Thursday, October 31, 2013

အန္တရာယ်တစ်စိ မကပ်ငြိရလေအောင် အဖြစ်တော်ပေါင်းကိုဆောင်


       အန္တရာယ်တစ်စိ မကပ်ငြိရလေအောင် အဖြစ်တော်ပေါင်းကိုဆောင်
                ယခုဖော်ပြမယ့် စာစုလေးကတော့ ယခုဘဝတွင် အန္တရာယ်အပေါင်းမှကင်းရှင်းစွာ ဘဝခရီး
ကို လွယ်လင့်တကူ လျှောက်လှမ်းနိုင်ရန်အလို့ငှာ အကောင်းဆုံးလက်ဆောင် အဖြစ် ဂေါတမဗုဒ္ဓမြတ်စွာ
ဘုရားရှင်ရဲ့ ဘုရားလောင်းဘဝ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်ခြင်းမရှိသော ဘဝပေါင်း၁၃၆-ဘဝ
အဖြစ်တော်ပေါင်းကို သဒ္ဓါတရားရှေ့ထား၊ယုံကြည်ကိုးစားစွာ ရွတ်ဖတ်ပူဇော်နိုင်ရန်အလို့ငှာ ရေးသားပါသည်။
         သတ္တဝါတို့မည်သည်မှာ လောကအလယ်မှာ ဆူးပြွမ်းသောလမ်းကို လျှောက်လှမ်းရဘိသကဲ့သို့
အန္တရာယ်အသွယ်သွယ်နှင့် မီးဘေး,ရေဘေး,လေဘေး စသော သဘာဝဘေးအန္တရာယ်တို့ကြားမှာ
လျှောက်လှမ်းနေကြရသော ခရီးသွားများသာဖြစ်ကြ ကြောင်း မြတ်စွာဘုရားရှင်သည် လေးအသင်္ချေ
နှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်ကျင့်ခဲ့ရသည့် မရေတွက်နိုင်အောင် များလှစွာသောဘဝများ
တွင်မှ ဘဝပေါင်း၁၃၆-ဘဝ ၌သာလျှင် ဘေးရန်အသွယ်သွယ် ရန်မာန်ခပ်သိမ်း မှကင်းပရသည်က
သက်သေခံနေကြောင်းသိသာထင်ရှာလှပါ၏။ယင်း ဘဝပေါင်း ၁၃၆-ဘဝ ကို ရှေးမြန်မာ ဆရာတော်
ကြီးများနှင့်တကွ ပညာရှင်များမှ ဂါထာသီကုံးဖွဲ့နွဲ့၍ ရွတ်ပွားပူဇော်စေခြင်းဖြင့်လည်းကောင်း၊ အင်း,
အဆောင်,လက်ဖွဲ့အဖြစ် ဆောင်စေခြင်းဖြင့်လည်းကောင်း အန္တရာယ် အပေါင်းမှကင်းပအောင်

စောင့်ရှောက်ခဲ့ကြပေ၏။ဘုရားလောင်းဘဝ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်ခြင်းမရှိသော ဘဝ
ပေါင်း၁၃၆-ဘဝကို ဖော်ပြရလျှင်





