဓနသိဒ္ဓိနက္ခတ်မွန်းတည့်ချိန်နှင့်

ဥစ္စာရွှေငွေလိုရာမရှားကြွယ်ဝချမ်းသာစေတတ်သော ရောဟဏီနက္ခတ်မွန်းတည့်ချိန်များတွင် ရွတ်ပွားပူဇော်

နိုင်ရန်အလို့ငှာ ကောင်းမြတ်သောစေတနာဖြင့် ရေးသားတွက်ချက်ပြီး မျှဝေလိုက်ပါ၏။

         ထို့ပြင် မဟာဝေဒဗ္ဗမန္တန်တော်ကြီးအား နှစ်စဉ် လအလိုက် ထွန်းပသော်တာ လစန္ဒာနှင့် ကောင်းစွာ

ယှဉ်သည့်ရက်မြတ်မင်္ဂလာအခါသမယ၌ မိမိတို့ ဦးခေါင်းထက် မွန်းတည့်မတ်ချိန်တွင် ရွတ်ပွားပူဇော်နိုင်ရန်

၁၀-နှစ်ရှေ့ပြေး နက္ခတ်ယှဉ်ရက်ဇယားကိုလည်း တွက်ချက်ကာ မျှဝေလိုက်ပါသည်။

       ဤမန္တန်တော်ကြီးကို ရွတ်ပွားပူဇော်ကာနီးတွင် အနည်းဆုံး ငါးပါးသီလကို ဆောက်တည်ပြီးမှ ရွတ်ဆို
ပါလျှင် ပို၍အကျိုးများပါလိမ့်မည်။ဦးစွာပထမ “နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ကို ၃-ခေါက်ရွတ်ဆိုပြီးမှ မန္တန်တော်ကြီးကို ၉-ခေါက်(သို့)၂၇-ခေါက်(သို့)၁၀၈ခေါက် မိမိတတ်စွမ်းသမျှ

အဓိဋ္ဌာန်တင်ကာ ရွတ်ပွားပူဇော်ပါကပို၍အကျိုးများပါမည်။ပြီးလျှင် မိမိပြုလုပ်သော ကောင်းမှုကုသိုလ်၏

အဖို့ဘာဂကိုလည်း ၃၁-ဘုံကျင်လည်ကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့အားလည်း အမျှဝေပါ။

လိုအင်စန္ဒမှန်သမျှပြည့်ဝပါလိမ်မည်မှာမလွဲဧကန်ဖြစ်၍ ကောင်းမြတ်သောစေတနာဖြင့် ဤမဟာဝေဒဗ္ဗ

မန္တန်တော်ကြီးအားရွတ်ပွားပူဇော်ကြပါစို့လားခင်ဗျား……








“နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”





၁။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။











  ဣတိပိသောဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော

ပုရိသဒမ္မသာရထိ သတ္ထာဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါတိ။







နတ္ထိမေ သရဏံ အညံ၊ဗုဒ္ဓေါ မေ သရဏံ ဝရံ။ ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု မေ

အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၂။ဓမ္မံ သရဏံ ဂစ္ဆာမိ။











    သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ

ဝေဋိတဗ္ဗောဝိညူဟီတိ။











နတ္ထိမေ သရဏံ အညံ၊ဓမ္မော မေ သရဏံ ဝရံ။ ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု မေ

အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၃။သံဃံ သရဏံ ဂစ္ဆာမိ











  သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ညာယပ္ပဋိပန္နော

ဘဂဝတော သာဝကသံဃော၊သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ

အဋ္ဌပုရိသပုဂ္ဂလာ၊ဧသ ဘဂဝတော သာဝကသံဃော၊အာဟုနေယျာ ပါဟုနေယျော ဒက္ခိနေယျော အဉ္ဇလီ

ကရဏီယျော အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။







နတ္ထိမေ သရဏံ အညံ၊သံဃော မေ သရဏံ ဝရံ။ ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု မေ

အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၎။သမာဓိယိံပဉ္စသီလံ၊အဋ္ဌင်္ဂမ္ပိ သုဒေသိတံ။ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု မေ

အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၅။န ဇီဝိတန္တရာယောပိ၊ကာတုံ ဗုဒ္ဓဿ ကေနစိ။ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု မေ

အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၆။န ဉာဏန္တရာယောပိ၊ကာတုံ ဗုဒ္ဓဿ ကေနစိ။ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု မေ

အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၇။န ရသ္မိံအန္တရာယောပိ၊ကာတုံ ဗုဒ္ဓဿ ကေနစိ။ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု မေ

အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၈။ဗုဒ္ဓေါ အဘိဇ္ဇကာယောပိ၊နတ္ထိ လောဟိတ သူဒနံ။ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု

မေ အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၉။သဒ္ဓါ မေ ဗုဒ္ဓသေဋ္ဌမှိ၊သံသယော နတ္ထိ သဗ္ဗဒါ။ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု မေ

အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၁၀။သဒ္ဓါ မေ ဓမ္မသေဋ္ဌမှိ၊သံသယော နတ္ထိ သဗ္ဗဒါ။ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု မေ

အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၁၁။သဒ္ဓါ မေ သံဃသေဋ္ဌမှိ၊သံသယော နတ္ထိ သဗ္ဗဒါ။ဧတေန သစ္စဝဇ္ဇေန၊ဟောတု မေ ဇယမင်္ဂလံ၊ဟောတု

မေ အာယုဝဍ္ဎနံ၊ဟောတု မေ သုခဝဍ္ဎန။









၁၂။နတ္ထိ မေ သရဏံ အညံ၊ဗုဒ္ဓေါ မေ သရဏံ ဝရံ။ဧတံ သရဏံ ဥပေမိ၊မယိ ကင်္ခါ န ဝိဇ္ဇတိ။ဧတေန သစ္စ

ဝဇ္ဇေန၊ပဝဿန္တု သတ္တရတနာ။










၁၃။နတ္ထိ မေ သရဏံ အညံ၊ဓမ္မော မေ သရဏံ ဝရံ။ဧတံ သရဏံ ဥပေမိ၊မယိ ကင်္ခါ န ဝိဇ္ဇတိ။ဧတေန သစ္စ

ဝဇ္ဇေန၊ပဝဿန္တု သတ္တရတနာ။










၁၄။နတ္ထိ မေ သရဏံ အညံ၊သံဃော မေ သရဏံ ဝရံ။ဧတံ သရဏံ ဥပေမိ၊မယိ ကင်္ခါ န ဝိဇ္ဇတိ။ဧတေန

သစ္စဝဇ္ဇေန၊ပဝဿန္တု သတ္တရတနာ။












ဤတွင် မဟာဝေဒဗ္ဗမန္တန်တော်ကြီး ပါဠိပြီး၏။





      အထက်ဖော်ပြပါ မဟာဝေဒဗ္ဗမန္တန်တော်ကြီးအား ယုံကြည်သဒ္ဓါတရားထက်သန်စွာ ရွတ်ပွားပူဇော်က

မိမိတို့လိုအင်ဆန္ဒပြည့်ဝရမည်မှာ မလွဲဧကန်ဖြစ်ပါမည်ဖြစ်ကြောင်း မှတ်ယူလိုက်ပါ။အဘယ်ကြောင့်ဆိုသော်

မန္တန်တော်ကြီးတစ်ခုလုံးသည် ဤကဲ့သို့ မှန်စွာမသွေ ဆိုအပ်သောသစ္စာစကားတော်ကြောင့် အကျွန်ုပ်အား

အောင်မြင်ခြင်းမင်္ဂလာသည်လည်းကောင်း၊အသက်ရှာည်ခြင်းသည်လည်းကောင်း၊ချမ်းသာတိုးပွားခြင်းသည်

လည်းကောင်း ဖြစ်ပါစေသတည်း။ရတနာ(၇)ပါးအတိပြီးသောမိုးတို့သည်လည်း ရွာသွန်းဖြိုးပါစေသတည်း

