ယာဉ်မောင်းသူ
အထူးဂရုစိုက်မောင်းနှင်ရမည့်အကြောင်းခြင်းရာများ
|
||||||||
Special Driving Situations
|
||||||||
ယာဉ်မောင်းသူသည် အောက်ဖော်ပြပါအကြောင်းခြင်းရာများကိုကြည့်၍
အထူးပြုဂရုစိုက်မောင်းနှင်မည်
|
||||||||
ဆိုလျှင် လုံခြုံစိတ်ချအန္တရာယ်ကင်းဘေးရှင်းစေပါလိမ့်မည်။
|
||||||||
၁။သင်၏ယာဉ်မြင်နိုင်စွမ်းကို
ထိန်းသိမ်းမောင်းနှင်ပါ။(Keep your car visible.)
|
||||||||
ယာဉ်မောင်းသူသည် နောက်ကြည့်မှန်များ(Side mirrors and rear view
mirror)ကိုသာလျှင် ကြည့်မည်
|
||||||||
ဆိုပါက ယာဉ်မောင်းသူ၏ မျက်ကွယ်အရပ်သို့
ဝင်ရောက်လာသော အခြားယာဉ်များအား မြင်နိုင်စွမ်းရှိမည်
|
||||||||
မဟုတ်ပါ။သို့မို့ကြောင့် ဦးခေါင်းကိုလှည့်၍
မျက်ကွယ်အရပ်အားကြည့်ရပေမည်။ဤအတူအခြားယာဉ်မောင်း၏
|
||||||||
မျက်ကွယ်အရပ်တွင်
ကြာရှည်စွာမနေသင့်ပါ။အကယ်၍အခြားယာဉ်မောင်း၏ မျက်ကွယ်အရပ်သို့ဝင်ရောက်
|
||||||||
နေမိလျှင်မြန်နိုင်သမျှ
ခပ်မြန်မြန်ကျော်တက်ခြင်း သို့မဟုတ် ခပ်ခွာခွာနောက်ချန်၍ လိုက်သင့်ပေ၏။
|
||||||||
(Do not linger in another driver's blind spot
and as quickly as you can,drop back or pass the
|
||||||||
vehicle.)
|
||||||||
၂။လမ်းအခြေအနေဘယ်လိုရှိနေမလဲကြည့်ပါ။(What
is the road condition)
|
||||||||
သင်၏အရှိန်မြန်လေ သင့်ယာဉ်၏အားထိန်းချုပ်နိုင်မှုအခွင့်အရေးနည်းလေ
ဖြစ်စေလိမ့်မည်ကို သတိပြုပါ။
|
||||||||
ထို့ကြောင့် သတ်မှတ်ထားသောအမြန်နှုန်းထက်
သင်၏အရှိန်ကျော်လွန်သွားပါက လမ်းအခြေအနေကိုကြည့်ပြီး
|
||||||||
ချိန်ညှိကာမောင်းနှင်သင့်ပေသည်။များစွာသော ယာဉ်မောင်းအတွေ့အကြုံနုနယ်သေးသည့်
ယာဉ်မောင်းများ
|
||||||||
သည် အတွေ့အကြုံများသော ယာဉ်မောင်းများထက်
လမ်းအခြေအနေကိုကြည့်ပြီး သူတို့၏အရှိန်ကို ချိန်ညှိ၍
|
||||||||
မောင်းနှင်နိုင်မှု အားနည်းတတ်ပြီး
မိမိယာဉ်အားထိန်းချုပ်နိုင်မှုမရှိဖြစ်ရကာ ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်ချေ
|
||||||||
ပို၍ များရပေ၏။
|
||||||||
၃။အကွေ့အဝိုက်ကွေ့ကြောများတွင်
ဂရုစိုက်မောင်းနှင်ပါ။(Curves)
|
||||||||
အကွေ့အဝိုက်ကွေ့ကြောများသည် ယာဉ်မောင်းသူ၏ယာဉ်အား
စက်ဝန်းအပြင်ဘက်သို့ဆွဲချတတ်၏။ဤ
|
||||||||
သို့သောအခြေအနေကြောင့်
မိုးရေ၊ရွှံ့၊ဆီးနှင်း၊ရေခဲနှင့်ကျောက်စရစ်ခဲများရှိလျှင်
လမ်းချော်တတ်ခြင်းပိုဖြစ်စေ
|
||||||||
ကာ အလွန်အန္တရာယ်များစေတတ်သည်ကို
ဂရုစိုက်ပါ။အကယ်၍ဤကဲ့သို့အကွေ့အဝိုက်များတွင် သတ်မှတ်
|
||||||||
ထားသောအမြန်နှုန်းဖြင့်ကွေ့ရမည်ဟုဖော်ပြထားမှုမရှိပါက
ယင်းကွေ့ကြောသို့မဝင်မီ ကွေ့ကြောမည်မျှအထိ
|
||||||||
ကွေ့ဝိုက်သည်ကိုကြည့်၍ သင့်ယာဉ်၏အရှိန်ကို
ချိန်ညှိကာမောင်းနှင်သင့်ပေ၏။မိမိရှေ့တွင် မည်သို့ဖြစ်ပျက်
|
||||||||
နေသည်ကို မြင်နိုင်စွမ်းမရှိတတ်သဖြင့်
ကွေ့ကြောသို့မဝင်မီ အရှိန်ကို(Slow down)လျှော့ချရမည်။ဘရိတ်ခ်ကို
|
||||||||
လုံးဝ မဖမ်းမိပါစေနဲ့။ကွေ့ကြောကို မောင်းနှင်စဉ်
ဘရိတ်ခ်ကို အသုံးပြုလျှင် လမ်းချော်ထွက်ခြင်းဖြစ်စေသည်