၁။ဂျိုးကြာငှက် ဘဝ ၁၆-ဘဝ





၂။ဟင်္သာငှက်ဘဝ ၉-ဘဝ





၃။ခိုငှက် ဘဝ ၆-ဘဝ






၎။ကျေးညိုငှက် ဘဝ ၃-ဘဝ





၅။ကရဝိတ်ငှက် ဘဝ ၅-ဘဝ





၆။ကိန္နရီ ဘဝ ၄-ဘဝ






၇။စာမရီ ဘဝ ၁၅-ဘဝ





၈။မြောက် ဘဝ ၁၀-ဘဝ





၉။ဆင် ဘဝ ၁၁-ဘဝ






၁၀။နွား ဘဝ ၁၄-ဘဝ






၁၁။သိန္ဓောမြင်း ဘဝ ၁-ဘဝ





၁၂။ကျွဲ ဘဝ ၈-ဘဝ






၁၃။ဥဒေါင်းငှက် ဘဝ ၂-ဘဝ





၁၄။သာလိကာငှက် ဘဝ ၇-ဘဝ





၁၅။ကြက်ငှက် ဘဝ ၁၂-ဘဝ





၁၆။ဝက် ဘဝ ၁၃-ဘဝ စသည်ဖြင့် ဘဝပေါင်း ၁၃၆-ဘဝရှိ၏။










ယင်းကို ဆရာတော်ကြီးများက အောက်ဖော်ပြပါအတိုင်း ဂါထာသီကုံး ဖွဲ့ဆိုခဲ့ကြ၏။

   “အစဂျိုးကြာ ၁၆-ခါနှင့်၊ဟင်္သာ ၉-ဖြစ်၊၆-ဖြစ်ကားခို၊ကျေးညို ၃-ခါ၊သံသာကျူးဟိတ် ကရဝိတ် ၅၊
၎-ပါး ကိန္နရီ၊စာမရီ ၁၅၊မြောက်ကား ၁၀၊ဆင်ဝယ် ၁၁၊နွားဖြစ် ၁၄၊ဧကေးသိန္ဓဝ၊ကျွဲ အဋ္ဌနှင့်၊သံမြ
သာညောင်း ဥဒေါင်း ၂-ခါ၊သာလိကာ သတ္တ၊ဒွါဒသ ကြက်၊ဝက်ကား ၁၃၊ပေါင်းရုံးများစွာ၊ တစ်ရာ့
သုံးဆယ်၊ခြောက်ဖြစ်ဝယ်၌၊ အန္တရာယ်တစ်စိ၊ဘေးမရှိသည့်၊မုနိမြတ်လောင်း၊ဖြစ်တော်ပေါင်းကို၊
ညွှတ်ပြောင်းတုပ်ကွ၊ပဏာမဖြင့်၊ကြည်စွသဒ္ဓါ၊ရှိခိုးပါ၏ အရှင်ဘုရား”


      ဟု သီကုံးရေးဖွဲ့ မြတ်စွာဘုရားရှင်ကို ကြည်လင်သဒ္ဓါစိတ်ဖြင့် ရှိခိုးကော်ရော် ပူဇော်ခဲ့ကြပါ၏။
အထက် ဖော်ပြပါ ဂါထာကို အလွတ်ရအောင် ကျက်မှတ်၍ မြတ်စွာဘုရားရှင်ကို ကြည်လင်သောသဒ္ဓါ
စိတ်ဖြင့် နေ့စဉ် ရှိခိုးကော်ရော် ပူဇော်ကြမည်ဆိုလျှင် ဘေးအန္တရာယ်ခပ်သိမ်းအပေါင်းမှ လွတ်ကင်း
ကြ၍ မိမိတို့လိုလားသောဘဝခရီးကိုလွယ်လင့်တကူရှောက်လှမ်းနိုင်ကြမည်ဖြစ်ပါကြောင်း