ဟု ပါရှိနေသောကြောင့်ဖြစ်ပါသည်။ဤဂါထာမန္တန်တော်ကြီးကိုရွတ်ဖတ်ပူဇော်ကြသဖြင့် ကမ္ဘာမြေပြင်အနှံ့

ရတနာမိုးခြိမ့်ခြိမ့်သည်းမျှ ရွာသွန်းဖြိုးပါစေသောဝ်…………….








































      မန္တန်တော်ကြီးအား မြန်မာပြန်၍ ကြည်ညိုသဒ္ဓါပွားနိုင်ပါသည်။




မဟာဝေဒဗ္ဗမန္တန် မြန်မာပြန်









၁။မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူ
ထိုက်သောကြောင့် “အရဟံ”မည်တော်မူပါ၏။တရားအလုံးစုံကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူ
သောကြောင့် “သမ္မာသမ္ဗုဒ္ဓ”မည်တော်မူ၏။ဝိဇ္ဇာသုံးပါး၊ဝိဇ္ဇာရှစ်ပါး၊စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူ
သောကြောင့် “ဝိဇ္ဇာစရဏသမ္ပန္န”မည်တော်မူ၏။လာခြင်းကောင်း၍ ကောင်းသောစကားကို ဆိုတော်မူတတ်
သောကြောင့် “သုဂတ”မည်တော်မူ၏။လောကသုံးပါးကို သိတော်မူတတ်သောကြောင့်“လောကဝိဒူ”မည်
တော်မူ၏။ဆုံးမထိုက်သော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမရာတွင် ယှဉ်ဖက်ကင်းလတ် မြတ်သော
ဂုဏ်နှင့်ပြည့်စုံတော်မူသောကြောင့် “အနုတ္တရော ပုရိသဒမ္မသာရထိ”မည်တော်မူ၏။လူ,နတ်,ဗြဟ္မာတို့၏
ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း “သတ္ထာဒေဝမနုဿာနံ”မည်တော်မူ၏။သစ္စာလေးပါးကို
သိတော်မူသောအကြောင်းကြောင့်လည်း “ဗုဒ္ဓ”မည်တော်မူ၏။ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း“ဘဂဝါ”မည်တော်မူ၏။အကျွန်ုပ်အား ဘုရားမှတစ်ပါးသော ကိုးကွယ်ရာသည်မရှိ။
ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။
အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။
၂။တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန် ပရိယတ် ဆယ်ပါးသော
တရားတော်မြတ်ကို “သွာက္ခာတော”ကောင်းစွာဟောကြားတော်မူအပ်၏။ထိုကဲ့သို့ ကောင်းစွာဟောကြား
တော်မူသောတရားတော်မြတ်သည် “သန္ဒိဋ္ဌိကော”ကိုယ်တိုင်သိမြင်အပ်သော တရားတော်မြတ်ပါပေတည်း။
မဂ်လေးပါးတရားတော်မြတ်သည် “အကာလိကော”အခါမလင့်ဘဲ ချက်ခြင်းအကျိုးပေးတ်သောတရားတော်
မြတ်ပါပေတည်း။လောကုတ္တရာတရားကိုးပါးသည် “ဧဟိပဿိကော”လာလှည့် ရှုလှည့်ဟု နှိုးဆော်ထိုက်
သော တရားတော်မြတ်ပါပေတည်း။လောကုတ္တရာတရားကိုးပါးသည် “ဩပနေယျိကော”ပုဆိုးမီးလောင်
ခေါင်းမီးလောင်သော်လည်း ငြိမ်းသတ်ခြင်းမပြုသေးဘဲ အရေးကြီးစွာ ဘာဝနာဖြင့် စိတ်မှာစွဲအောင် အမြဲ
ဆောင်ထိုက်သော တရားတော်မြတ်ပါပေတည်း။လောကုတ္တရာတရားကိုးပါးကို ပညာရှင်တို့သည် ကိုယ်စီ
အမှန်ကိုယ့်သန္တန်၌ “ပစ္စတ္တံ ဝေဒိတဗ္ဗော”သိမြင်အပ်ပါပေ၏ဟု အဖန်ဖန်အောက်မေ့ပါ၏။အကျွန်ုပ်အား
တရားမှတစ်ပါးသော ကိုးကွယ်ရာသည်မရှိ။







ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။
အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။


၃။သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။မြတ်စွာဘုရား၏တပည့်သား သံဃာတော်သည်

“သုပ္ပဋိပန္နော”ကောင်းစွာကျင့်တော်မူပါပေ၏။“ဥဇုပ္ပဋိပန္နော”ဖြောင့်စွာကျင့်တော်မူပါပေ၏။“ဥာယပ္ပဋိပန္နော”

နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူပါပေ၏။“သာမိစိပ္ပဋိပန္နော”ရိုသေထိုက်အောင် ကျင့်တော်မူပါပေ၏။အကြင်

ပုဂ္ဂိုလ်လေးစုံတို့သည် ရှစ်ပါးသောယောက်ျားမြတ်တို့မည်ကုန်၏။မြတ်စွာဘုရား၏ ဤတပည့်သားသံဃာ

တော်သည် “အာဟုနေယျ”အဝေးမှ ဆောင်ယူအပ်သောပစ္စည်းကို ခံယူတော်မူထိုက်ပါပေ၏။


“ပါဟုနေယျော”ဧည့်သည်အလို့ငှာ ဆောင်ယူအပ်သောပစ္စည်းကို ခံယူတော်မူထိုက်ပါပေ၏။


“ဒက္ခိနေယျော”မြတ်သောအလှူကို ခံယူတော်မူထိုက်ပါပေ၏။“အဉ္ဇလီကရဏီယျော”လက်အုပ်ချီမိုးရှိခိုးခြင်း

ကို ခံယူတော်မူထိုက်ပါပေ၏။“အနုတ္တရံ ပုညက္ခေတ္တံ လောကဿ”တစ်လောကလုံး၏ အတုမရှိသော

ကောင်းမှုမျိုးစေ့ ကျဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူပါပေ၏ဟု အဖန်ဖန်အောက်မေ့

ပါ၏။အကျွန်ုပ်အား သံဃာမှတစ်ပါးသော ကိုးကွယ်ရာသည်မရှိ။






ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။




၎။ကောင်းစွာ ဟောကြားတော်မူအပ်သော ငါးပါးသော သီလတော်မြတ်ကိုလည်းကောင်း၊ရှစ်ပါးသော သီလ

တော်မြတ်ကိုလည်းကောင်း ဆောက်တည်ပါ၏။








ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။




၅။တစ်စုံတစ်ယောက်သောသူသည် မြတ်စွာဘုရား၏ အသက်၏အန္တရာယ်ကိုလည်း ပြုခြင်းငှာ မတတ်နိုင်။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။



၆။တစ်စုံတစ်ယောက်သောသူသည်မြတ်စွာဘုရား၏ ဉာဏ်တော်၏အန္တရာယ်ကိုလည်းပြုခြင်းငှာမတတ်နိုင်။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။



၇။တစ်စုံတစ်ယောက်သောသူသည် မြတ်စွာဘုရား၏ ရောင်ခြည်တော်၏ အန္တရာယ်ကိုလည်း ပြုခြင်းငှာ

မတတ်နိုင်။ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေ

သတည်း။အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။


၈။မြတ်စွာဘုရားသည် မကွဲမပြတ်သော ကိုယ်လည်ရှိတော်မူ၏။သွေးတော်ယိုစီးခြင်း(ဝါ)သွေးထွက်ခြင်း

သည် မရှိ။ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေ

သတည်း။အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။



၉။ဘုရားမြတ်၌ အကျွန်ုပ်၏ ယုံကြည်ခြင်းသည် ရှိ၏။အခါခပ်သိမ်း ယုံမှားသံသယသည် မရှိ။


ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။



၁၀။တရားမြတ်၌ အကျွန်ုပ်၏ ယုံကြည်ခြင်းသည် ရှိ၏။အခါခပ်သိမ်း ယုံမှားသံသယသည် မရှိ။


ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။



၁၁။သံဃာတော်မြတ်၌ အကျွန်ုပ်၏ ယုံကြည်ခြင်းသည် ရှိ၏။အခါခပ်သိမ်း ယုံမှားသံသယသည် မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။