|
||||||||
ကို သတိပြုပါ။သင်၏လက်ကိုင်ဘီးကို လက်တစ်ဖက်ကဆွဲ
တစ်ဖက်ကတွန်းနည်း(Pull-push Steering)ဖြင့်
|
||||||||
ထိန်းသိမ်းမောင်းနှင်ရမည်။
|
||||||||
မှတ်ရန်။
။လက်ကိုင်ဘီးကို စံနစ်တကျကိုင်နည်း စံနစ်(၃)မျိုးရှိ၏။
|
||||||||
(က)လက်ကိုင်ဘီးကို လက်တစ်ဖက်ကဆွဲ
တစ်ဖက်ကတွန်းနည်း(Pull-push Steering)
|
||||||||
ဤနည်းသည် လက်တစ်ဖက်က လက်ကိုင်ဘီးကို အောက်သို့ဆွဲချ၊အခြားလက်တစ်ဖက်က
အပေါ်သို့
|
||||||||
တွန်းတင်၍ ကိုင်ရကာ အကွေ့အဝိုက်များတွင်
ယာဉ်အားအပြင် သို့မဟုတ် အတွင်းသို့ ချော်ထွက်မသွားစေရန်
|
||||||||
အဓိက အသုံးပြုရ၏။ ဤနည်းသည် လက်ကိုင်ဘီးကို
ညင်သာချောမွေ့စွာလည်စေပြီး လိုအပ်သည်ထက်
|
||||||||
အလွန်အကျွံလှည့်မိစေခြင်းကို
ကာကွယ်စေလိမ့်မည်။လက်ကိုင်ဘီးကို လိုအပ်သည်ထက်လှည့်မိစေခြင်းသည်
|
||||||||
(Over Steering)ယာဉ်အားထိန်းချုပ်နိုင်စွမ်းမှုလျော့ကျစေ၏။သင်၏လက်နှင့်
လက်မများကို လက်ကိုင်ဘီး
|
||||||||
ွအတွင်းသို့ ဆုပ်ကိုင်ခြင်းမပြုစေပဲ
လက်ကိုင်ဘီး၏အပြင်ဘက်တွင်ထား၍မောင်းနှင်ပါ။(Keep your hands
|
||||||||
and thumbs on the outside of the steering
wheel.)
|
||||||||
(ခ)လက်တစ်ဖက်ပေါ်တစ်ဖက်က
ထပ်၍ကိုင်နည်း(Hand-Over-Hand Steering)
|
||||||||
ဤနည်းမှာ ယာဉ်ကို လက်ယာဘက်သို့သွားစေ၊ကွေ့စေလိုလျှင်
လက်ကိုင်ဘီးကိုလက်ယာဘက်သို့
|
||||||||
လှည့်ရပြီး ဘယ်-ညာ ကန့်လန့်ဖြတ်အနေအထားရောက်က
ဘယ်လက်ကိုမလွှတ်ရ၊အနေအထားအလိုက်သင့်
|
||||||||
ပြောင်းပြီးလှည့်ရကာ ညာလက်ကို လွှတ်၍
၁၀း၁၀နာရီသို့ဖြစ်အောင်ပြန်ကိုင်နိုင်ရမည်။ပြန်ဖြေလျှင် ပြောင်းပြန်
|
||||||||
မဖြေရ၊လက်ဝဲဘက်သို့လှည့်ပြီး ညာ-ဘယ်
ကန့်လန့်ဖြတ် အနေအထားရောက်က ညာလက်ကို မလွှတ်ရ၊
|
||||||||
အနေအထားအလိုက်သင့်ပြောင်း ပြီးလှည့်ရကာ
ဘယ်လက်ကို လွှတ်၍ မူလအနေအထား ၁၀း၁၀နာရီသို့
|
||||||||
ဖြစ်အောင် လက်ကိုင်ဘီးကို အနေအထားမှန်ကန်စွာ
ပြန်ကိုင်နိုင်ရမည်။
|
||||||||
ဤနည်းကို လက်ကိုင်ဘီးအားအလွန်လဆင်မြန်စွာလှည့်ရန်လိုအပ်သည့်အခါများဖြစ်သည့်
ယာဉ်အား
|
||||||||
ပါကင်သွင်းစဉ်(Parking)၊လက်ယာဘက်သို့လျှင်မြန်စွာချိုးကွေ့စဉ်(Performing
sharp right turn)၊လမ်းချော်
|
||||||||
ထွက်ခြင်းကို အလျှင်အမြန်ဖြေရန်(Correcting a
skid)တို့တွင်အသုံးပြုရ၏။
|
||||||||
(ဂ)လက်တစ်ဖက်တည်း ကိုင်နည်း(One-Hand Steering)
|
||||||||
ဤနည်းကို ယာဉ်အားနောက်ဆုတ်စဉ် ဘယ် သို့မဟုတ် လက်ယာဘက်သို့
အပြည့်အဝချိုးကွေ့စရာမလို
|
||||||||
သည့်အခါတွင်လည်းကောင်း၊ယာဉ်မောင်းနှင်နေစဉ်
အန္တရာယ်ကင်းစေရန်နှင့် သက်သက်သာသာရှိစေရန်
|
||||||||
အတွက်
ထိန်းသိမ်းမောင်းနှင်သည့်အခါများတွင်လည်းကောင်း အသုံးပြုရ၏။
|
||||||||
၎။ယာဉ်သွားများသည့်လမ်းများတွင်
ဂရုစိုက်မောင်းနှင်ပါ။(Driving in Heavy Traffic)
|
||||||||
ယာဉ်အသွားအလာများသည့်လမ်းများတွင်
ပို၍ဖြည်းညှင်းစွာမောင်းနှင်ပါ။သို့မှသာ မိမိရပ်လိုသော
|
||||||||
အကွာအဝေးအတွင်းတွင်