ကောင်းမြတ်သောစေတနာဖြင့်ရေးသားပါသည်။






























၁၆




၁၅
၁၀




၁၁
၁၄




၁၂
၁၃




    အဘယဇာတကအင်း ခေါ် အဖြစ်တော်ပေါင်းအင်း










ဒေါက်တာ သိန်းလှိုင် (B.D.S.,Ygn)၊ဖားကန့်မြို့၊ကချင်ပြည်နယ်။



e-mail address;thein.hlaing1970@gmail.com   Phone;09-5105014,09-47011855




















Thursday, October 10, 2013

သံသရာပြစ် ပယ်ခွာလှစ်ဖို့ ဆယ်ပါးခင်ပွန်း တိုးလျှိုးတောင်းပန်ပါ

                သံသရာပြစ် ပယ်ခွာလှစ်ဖို့ ဆယ်ပါးခင်ပွန်း တိုးလျှိုးတောင်းပန်ပါ

   ကျွန်တော်တို့သည် ဘဝသံသရာအဆက်ဆက်၌ သဗ္ဗညု မြတ်စွာဘုရား,ပစ္စေကဗုဒ္ဓ,ရဟန္တာ,အဂ္ဂသာဝက 
မဟာသာဝက,အမိ,အဖ,အတတ်ပညာသင်ကြားပေးသောဆရာ,လောကထွက်မြောက်ကြောင်း အကျင့်
ကောင်းကို ဟောဖော်ညွှန်ပြ ဆရာသမားလူကြီးသူမများ,ကမ္မဋ္ဌာန်းနည်းပြဆရာနှင့် တစ်လုပ်စားဖူးကျေးဇူး
ရှိကြကုန်သော ကျေးဇူးရှင်များအပေါ် ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေ
လျှက်နှင့်ဖြစ်စေ ပြစ်မှားလွန်ကျူးမိခဲ့ကြပေလိမ့်မည်။ရှေးဘဝများစွာမှစ၍ ယခုဘဝတိုင်အောင် တင်ရှိနေသော
အပြစ်ကြွေးများပြေပျောက်စေရန် ခင်ပွန်းကြီး ၁၀-ပါးအား တိုးလျှိုးတောင်းပန်ပူဇော်ကန်တော့သင့်လှပါသည်။
       ခင်ပွန်းကြီးဆယ်ပါး ဂါထာ






ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါစ








အရဟာ အဂ္ဂသာဝကာ







မာတာ ပိတု ဂုရု သတ္တာ







ဓမ္မဒေသကာစ ဒါယကာ







ဣမေ ဒသ မဟာဂုနေ 







ဝန္တာမိ သိရသာမဟံ။







   ကျေးဇူးအထူးရှိသောပုဂ္ဂိုလ် ၁၀-ပါးမှာ





၁။ဗုဒ္ဓ(သဗ္ဗညု မြတ်စွာဘုရား)






၂။ပစ္စေကဗုဒ္ဓါ(ဘုရားငယ်)







၃။အရဟာ(ရဟန္တာ)







၎။အဂ္ဂသာဝက(လက်ဝဲ,လက်ယာရံ သာဝက)





၅။မာတာ(မိခင်)








၆။ပိတု(ဖခင်)








၇။ဂုရု(လောကီအတတ်ပညာ,အသိပညာ သင်ကြားပေးသောဆရာ)



၈။သတ္တာ(သရဏဂုံ သုံးပါးနှင့်တကွ အသိလိမ္မာတိုးပွားအောင် ဆုံးမပေးသောဆရာနှင့်လူကြီးသူမများ)
၉။ဓမ္မဒေသကာ(လောကမှထွက်မြောက်ကြောင်း သမထ,ဝိပဿနာ ကမ္မဋ္ဌာန်းပေးသောဆရာ)
၁၀။ဒါယကာ(တစ်လုပ်စားဖူး သူ့ကျေးဇူးအထူးရှိကြသော ကျေးဇူးရှင်များ) ဟူ၍ဖြစ်ပါသည်။
    အထက်ဖော်ပြပါ ခင်ပွန်းကြီး ၁၀-ပါးအား ကျွန်တော်တို့သည် သံသရာအပြစ်ကြွေးများ ပြေပျောက်စေခြင်း
အလို့ငှာ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့သင့်လှပေသည်။ယင်းသို့ ပူဇော်ကန်တော့သဖြင့် အကျိုးမယုတ်
သည့်အပြင်  လောကီလောကုတ်နှစ်ဖြာသော ကောင်ကျိုးချမ်းသာတို့ကို ယခုမျက်မှောက်ဘဝမှာပင် ခံစား
စံစားရသကဲ့သို့ နောင်တမလွန်ဘဝများအတွက်ပါ ကောင်းကျိုးဝေဆာရှိပါလိမ့်မည်။ခင်ပွန်းကြီး ၁၀-ပါးအား 
ဘဝတွင်အနည်းဆုံး တစ်ကြိမ်မျှ ဆွမ်းတော်ကပ်လှူပူဇော်ပွဲပြုလုပ်၍ သံသရာအပြစ်ကြွေးများ ပြေပျောက်စေ
ခြင်းအလို့ငှာ ဝန်ချတောင်းပန်ကန်တော့သင့်လှပါသည်။ခင်ပွန်းကြီး ၁၀-ပါးဆွမ်းတော်ကပ်လှူပူဇော်ပွဲပြုလုပ်
နိုင်ရန် အောက်တွင်ဖော်ပြပေးလိုက်ပါသည်။