၁၂။အကျွန်ုပ်အား ဘုရားမှတစ်ပါးသော ကိုးကွယ်ရာသည် မရှိ။မြတ်စွာဘုရားသည် အကျွန်ုပ်၏ မြတ်သော

ကိုးကွယ်ရာတည်း။ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ယုံမှားသံသယသည် မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် ရတနာခုနှစ်ပါးအတိပြီးသောမိုးတို့သည် ရွာပါစေသတည်း။

၁၃။အကျွန်ုပ်အား တရားမှတစ်ပါးသော ကိုးကွယ်ရာသည် မရှိ။တရားတော်သည် အကျွန်ုပ်၏ မြတ်သော

ကိုးကွယ်ရာတည်း။ထိုတရားမြတ်တော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ယုံမှားသံသယသည် မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် ရတနာခုနှစ်ပါးအတိပြီးသောမိုးတို့သည် ရွာပါစေသတည်း။

၁၄။အကျွန်ုပ်အား သံဃာမှတစ်ပါးသော ကိုးကွယ်ရာသည် မရှိ။သံဃာတော်သည် အကျွန်ုပ်၏ မြတ်သော

ကိုးကွယ်ရာတည်း။ထိုသံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ယုံမှားသံသယသည် မရှိ။


ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် ရတနာခုနှစ်ပါးအတိပြီးသောမိုးတို့သည် ရွာပါစေသတည်း။

























                  ဤတွင် မဟာဝေဒဗ္ဗမန္တန်တော်ကြီး နိဿယ မြန်မာပြန်ပြီး၏။







ဥပမာ။   ။ဇူလိုင် ၃၁ရက်နေ့တွက်လိုပါက ဇူလိုင်လ၏ဆိုင်ရာကိန်းများကို မှတ်၍ထားပါ။မွန်းတည့်မျဉ်း
           ဝင်ချိန်(၀၂း၄၁)/ထွက်ချိန်(၀၃း၃၂)တို့သည် ၁၂း၀၀နာရီအတွင်းဖြစ်ပါ၍ မြောက်ဖော်ကိန်းသည်
တစ်ရက်လျော့က (၃၀)ဖြစ်၏ဟုမှတ်ပါ။မြောက်ကိန်းမိနစ်သည် ၁၂၄ဖြစ်၍ စားကိန်းရက်သည် ၃၁ဖြစ်၏။
ဇူလိုင်၃၁ရက်နေ့အတွက် (၁၂၄x၃၀)÷၃၁=၁၂၀မိနစ်=၂း၀၀နာရီသည် နှုတ်ကိန်းရ၏။

မွန်းတည့်မျဉ်းဝင်ချိန်=၀၂း၄၁ - ၀၂း၀၀=၀၀း၄၁နာရီ ရ၏။


မွန်းတည့်မျဉ်းထွက်ချိန်=၀၃း၃၂ - ၀၂း၀၀=၀၁း၃၂နာရီ ရ၏။


   ထို့ကြောင့် ဇူလိုင်လ(၃၁)ရက်နေ့တွင် ဓနသိဒ္ဓိနက္ခတ်မွန်းတည့်ချိန်သည် ၀၀း၄၁ မှ ၀၁း၃၂ အတွင်း
ဖြစ်သည်ဟုမှတ်လိုက်ပါ။