ကောင်းစွာရပ်နိုင်ပါလိမ့်မည်။ယေဘုယျအားဖြင့်အောက်ဖော်ပြပါနေရာများတွင် ပို၍
|
||||||||
ဖြည်းညှင်းစွာမောင်းနှင်ရန်လိုပါမည်။
|
||||||||
(က)ကားပါကင်နေရာနှင့်မြို့တွင်းနေရာများ(Parking
Lots and Downtown areas)
|
||||||||
(ခ)ယာဉ်ကြောကြတ်တည်းသည့်လမ်းမများ(Roads with
Heavy Traffic)
|
||||||||
(ဂ)မိမိရှေ့မှများစွာသောယာဉ်များ၏ ဘရိတ်ခ်မီးရောင်များကိုလှမ်းမြင်ရစဉ်(Brake
Lights of Several
|
||||||||
Vehicles Ahead of You)
|
||||||||
(ဃ)တံတားကျဉ်းများနှင့် ဥမှင်လှိုဏ်များကို
ဖြတ်စဉ်(Narrow Bridges and Through Tunnels)
|
||||||||
(င)လမ်းအသုံးပြုခကောက်ခံသည့်နေရာများအားဖြတ်စဉ်(Through
Tool Gates)
|
||||||||
(စ)ကျောင်းများ၊အားကစားကွင်းများအနီးနှင့်လူနေရပ်ကွက်များအတွင်း(Near
Schools,Playgrounds, and
|
||||||||
in
Residential areas.)
|
||||||||
၅။ယာဉ်ကြောစီးဆင်းမှုအလျင်ကိုကြည့်၍
ဂရုစိုက်မောင်းနှင်ပါ။(Traffic Speeds)
|
||||||||
များစွာသောယာဉ်မတော်တဆမှုတို့သည် ယာဉ်တစ်စီးသည် အခြားသောယာဉ်များထက်
အလွန်လျင်
|
||||||||
မြန်စွာမောင်းခြင်း၊အလွန်နှေးကွေးစွာမောင်းခြင်းကြောင့်
ဖြစ်ရတတ်သည်ကို သတိပြုပါ။အကယ်၍သင်သည်
|
||||||||
အခြားသောယာဉ်များထက် အလွန်လျင်မြန်စွာမောင်းပါက
ယာဉ်မတော်တဆမှုပို၍ဖြစ်နိုင်ချေများပေလိမ့်မည်။
|
||||||||
ထို့အတူ
အခြားယာဉ်များထက်အရှိန်လျော့နည်းစွာမောင်းလျှင်သော်လည်းကောင်း၊ရုတ်တရက်ချက်ချင်း
ရပ်
|
||||||||
လျှင်လည်းကောင်း အလွန်လျင်မြန်စွာမောင်းသကဲ့သို့
များစွာအန္တရာယ်ကြီးပေ၏။အလွန်အန္တရာယ်ကြီးနှင့်
|
||||||||
မကြုံတွေ့ရငြားလည်းယာဉ်နောက်ပိုင်းကို
အခြားယာဉ်မှတိုက်မိခြင်းသော်လည်းဖြစ်ရတတ်၏။အကယ်၍
|
||||||||
သင်သည် လက်ဝဲဘက်အစွန်ဆုံးယာဉ်ကြော(Fast
Lane)ပေါ်တွင်ရှိနေပြီး လက်ယာဘက်ယာဉ်ကြောမှ
|
||||||||
ယာဉ်များက မိမိအားကျော်တက်နိုင်ချေရှိသည်ဟု
သတိပြုမိလျှင် သို့မဟုတ် သင်၏နောက်တွင် ယာဉ်တန်း
|
||||||||
ကြီးဖြစ်စေမိလျှင် အကောင်းဆုံးပြုလုပ်ရမည်မှာ
ဘေးအန္တရာယ်ကင်းစေရန်အလို့ငှာ လက်ယာဘက်ယာဉ်
|
||||||||
ကြောသို့ရွှေ့ပေးပြီး မိမိနောက်ဘက်မှယာဉ်တန်းအား
ကျော်တက်ခွင့်ပြုလိုက်ပါ။
|
||||||||
၆။အန္တရာယ်များသည့်နေရာတွင်
ဂရုစိုက်မောင်းနှင်ပါ။(Driving Hazards)
|
||||||||
(က)လမ်းပေါ်တွင် ရေများရှိခြင်း(Water on the
Road)
|
||||||||
အကယ်၍လမ်းမပေါ်တွင် ရေများစွာရှိလျှင်
အရှိန်ကိုလျှော့ချပါ။မိုးသည်းထန်စွာရွာသွန်းနေစဉ် သင်
|
||||||||
သည် မိုင်၅၀နှုန်းအထက် မောင်းမည်ဆိုပါက
သင့်ကား၏တာယာများသည် လမ်းမျက်နှာပြင်မှလွတ်ထွက်ကာ
|
||||||||
ရေပေါ်တွင် ရှပ်ပြေးယာဉ်ကဲ့သို့(Hydroplaning)
ပြေးစေလိမ့်မည်။လားရာအရပ်သည်လည်း အနည်းငယ်
|
||||||||
ပြောင်းလဲသွားခြင်း သို့မဟုတ်
လမ်းချော်ခြင်းဖြစ်စေလိမ့်မည်။ဤကဲ့သို့ ရေပေါ်တွင် ရှပ်ပြေးသကဲ့သို့ဖြစ်လျှင်
|
||||||||
ဖြစ်ချင်း သင်၏အရှိန်ကို
ဖြည်းဖြည်းခြင်းလျှော့ချပါ။ဘရိတ်ကို မနင်းမိပါစေနဲ့။
|
||||||||
Slow down gradually but do not apply the
brakes.