           ခင်ပွန်းကြီး ၁၀-ပါးဆွမ်းတော်ကပ်လှူပူဇော်ပွဲ




လိုအပ်သော လှူဖွယ်ဝတ္ထု







၁)သကြားဖြူးထားသော ဆွမ်းတော်(၁၀)ပွဲ။





၂)သောက်တော်ရေ(၁၀)ခွက်။






၃။ဖယောင်းတိုင်(၁၀)တိုင်။







     ဘုရားစင်ရှေ့တွင် စားပွဲရှည်ခင်း၍ လက်ယာဖက်မှ စတင်၍အစဉ်အတိုင်း ခင်ပွန်းကြီး ၁၀-ပါးဆွမ်းတော်ပွဲ
ကိုပြင်ဆင်ပါ။ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားရှင်အား အဦးအစထား၍ ဆွမ်းတော်ကပ်လှူပူဇော်ပါ။
၁။ဗုဒ္ဓ(သဗ္ဗညု မြတ်စွာဘုရား)






        “ဗုဒ္ဓမြတ်စွာဘုရားရှင်အားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့် ပူဇော်ပါ၏ အရှင်ဘုရား။  
အလှူခံတော်မူကြပါဘုရား။တပည့်တော်(..........)နေ့သားသည်  ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
အပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊
ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာ
ရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိကာ လောကီလောကုတ္တရာ
နှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်
ကြီးဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။




၂။ပစ္စေကဗုဒ္ဓါ(ဘုရားငယ်)







       “ပစ္စေကဗုဒ္ဓ ကိုယ်တော်မြတ်ကြီးများအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့် ပူဇော်ပါ၏ 
အရှင်ဘုရား။  အလှူခံတော်မူကြပါဘုရား။တပည့်တော်(..........)နေ့သားသည် ပစ္စေကဗုဒ္ဓ ကိုယ်တော်မြတ်
ကြီးများအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြော
မှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်
ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိကာ လောကီ
လောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ပစ္စေကဗုဒ္ဓ ကိုယ်တော်
မြတ်ကြီးများဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။




၃။အရဟာ(ရဟန္တာ)







       “ရဟန္တာ ကိုယ်တော်မြတ်ကြီးများအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့် ပူဇော်ပါ၏ 
အရှင်ဘုရား။  အလှူခံတော်မူကြပါဘုရား။တပည့်တော်(..........)နေ့သားသည် ရဟန္တာ ကိုယ်တော်မြတ်
ကြီးများအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြော
မှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်
ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိကာ လောကီ
လောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ရဟန္တာ ကိုယ်တော်
မြတ်ကြီးများဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါနးပါ။




၎။အဂ္ဂသာဝက(လက်ဝဲ,လက်ယာရံ သာဝက)





       “လက်ဝဲရံ,လက်ယာရံကိုယ်တော်မြတ်သာဝကကြီးများအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံ
စွာဖြင့် ပူဇော်ပါ၏ အရှင်ဘုရား။  အလှူခံတော်မူကြပါဘုရား။တပည့်တော်(..........)နေ့သားသည် လက်ဝဲရံ,
လက်ယာရံကိုယ်တော်မြတ်သာဝကကြီးများအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ 
ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် 
တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာ
ရတနာများ တိုးပွားရရှိကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရ
ပါလိုကုန်၏ လက်ဝဲရံ,လက်ယာရံကိုယ်တော်မြတ်သာဝကကြီးများဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူ
ဒါန်းပါ။









၅။မာတာ(မိခင်)








       “ဘဝအဆက်ဆက် မိခင်ဖြစ်ခဲ့ဖူးသူများ မိခင်များအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့်
 ပူဇော်ပါ၏ ခင်ဗျား။အလှူခံတော်မူကြပါခင်ဗျား။တပည့်တော်(..........)နေ့သားသည် ဘဝအဆက်ဆက် 
မိခင်ဖြစ်ခဲ့ဖူးသူများ မိခင်များအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,
မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် 
ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိ
ကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ဘဝ
အဆက်ဆက် မိခင်ဖြစ်ခဲ့ဖူးသူများ မိခင်များခင်ဗျား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။
၆။ပိတု(ဖခင်)