ဥပမာ။    ၂၀၁၃ခုနှစ်အတွက် ဓနသိဒ္ဓိနက္ခတ်နှင့်စန်း(လ)ယှဉ်ရက် မွန်းတည့်ချိန်
သြဂုတ် ၂၀ ရက်
နက္ခတ်မွန်းတည့်ချိန်(၂၃း၂၃ မှ ၀၀း၁၄အတွင်း)
စက်တင်ဘာ၁၇ရက်
နက္ခတ်မွန်းတည့်ချိန်(၂၁း၃၉ မှ ၂၂း၃၀အတွင်း)
အောက်တိုဘာ၁၄ရက်
နက္ခတ်မွန်းတည့်ချိန်(၁၉း၅၉ မှ ၂၀း၅၀အတွင်း)
နိုဝင်ဘာ ၁၀ ရက်
နက္ခတ်မွန်းတည့်ချိန်(၁၈း၁၅ မှ ၁၉း၀၆အတွင်း)
ဒီဇင်ဘာ ၈ ရက်
နက္ခတ်မွန်းတည့်ချိန်(၁၆း၁၇ မှ ၁၇း၁၈အတွင်း)


ဥပမာ။   ။ဇူလိုင် ၃၁ရက်နေ့တွက်လိုပါက ဇူလိုင်လ၏ဆိုင်ရာကိန်းများကို မှတ်၍ထားပါ။မွန်းတည့်မျဉ်း
           ဝင်ချိန်(၀၉း၃၁)/ထွက်ချိန်(၁၀း၂၇)တို့သည် ၁၂း၀၀နာရီအတွင်းဖြစ်ပါ၍ မြောက်ဖော်ကိန်းသည်
တစ်ရက်လျော့က (၃၀)ဖြစ်၏ဟုမှတ်ပါ။မြောက်ကိန်းမိနစ်သည် ၁၂၄ဖြစ်၍ စားကိန်းရက်သည် ၃၁ဖြစ်၏။
ဇူလိုင်၃၁ရက်နေ့အတွက် (၁၂၄x၃၀)÷၃၁=၁၂၀မိနစ်=၂း၀၀နာရီသည် နှုတ်ကိန်းရ၏။

မွန်းတည့်မျဉ်းဝင်ချိန်=၀၉း၃၁ - ၀၂း၀၀=၀၇း၃၁နာရီ ရ၏။


မွန်းတည့်မျဉ်းထွက်ချိန်=၁၀း၂၇ - ၀၂း၀၀=၀၈း၂၇နာရီ ရ၏။


   ထို့ကြောင့် ဇူလိုင်လ(၃၁)ရက်နေ့တွင် ရောဟဏီနက္ခတ်မွန်းတည့်ချိန်သည် ၀၇း၃၁ မှ ၀၈း၂၇ အတွင်း
ဖြစ်သည်ဟုမှတ်လိုက်ပါ။










ဥပမာ။    ၂၀၁၃ခုနှစ်အတွက် ရောဟဏီနက္ခတ်နှင့်စန်း(လ)ယှဉ်ရက် မွန်းတည့်ချိန်
သြဂုတ် ၂ ရက်
နက္ခတ်မွန်းတည့်ချိန်(၀၇း၂၃ မှ ၀၈း၁၉အတွင်း)
သြဂုတ် ၂၉ ရက်
နက္ခတ်မွန်းတည့်ချိန်(၀၅း၄၃ မှ ၀၆း၃၉အတွင်း)
စက်တင်ဘာ၂၅ရက်
နက္ခတ်မွန်းတည့်ချိန်(၀၄း၀၃ မှ ၀၄း၅၉အတွင်း)
အောက်တိုဘာ၂၃ရက်
နက္ခတ်မွန်းတည့်ချိန်(၀၂း၁၉ မှ ၀၃း၁၅အတွင်း)
နိုဝင်ဘာ ၁၉ ရက်
နက္ခတ်မွန်းတည့်ချိန်(၀၀း၃၂ မှ ၀၁း၂၈အတွင်း)
ဒီဇင်ဘာ ၁၆ ရက်
နက္ခတ်မွန်းတည့်ချိန်(၂၂း၃၂ မှ ၂၃း၂၈အတွင်း)










www.drtheinhlaingtaze.blogspot.com










DR. Thein Hlaing(B.D.S.,Ygn.)





















































No comments:

Post a Comment