|
||||||||
(ခ)ချော၍စိတ်မချရသောလမ်းများ(Slippery Roads)
|
||||||||
အထူးသဖြင့် အလွန်ခြောက်သွေ့နေစဉ် ရုတ်တရက် မိုးရွာချလိုက်သည့်အခါ
လမ်းချော်မှုအဖြစ်များ
|
||||||||
တတ်သဖြင့် သင်၏အရှိန်ကို (Slow
down)လျှော့ချပါ။အဘယ်ကြောင့်ဆိုသော် များစွာသောလမ်းတို့သည်
|
||||||||
ဤသို့လမ်းချော်ရခြင်းမှာ ဆီကွက်များ
အမှိုက်သရိုက်များသည် လမ်းပေါ်မှ ကောင်းစွာဆေးကြောခြင်းမရှိသေး
|
||||||||
ကြောင့်ဖြစ်၏။ချောနေသောလမ်းမျက်နှာပြင်သည်
တာယာများကိုကောင်းစွာထိန်းထားနိုင်ခြင်းမရှိသဖြင့်
|
||||||||
ခြောက်သွေ့သောလမ်းထက် ပို၍ဖြည်းညှင်းစွာ
မောင်းသ်င့ပေ၏။အောက်ပါအခြေအနေများတွင် သင်၏အရှိန်
|
||||||||
ကို ချိန်ညှိယူပါ။
|
||||||||
-စိုစွတ်သောလမ်း(Wed
Road)တွင် ၅မိုင်မှ ၁၀မိုင်နှုန်းအထိလျှော့ချမောင်းနှင်ပါ။(Go 5-10 mph slower.)
|
||||||||
-ဆီးနှင်းပြင်(Packed Snow)ဖြစ်နေလျှင် သင်၏အရှိန်ကို
ထက်ဝက်ခန့်အထိလျှော့ချပါ။(Reduce your
|
||||||||
speed by half.)
|
||||||||
-ရေခဲပြင်(Ice)ပေါ်တွင်
ဘီးလိမ့်သည်ဆိုရုံမျှ ဖြည်းညှင်းစွာသွားသည်အထိ အရှိန်ကိုလျှော့ချပါ။
|
||||||||
(Slow
to a crawl.)
|
||||||||
အချို့သောလမ်းမျက်နှာပြင်သည် အခြားနေရာများထက်လွန်စွာချော်တတ်သောကြောင့်
“သတိ လမ်း
|
||||||||
ချော်တတ်သည်ဖြည်းဖြည်းမောင်း” ဟူသော “SLIPPERY”
သတိပေးဆိုင်းဘုတ်ထောင်ထားတတ်ရာ သင့်
|
||||||||
အားများစွာအထောက်အကူပြုသည်ကို
မှတ်သားပါ။အောက်ဖော်ပြပါ အချက်များကို သိရှိမှတ်သားထားပါ။
|
||||||||
သင့်အားများစွာအထောက်အကူပြုပါလိမ့်မည်။
|
||||||||
-အေးပြီးစွတ်စိုသောနေ့တွင်
သစ်ပင်များ သို့မဟုတ် အဆောက်အဦးများ၏အရိပ်ကျရောက်ရာနေရာများတွင်
|
||||||||
ရေခဲများခိုအောင်းနေနိုင်သည်။ဤကဲ့သို့သောနေရာများတွင်
အလျင်အမြန်အေးခဲစေတတ်ပြီး နောက်ကျမှ
|
||||||||
အရည်ပျော်ခြောက်သွေ့မှုကြန့်ကြာတတ်သည်ကိုသတိပြုပါ။
|
||||||||
-တံတားများ(Bridges)နှင့်ရထားလမ်းကူးကဲ့သို့သော
လမ်းတစ်ခုအပေါ်တစ်ခုကဖြတ်သွားသောလမ်းကျော်
|
||||||||
နေရာများ(Overpasses)တွင် ရေခဲအစက်အပြောက်များပို၍ဖြစ်ပေါ်စေပြီး
ခိုအောင်းနေစေတတ်သည်ကို
|
||||||||
သတိပြုပါ။
|
||||||||
-အလွန်ပူပြင်းသောနေ့တွင်
ပထမဦးဆုံးရွာသွန်းသောမိုးရေကြောင့် မိနစ်ပေါင်းများစွာကြာသည်အထိ လူ
|
||||||||
သွားစင်္ကြံပလက်ဖောင်းများသည်
အလွန်ချော်စေလိမ့်မည်။အပူကြောင့် ဆီကွက်များအရည်ပျော်စေကာ လမ်း
|
||||||||
မျက်နှာပြင်အား အလွန်ချောစေလိမ့်မည်ကို
သတိပြုပါ။သို့မို့ကြောင့် မိုးစရွာရွာချင်းယာဉ်မောင်းမည်ဆိုလျှင်
|
||||||||
အထူးဂရုစိုက်ကာမောင်းနှင်သင့်ပေ၏။
|
||||||||
(ဂ)လေပြင်းတိုက်ခတ်စဉ်(High Winds)
|
||||||||
ကုန်ကားကြီးများ၊ထရပ်ကားကြီးများ၊ထွေလာဆွဲသွားရသောကားများမောင်းနှင်စဉ်
လေပြင်းတိုက်ခတ်လာ
|
||||||||
ပါက
များစွာအန္တရာယ်ကြီးစေလိမ့်မည်။ယင်းကဲ့သို့လေပြင်းတိုက်ခတ်စဉ်တွင်
ယာဉ်မောင်းမည်ဆိုပါက ကြိုတင်
|
||||||||
ပြင်ဆင်ထားသင့်ကာ ယာဉ်မောင်းနှင်နေစဉ်
အောက်ပါအချက်များအတိုင်းလိုက်နာဆောင်ရွက်ပါ။
|
||||||||
သင်၏အရှိန်ကိုလျှော့ချပါ။(Reduce your speed.)