       “ဘဝအဆက်ဆက် ဖခင်ဖြစ်ခဲ့ဖူးသူများ ဖခင်များအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့်
 ပူဇော်ပါ၏ ခင်ဗျား။အလှူခံတော်မူကြပါခင်ဗျား။တပည့်တော်(..........)နေ့သားသည် ဘဝအဆက်ဆက် 
ဖခင်ဖြစ်ခဲ့ဖူးသူများ ဖခင်များအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,
မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် 
ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိ
ကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ဘဝ
အဆက်ဆက် ဖခင်ဖြစ်ခဲ့ဖူးသူများ ဖခင်များခင်ဗျား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။
၇။ဂုရု(လောကီအတတ်ပညာ,အသိပညာ သင်ကြားပေးသောဆရာ)



       “ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သောဆရာများအားသိကြားစေရန် သကြား
 ဆွမ်းများကို ရေမီးစုံစွာဖြင့်ပူဇော်ပါ၏ ခင်ဗျား။အလှူခံတော်မူကြပါခင်ဗျား။တပည့်တော်(..........)နေ့သား
သည် ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သောဆရာများအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိ
မိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော် 
ခွင့်လွှတ်သီးခံတော်မူပါရန်နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး 
မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများ တိုးပွားရရှိကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်
အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သောဆရာ
များခင်ဗျား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်လှူဒါန်းပါ။




၈။သတ္တာ(သရဏဂုံ သုံးပါးနှင့်တကွ အသိလိမ္မာတိုးပွားအောင် ဆုံးမပေးသောဆရာနှင့်လူကြီးသူမများ)
     “လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေတတ်ဆရာမြတ်များအားသိကြားစေရန် သကြားဆွမ်းများကို 
ရေမီးစုံစွာဖြင့်ပူဇော်ပါ၏ ဘုရား။အလှူခံတော်မူကြပါဘုရား။တပည့်တော်(.......)နေ့သားသည် လိမ္မာစေကြ 
ကျိုးကြောင်းပြလျှက် ဆုံးမပေတတ်ဆရာမြတ်များအပေါ် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်
ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့သော်ခွင့်လွှတ်သီးခံတော်မူပါရန် 
နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာ
ရတနာများတိုးပွားရရှိကာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုး ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါ
လိုကုန်၏ လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေတတ်ဆရာမြတ်များဘုရား”ဟူ၍ဆုတောင်းပြီး 
ဆက်ကပ်လှူဒါန်းပါ။







၉။ဓမ္မဒေသကာ(လောကမှထွက်မြောက်ကြောင်း သမထ,ဝိပဿနာ ကမ္မဋ္ဌာန်းပေးသောဆရာ)
     “သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟော
ဖော်တတ်သောဆရာမြတ်များအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့်ပူဇော်ပါ၏ ဘုရား။
အလှူခံတော်မူကြပါဘုရား။တပည့်တော်(.......)နေ့သားသည် သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် 
ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော်တတ်ဆရာမြတ်များအပေါ် သိလျှက်နှင့်ဖြစ်စေ၊
မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့
သော်ခွင့်လွှတ်သီးခံတော်မူပါရန် နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်
မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများတိုးပွားရရှိကာလောကီလောကုတ္တရာ နှစ်ဖြာသောအကျိုး
ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်
ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော်တတ်ဆရာမြတ်များဘုရား”ဟူ၍ဆုတောင်းပြီး ဆက်ကပ်
လှူဒါန်းပါ။








၁၀။ဒါယကာ(တစ်လုပ်စားဖူး သူ့ကျေးဇူးအထူးရှိကြသော ကျေးဇူးရှင်များ) 