|
||||||||
ယင်းသို့အရှိန်ကိုလျှော့ချသဖြင့် သင်သည်
ယာဉ်ကိုကောင်းစွာထိန်းချုပ်နိုင်ပြီး သင့်ယာဉ်အား လေပြင်းဝှေ့
|
||||||||
တိုက်ခတ်မှုဘေးမှ ကာကွယ်ရန်အချိန်ရစေပါမည်။
|
||||||||
လက်ကိုင်ဘီးပေါ်တွင်မိမိလက်အားမြဲမြံစွာထားပါ။(Maintain
a firm hand position on the
|
||||||||
steering wheel.)
|
||||||||
လေပြင်းဘယ်အချိန်တိုက်ခတ်မယ်ဆိုတာ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။အကယ်၍
သင်သည် လက်ကိုင်ဘီး
|
||||||||
ကို မြဲမြံစွာ မကိုင်တွယ်ထားမိလျှင်
လေပြင်းတိုက်ခတ်မှုကြောင့် သင်၏လက်သည် လက်ကိုင်ဘီးပေါ်မှ ဆတ်
|
||||||||
ခနဲလွတ်ထွက်သွားစေကာ
ယာဉ်မတော်တဆမှုဖြစ်စေလိမ့်မည်ကို သတိပြုပါ။
|
||||||||
အမြဲနိုးနိုးကြားကြား သတိဝိရိယရှိပါ။(Be alert.)
|
||||||||
လေပြင်းတိုက်ခတ်လာလျှင် မိမိယာဉ်၏ရှေ့မြင်ကွင်းအား
အမှိုက်သရိုက်များလွင့်စင်လာမှုကို အမြဲသတိ
|
||||||||
ဖြင့်
စောင့်ကြည့်ရပေမည်။လေပြင်းတိုက်ခတ်မှုကြောင့် လမ်းမကြီးပေါ်တွင် အမှိုက်သရိုက်များပြန့်ကျဲစေပြီး
|
||||||||
မိမိရှေ့တူရူလမ်းကြောင်းအမြင်ကိုလည်းထိခိုက်စေတတ်ပါ၍
ရှေ့မြင်ကွင်းကို အမြဲမပြတ်စောင့်ကြည့်ခြင်းအား
|
||||||||
ဖြင့် ဖြစ်နိုင်ချေရှိသောအန္တရာယ်များကို
ကြိုတင်ကာကွယ်ဖို့ရာ အချိန်ရစေပါလိမ့်မည်။
|
||||||||
ပုံမှန်အနေအထားမျိုးထိန်းချုပ်မှု
ခရုဇ်ကွန်ထရိုးလ်အသုံးမပြုပါနဲ့။(Do not use cruise control.)
|
||||||||
စက်အရှိန်ကိုမြှင့်တင်ပေးသည့် Gas pedal(Accelerator) လီဗာကို
အထူးဂရုစိုက်ထိန်းသိမ်းကာ မောင်း
|
||||||||
နှင်ပါမှ မခန့်မှန်းနိုင်သောလေပြင်းဝှေ့တိုက်ခတ်မှုဘေးမှကာကွယ်နိုင်ရန်အခွင့်အလမ်းရစေပါမည်။
|
||||||||
ကြိုတင်ပြီး တက်တက်ကြွကြွ သတိဝိရိယရှိနေပါစေ။(Be
proactive.)
|
||||||||
လေပြင်းမုန်တိုင်းသည် မိမိအပေါ်ဘယ်အချိန်ကျရောက်တိုက်ခတ်လာမည့်အနေအထားကို
စောင့်ကြည့်
|
||||||||
နေပါ။ယင်းသို့စောင့်ကြည့်နေခြင်းအားဖြင့်
မိမိအပေါ်မကျရောက်လာမီ ယာဉ်အားလမ်းဘေးသို့ အန္တရာယ်ကင်း
|
||||||||
ဘေးကင်းလုံခြုံစိတ်ချစွာ ဆွဲချနိုင်ပြီး
ရပ်နားနိုင်ပါလိမ့်မည်။
|
||||||||
(ဃ)မြူနှင်းများဆိုင်းနေစဉ်မောင်းနှင်ခြင်း(Driving
in the Fog)
|
||||||||
အကောင်းဆုံးအကြံပေးရမည်ဆိုပါက မြူနှင်းများဆိုင်းနေစဉ်
လုံးဝမမောင်းပါနဲ့။မြူများသန့်စင်ကြည်လင်
|
||||||||
သွားသည်အထိ သင်၏ခရီးစဉ်ကို
ရွှေ့ဆိုင်းထားသင့်ပေ၏။မည်သို့ပင်ဆိုစေ မဖြစ်မနေ မောင်းရမည်ဆိုပါက
|
||||||||
ဖြေးဖြေးမှန်မှန်မောင်းပါ။ရေသုတ်ကိရိယာ(Windshield
wipers)ဖွင့်ပါ။ရှေ့အနိမ့်မီး(Low beam headlights)
|
||||||||
ကိုအသုံးပြုပါ။ရှေ့အမြင့်မီး(High beam
headlights)သည် အလင်းရောင် ရောင်ပြန်ဟတ်ပြီး မျက်စိအမြင်
|
||||||||
စူးရှစေတတ်သောကြောင့် အသုံးမပြုသင့်ပေ။ပါကင်မီး(သို့)နှင်းခွဲမီးမျှသာဖြင့်
မြူဆိုင်းနေစဉ် မည်သည့်အခါမျှ
|
||||||||
အသုံးပြုပြီးမမောင်းပါနဲ့။(Never drive with
just parking lights or fog lights.)
|
||||||||
မိမိရှေ့တူရူမြင်ကွင်းကို မြင်နိုင်သမျှမြင်အောင်ကြည့်ပါ။ယာဉ်ကြောတစ်ခုမှအခြားတစ်ခုသို့ဖြတ်မောင်း
|
||||||||
ခြင်း၊ကျော်ခွမောင်းခြင်းမှ
ရှောင်ကြဉ်ပါ။ရှေ့မြင်ကွင်းကို ကောင်းစွာ သဲကွဲစွာမမြင်ရလျှင် ယာဉ်များ၏အင်ဂျင်
|
||||||||
စက်သံကို နားစွင့်ပါ။မြူများသိပ်သည်းထူထပ်စွာကျနေ၍
လမ်းကိုကောင်းစွာမမြင်ရတော့ပါက လမ်းဘေးသို့
|
||||||||
ဆွဲချကာ အရေးပေါ်မီးခေါ်
မြန်မာယာဉ်မောင်းများအသိများသည့် ဇုံမီး(Emergency Signal Lights)ကို ဖွင့်
|
||||||||
ထားပြီး ရာသီဥတုအခြေအနေကောင်းသည်အထိ
စောင့်နေပါဟုပြောလိုပါသည်။
|
||||||||
(င)မှောင်မဲနေစဉ်မောင်းနှင်ခြင်း(Driving in the
Darkness)
|
||||||||
ညအခါတွင် ရှေ့မြင်ကွင်းအတော်ဝေးဝေးအထိကောင်းစွာမမြင်ရတတ်ပါ၍
ယာဉ်အန္တရာယ်မှရှောင်ရှားရန်
|
||||||||
ရပ်ဖို့အတွက် အချိန်အနည်းသည်သာရတတ်သောကြောင့်ဖြေးဖြေးမောင်းပါ။သို့မို့ကြောင့်
မီးရောင်ကျရောက်ရာ
|
||||||||
နယ်ပယ်တစ်ဆုံးအကွာအဝေးအတွင်းအချိန်မရွေးရပ်တန့်နိုင်ရန်
သေချာအောင်လုပ်ပါ။
|
||||||||
ညပိုင်း မိုးရွာနေစဉ် ရှေ့အနိမ့်မီး(Low beam headlights)ကို
အသုံးပြု၍မောင်းနှင်ပါ။ပါကင်မီး(သို့)နှင်းခွဲ
|
||||||||
မီး(parking lights or fog lights)ကို
အသုံးမပြုပါနဲ့။
|
||||||||
တောတောင်ထူထပ်သောတောလမ်းများတွင် ရှေ့အမြင့်မီး(High beam headlights)ကို
အသုံးပြုနိုင်ပါသည်။
|
||||||||
အကယ်၍ အမြင့်မီးကိုအသုံးပြုလျှင်
အခြားယာဉ်မောင်းများအား မျက်စိအမြင်ဝေဝါးအောင် မပြုမိပါစေနဲ့။
|
||||||||
လိုအပ်လျှင်
သင်၏မီးများကိုခေတ္တပိတ်ပေးလိုက်ပါ။အကယ်၍အခြားယာဉ်မောင်းများက သူတို့၏မီးများကို
|
||||||||
ခေတ္တခဏမျှတောင်မှ ပိတ်ပေးခြင်းမပြုလျှင်ကား