        “စားဝတ်နေရေးမနှောင့်နှေးအောင် ပေးကမ်းတတ်သော တစ်လုပ်စားဖူး သူ့ကျေးဇူး အထူးရှိကြကုန်
သောကျေးဇူးတင်ထိုက်သူများအားသိကြားစေရန် သကြားဆွမ်းများကို ရေမီးစုံစွာဖြင့်ပူဇော်ပါ၏ ခင်ဗျား။
အလှူခံတော်မူကြပါခင်ဗျား။တပည့်တော်(.......)နေ့သားသည် စားဝတ်နေရေးမနှောင့်နှေးအောင် ပေးကမ်း
တတ်သော တစ်လုပ်စားဖူး သူ့ကျေးဇူး အထူးရှိကြကုန်သောကျေးဇူးတင်ထိုက်သူများအပေါ် သိလျှက်နှင့်ဖြစ်
စေ၊မသိမိုက်မဲတွေဝေလျှက်နှင့်ဖြစ်စေ ကာယကံ,ဝစီကံ,မနောကံတို့ဖြင့် ပြောမှား၊ဆိုမှား၊အပြုအမူမှားများရှိခဲ့
သော်ခွင့်လွှတ်သီးခံတော်မူပါရန် နှင့် တပည့်တော်တို့တွင် ရရှိပြီးသောစည်းစိမ်ဥစ္စာရတနာများ တည်တန့်ခိုင်
မြဲပြီး မရရှိသေးသောစည်းစိမ်ဥစ္စာရတနာများတိုးပွားရရှိကာလောကီလောကုတ္တရာ နှစ်ဖြာသောအကျိုး
ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်ရပါလိုကုန်၏ စားဝတ်နေရေးမနှောင့်နှေးအောင် ပေးကမ်းတတ်သော
တစ်လုပ်စားဖူး သူ့ကျေးဇူး အထူးရှိကြကုန်သောကျေးဇူးတင်ထိုက်သူများခင်ဗျား”ဟူ၍ဆုတောင်းပြီး 
ဆက်ကပ်လှူဒါန်းပါ။







မှတ်ချက်။      ။(..........)နေ့သားသည် ဟူသော ကွက်လပ်တွင် မိမိမွေးနေ့နံကို ထည့်၍ ဆိုပါ။
       ဆွမ်းတော်စွန့်နည်း







ဖယောင်းတိုင်မီးများငြိမ်းသွားသောအခါ ဆွမ်းတော်စွန့်ရန်




     “ခင်ပွန်းကြီး ၁၀-ပါးဆွမ်းကျန်များကို မြေနေ,ကောင်းကင်နေသတ္တဝါများအား ထပ်ဆင့်စွန့်ကျဲလှူဒါန်းအပ်
ပါကုန်၏။သင်တို့နှင့်ထိုက်တန်ခဲ့ပါလျှင် မည်သည့်ပုဂ္ဂိုလ်မဆို လာရောက်မှီဝဲသုံးဆောင်တော်မူကြပါကုန်လော့။
သင်တို့ဝမ်းဝ၍ လိုအင်ဆန္ဒများပြည့်ဝကြသလို အကျွန်ုပ်တို့အားလည်းလိုအင်ဆန္ဒအဝဝသည်လည်း အမြန်ဆုံး
ပြည့်ဝသလို ချက်ချင်းလက်ငင်း အောင်မြင်ခြင်းသို့ ရောက်အောင် ဆုတောင်းမေတ္တာ ပို့ပေးတော်မူကြပါကုန်
လော့”ဟု ဆုတောင်းကာ စွန့်ကျဲဒါနပြုပြီး ဆွမ်းတော်စွန့်ကြရပါမည်။