ရှေ့တူရူမှလာသောမီးအလင်းရောင်အား တိုက်ရိုက်မကြည့်
|
||||||||
ပါနဲ့။သင်၏လက်ယာဘက်ယာဉ်ကြောအစွန်သို့ကြည့်ပါ။ရှေ့တူရူမှလာသောယာဉ်(Oncoming
Vehicles)သည်
|
||||||||
သင်၏မျက်စိထောင့်မြင်ကွင်းမှ လွတ်ကွင်းကျော်ထွက်သွားသည်အထိ
စောင့်ကြည့်ပါ။ထူသူတို့နှင့်ယှဉ်ပြိုင်ပြီး
|
||||||||
မီးရောင်မထိုးမိပါစေနဲ့။ယင်းသို့ပြုမူလျှင်
နှစ်ဦးလုံး မျက်စိအမြင်ဝေဝါးသွားစေလိမ့်မည်ကို သတိပြုပါ။
|
||||||||
ညဘက်ယာဉ်မောင်းမည်ဆိုလျှင် လမ်းသွားလမ်းလာများ(Pedestrains)နှင့်စက်ဘီးစီးနင်းသူများ
|
||||||||
(Bicyclists)မြင်တွေ့ရဖို့ခဲယဉ်းသည်ကို
အမှတ်ရပါ။အမြဲမပြတ်နိုးကြားမှုရှိနေပါစေ။မော်တော်ဆိုင်ကယ်များ
|
||||||||
(Motor
cycles)လည်းမြင်တွေ့ဖို့ခဲယဉ်းတတ်၏။အဘယ်ကြောင့်နည်းဟူမူကား မော်တော်ဆိုင်ကယ်များတွင်
|
||||||||
နောက်မီးတစ်လုံးတည်း(Only one tail
light)သာလျှင်ရှိသောကြောင့်ဖြစ်၏။
|
||||||||
အဝေးပြေးလမ်းများတွင် လမ်းလုပ်သားများ ညပိုင်းအလုပ်လုပ်တတ်သောကြောင့်
လမ်းပြုပြင်နေသည့်
|
||||||||
နေရာ(Highway construction zones)များတွင်
သင်၏အရှိန်ကိုလျှော့ချမောင်းနှင်ပါ။သို့မဟုတ်လမ်းပြင်သည့်
|
||||||||
နေရာတွင်
သတ်မှတ်ပေးထားသောအမြန်နှုန်းထားအတိုင်းမောင်းနှင်ပါ။
|
||||||||
ရှေ့တူရူမှ တစ်ဖက်ကန်းမီး(with one sided
headlight)ဖြင့်မောင်းနှင်လာသောယာဉ်(သို့)မီးမဖွင့်ပဲ
|
||||||||
(with a missing
headlight)မောင်းလာသောယာဉ်(သို့)စက်ဘီးစီးနင်းသူ(သို့)မော်တော်ဆိုင်ကယ်စီးနင်းလာ
|
||||||||
သူ တွေ့လျှင် မိမိ၏လက်ယာဘက်ယာဉ်ကြောအစပ်မှ
မောင်းနှင်သင့်ပေ၏။
|
||||||||
(စ)မိုးရွာနေစဉ် သို့မဟုတ်
ဆီးနှင်းကျနေစဉ်မောင်းနှင်ခြင်း(Driving in Rain or Snow)
|
||||||||
များစွာသော လမ်းဘေးစင်္ကြံများသည် ဖုန်မှုန့်များ၊ဆီများအား
ဆေးကြောသန့်စင်သွားခြင်းမရှိသေးသော
|
||||||||
ကြောင့် အဦးအစ
မိုးရွာချသည့်အခါ(သို့)နှင်းကျသည့်အခါများတွင် အလွန်ချောစေလိမ့်မည်ကို သတိပြုပါ။
|
||||||||
ထို့ကြောင့် မိုးဖွဲဖွဲစ၍ရွာခြင်း (သို့)
နှင်းဖွဲများ စ၍ကျလာစဉ်တွင် လမ်းချော်ထွက်မသွားစေရန် အရှိန်ကိုလျှော့ချ
|
||||||||
မောင်းနှင်ပါ။ ရှေ့အနိမ့်မီး(Low beam
headlights)နှင့်အတူ ရေသုတ်ကိရိယာများ(windshield wipers)၊နှင်းခွဲ
|
||||||||
ကိရိယာများ(Defroster) ကိုဖွင့်၍မောင်းနှင်ပါ။
|
||||||||
အလွန်အားပြင်းသည့် မိုးသက်မုန်တိုင်း၊နှင်းမုန်တိုင်းများကျရောက်ပါက
သင့်ယာဉ်၏ရှေ့ ပေ၁၀၀ထက်
|
||||||||
ကျော်လွန်ကာမြင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပါ။ဤအခြေအနေတွင်
သင်သည် အမြန်နှုန်းမိုင်၃၀(၄၈ကီလိုမီတာ)
|
||||||||
အထက်ကျော်မောင်းလျှင်
ဘေးကင်းလုံခြုံစိတ်ချရမှုမရှိနိုင်သည်ကိုလည်း သတိပြုစေလိုပါသည်။
|
||||||||
(ဆ)တောင်ဆင်းတောင်တက်နှင့် အကွေ့အကောက်များသောလမ်းများတွင်မောင်းနှင်ခြင်း
|
||||||||
(Driving in Hill country or Curves)
|
||||||||