      ဆုတောင်းမေတ္တာပို့ရန်






       “ခင်ပွန်းကြီး၁၀-ပါး ကျေးဇူးရှင်ပုဂ္ဂိုလ်များအား ဆွမ်းများကပ်လှူပူဇော်ခြင်းအမှု ပြီးမြောက်အောင်မြင်ခဲ့ပါ
ပြီဘုရား။ဤသို့ပြုရသော ကုသိုလ်ကံစေတနာတို့ကြောင့် တပည့်တော်(...........)နေ့သားမိသားစုတို့သည် 
ကျန်းမာချမ်းသာ ဘေးရန်ကင်းကွာ၍ အန္တရာယ်ဟူသမျှကင်းစင်ပကာ ကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့်
လောကီလောကုတ်နှစ်ဖြာသောအကျိုးတို့ ပွားတိုးပြီးမြောက်အောင်မြင်ခြင်းသို့ရောက်ရပြီးလျှင် နှမျောတွန့်တို
ဝန်တိုခြင်းမရှိ လှူဒါန်းပေးကမ်းနိုင်သော ဘုရား,ကျောင်း,သိမ်,ရဟန်း,ပစ္စည်းလေးပါးဒါယကာ(သို့)ဒါယိကာမ
ခံယူရပြီးလျှင် အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်အောင်ပွဲကြီးကို ပျော်ပျော်ကြီးဆင်နွှဲရပါလိုကုန်၏။သံ,ဂုံ,ပ,မ ဗုဒ္ဓ
လေးဆူ အောင်တော်မူအရှင်မြတ်ကြီးတို့ဘုရား။ဤဘဝမှာ တော်စပ်သမျှသော မိဘဆွေမျိုး ကျေးဇူးရှင်
အပေါင်းနှင့် ဘဝဘဝ ကမ္ဘာ့ကမ္ဘာက တော်စပ်ခဲ့ဖူးသမျှသော မိဘဆွေမျိုး ကျေးဇူးရှင်အပေါင်းတို့အား အစ
ထား၍ အကျွန်ုပ်တို့နှင့်ဆက်စပ်သမျှ ဆိုင်ရာပုဂ္ဂိုလ်များအား မေတ္တာပို့သအမျှပေးဝေငှပါကုန်၏။အားလုံး ကြား
ကြားသမျှ......အမျှယူတော်မူကြပါကုန်လော့......သာဓု.....သာဓု.....သာဓု.....ပါဘုရား။
    အထက်ပါအတိုင်း ခင်ပွန်းကြီး၁၀-ပါးအားဆွမ်းတော်ကပ်လှူပူဇော်ကြကုန်သောသူအပေါင်းတို့သည် ဘဝ
သံသရာအဆက်ဆက်မှ ကပ်ငြိပါလာကြသော မကောင်းပြစ်ဟူသမျှကင်းစင်ပကာ လိုအင်ဆန္ဒအဝဝပြည့်ဝ
အောင်မြင်ခြင်းသို့ ရောက်ကြရမည်မှာမလွဲပေ။





    အကယ်၍ ခင်ပွန်းကြီး၁၀-ပါးအားဆွမ်းတော်ကပ်လှူပူဇော်ပွဲပြုလုပ်ရန်အတွက် အချိန်နှင့်နေရာ ပေးဖို့ရာ
အခွင့်မသာခဲ့ပါလျှင် နေ့စဉ်ဘုရားရှိခိုးလျှင် ခင်ပွန်းကြီး၁၀-ပါးဂါထာမြတ်အား ၁၀-ခေါက်ရွတ်ဖတ်၍ အောက်ပါ
အတိုင်း ဝန်ချတောင်းပန်ကန်တော့ပါလေ။





၁။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် သဗ္ဗညုတရှင်တော်မြတ်ဘုရားတို့
အပေါ်၌ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်
စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။


၂။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် ပစ္စေကဗုဒ္ဓါရှင်မြတ်ဘုရားတို့
အပေါ်၌ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်
စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။


၃။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် ရဟန္တာရှင်မြတ်တို့အပေါ်၌
ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ 
ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။


၎။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် အဂ္ဂသာဝက,မဟာသာဝကရှင်
မြတ်တို့အပေါ်၌ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေ
စွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါ
စေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။


၅။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှတော်စပ်ခဲ့ကြကုန်သောမိခင်အပေါင်းတို့အပေါ်၌လည်းကောင်း၊ယခု
ဘဝတွင်တော်စပ်လျှက်ရှိသော မိခင်အပေါ်၌လည်းကောင်း ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါး
သောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်
အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်
ကန်တော့ပါ၏။








၆။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှ တော်စပ်ခဲ့ကြကုန်သော ဖခင်အပေါင်းတို့အပေါ်၌လည်းကောင်း၊ယခု
ဘဝတွင်တော်စပ်လျှက်ရှိသော ဖခင်အပေါ်၌လည်းကောင်း ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါး
သောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်
အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်
ကန်တော့ပါ၏။








၇။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် လောကီအသိဉာဏ်ပညာ၊
အတတ်ပညာ၊အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးခဲ့ကြကုန်သောကျေးဇူးရှင်ဆရာသခင်
တို့အပေါ်၌ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်
ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။


၈။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် သရဏဂုံသုံးပါးနှင့်တကွ
လောကုတ္တရာအသိဉာဏ်ပညာတို့ကို သင်ကြားပေးခဲ့ကြကုန်သောကျေးဇူးရှင်ဆရာသခင်တို့အပေါ်၌လည်း
ကောင်း၊သက်ကြီးဝါကြီးပုဂ္ဂိုလ်တို့အပေါ်၌လည်းကောင်း ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသော
ကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်း
တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့
ပါ၏အရှင်ဘုရား။








၉။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် လောကလွန်မြောက်ထွက်ရာ
လမ်းဖြစ်သော သမထ,ဝိပဿနာဘာဝနာ တရားတော်မြတ်များကို လက်ထပ်သင်ကြားပေးခဲ့ကြကုန်သော
ကျေးဇူးရှင်ဆရာသခင်တို့အပေါ်၌ ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်
စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်း
အကျိုးငှာ၊ကျေအေးပါစေခြင်းအလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။
၁၀။အကျွန်ုပ်သည် ရှေးရှေးဘဝများစွာမှစ၍ ယခုဘဝ,ယခုအချိန်တိုင်အောင် ထမင်းတစ်လုပ်,ရေတစ်မှုတ်,
ပုဝါပိုင်း,အဝတ်အထည်မှစပြီး စားဝတ်နေရေးအားထောက်ပံ့ပေးခဲ့ကြကုန်သော ကျေးဇူးရှင်တို့အပေါ်၌ 
ကာယကံ,ဝစီကံ,မနောကံတို့တွင် တစ်ပါးပါးသောကံဖြင့် သိလျှက်နှင့်ဖြစ်စေ၊မသိမိုက်မဲတွေစွာဖြင့်ဖြစ်စေ 
ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်အပေါင်းတို့မှ ပျောက်ပါစေခြင်းအကျိုးငှာ၊ကျေအေးပါစေခြင်း
အလို့ငှာ ရှိခိုးဝန်ချ တိုးလျှိုးတောင်းပန် ပူဇော်ကန်တော့ပါ၏အရှင်ဘုရား။....ဟူ၍ပြုလုပ်နိုင်ပါသည်။
     ခင်ပွန်းကြီး ၁၀-ပါးအပေါ် တစ်ပါးပါးသောကံဖြင့် ကျူးလွန်ပြစ်မှားမိမည်ဆိုပါက

၁)ကြမ်းတမ်းစွာသော ဦးခေါင်းနာ စသည်ကပ်ရောက်ခြင်း




၂)စည်းစိမ်ဥစ္စာ ဆုတ်ယုတ်ပျက်ပြားခြင်း





၃)လက်,ခြေ ပြတ်ခြင်း၊ကိုယ်အင်္ဂါပျက်စီးခြင်း





၎)ဆေးကု၍မရသော ကြီးလေးသည့်ရောဂါ ကပ်ရောက်ခြင်း



၅)ရူးသွပ်ခြင်း၊စိတ်ပျံ့လွင့်ခြင်း






၆)မင်းပြစ်မင်းဓဏ်သင့်ခြင်း







၇)ရုန့်ကြမ်းစွာ အစွတ်စွဲခံရခြင်း






၈)ဆွေမျိုးပျက်စီးပြုန်းတီးခြင်း







၉)စည်းစိမ်အခြွေအရံ ပျက်စီးခြင်း






၁၀)နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်း....





စသည့်မကောင်းကျိုးများ ဆင်းရဲဒုက္ခများကို ခံစားကြရတတ်သဖြင့် ခင်ပွန်းကြီး၁၀-ပါးအပေါ်၌
မည်သည့်အကြောင်းကိစ္စနှင့်မျှ မပြစ်မှားမစော်ကားမိကြရအောင် အစဉ်သတိဆောင်၍နေသင့်
လှပေ၏။