သင်သည် အလွန်မတ်စောက်သောတောင်များနှင့် အလွန်ကွေ့ဝိုက်သောနေရာများ၏
အခြားတစ်ဖက်၌
|
||||||||
မည်သို့ဖြစ်ပျက်နေသည်ကို သိမြင်နိုင်စွမ်းရှိမည်မဟုတ်ပါ။ဤကဲ့သို့သောနေရာများတွင်
မောင်းနှင်သွားရမည်
|
||||||||
ဆိုပါက အချိန်မရွေးအန္တရာယ်ကိုကာကွယ်ရန်အလို့ငှာ
ရပ်တန့်နိုင်ရန် အရှိန်လျှော့ချ(Slow down)မောင်းနှင်ပါ။
|
||||||||
အချိန်တိုင်းလိုလို သင်၏ရှေ့မြင်ကွင်းအား
တောင်များ၊အကွေ့အဝိုက်များက ပိတ်ကွယ်နေတတ်သဖြင့် အခြား
|
||||||||
တစ်ဘက်တွင် အခြားသော
ယာဉ်များရှိနေတတ်သည်ဟုမှတ်ယူပါလေ။တောင်ကုန်း(သို့)ကွေ့ကြောသည်
|
||||||||
အနည်းဆုံး တစ်မိုင်၏သုံးပုံတစ်ပုံရှိမှာသာလျှင်အခြားယာဉ်အားကျော်တက်ခြင်းပြုသင့်ပေ၏။အဘယ်ကြောင့်
|
||||||||
နည်းဟူမူကား
အန္တရာယ်ကင်းလုံခြုံစိတ်ချစွာကျော်တက်နိုင်ရန်အလို့ငှာ
နေရာလွတ်များနိုင်သမျှများများ ရရှိရန်
|
||||||||
လိုအပ်သောကြောင့်ဖြစ်ပေ၏။
|
||||||||
အန္တရာယ်ကင်းလုံခြုံစိတ်ချစွာကျော်တက်နိုင်ရန်အလို့ငှာ
မိမိ၏ရှေ့တူရူသို့ လုံလောက်သော အကွာအဝေး
|
||||||||
အထိမြင်နိုင်စွမ်းအားနည်းသဖြင့်
တောင်ကုန်းများနှင့်ကွေ့ကြောများတွင် လမ်း၏ဘယ်ဘက်ကပ်ပြီး မမောင်း
|
||||||||
နှင်ပါနဲ့ဟု အထူးပြောလိုပါသည်။
|
||||||||
၇။ပြူတင်းပေါက်များ၊ကြည့်မှန်များကိုသန့်ရှင်းရေးလုပ်ပါ။(Clean
Windows and Mirrors)
|
||||||||
ရှေ့လေကာမှန်၊ဘေးပြူတင်းမှန်များအားအတွင်းအပြင်သန့်ရှင်းအောင်ပြုလုပ်ပါ။ညစ်ပတ်နေသောပြူတင်း
|
||||||||
မှန်အား အလင်းရောင်တောက်သောနေရာင်ခြည်(သို့)မီးအလင်းရောင်သည်
အပြင်ဘက်သို့မြင်နိုင်စွန်းကို
|
||||||||
ခက်ခဲစေလိမ့်မည်။သို့မို့ကြောင့်ယာဉ်မမောင်းနှင်မီ
ဆီးနှင်း၊ရေမှုန်များကို ကောင်းစွာသန့်ရှင်းပါ။မိုးရွာစဉ်၊ဆီးနှင်း
|
||||||||
ကျနေစဉ်တို့တွင် ရေသုတ်ကိရိယာများ၊နှင်းခွဲကိရိယာများကို
အဖွင့်အပိတ်လုပ်ခြင်းအားဖြင့် ရှေ့လေကာမှန်၊
|
||||||||
ရှေ့မီး၊နောက်မီးများကို
သန့်ရှင်းကြည်လင်အောင်ပြုလုပ်ပေးပြီး မြင်ကွင်းကို
ပြတ်သားစွာမြင်အောင်ပြုလုပ်ပါ။
|
||||||||
၈။ထိုင်ခုံနှင့်ကြည့်မှန်များကို
ချိန်ညှိပါ။(Adject Seat and Mirrors)
|
||||||||
ထိုင်ခုံခါးပတ်မပတ်မီ ထိုင်ခုံအနေအထားကို ပြုပြင်ပြီးထိုင်ပါ။လမ်းကို
ကောင်းစွာမြင်နိုင်စွမ်းရှိအောင်
|
||||||||
လုံလောက်သောအနေအထားခပ်မြင့်မြင့်ထိုင်သင့်ပေ၏။အကယ်၍ကောင်းစွာမမြင်ရပါက
ထိုင်ခုံကျောမှီကိုချ၍
|
||||||||
အသုံးပြုနိုင်ပါသည်။
|
||||||||
ယာဉ်မမောင်းနှင်မီ နောက်ကြည့်မှန်နှင့် ဘေးကြည့်မှန်များအားလုံးကို
ချိန်ညှိပါ။သင်၏ယာဉ်တွင် နေ့/ည
|
||||||||
ကြည့်မှန်များရှိလျှင် မည်သို့ကိုင်တွယ်အသုံးပြုရမည်ကို
လေ့လာထားပါ။ညကြည့်မှန်သည် ညအချိန်တွင် သင်
|
||||||||
၏နောက်ဘက်ရှိယာဉ်မှ လာသောမီးရောင်၏စူရှမှုကို
လျှော့ချပေးသဖြင့်သင့်အားများစွာအကူအညီရစေပါမည်။
|
||||||||
ဤစာစုကို ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စု၌ ခေတ္တခဏ
နေထိုင်စဉ်အခိုက်အတန့်တွင် မိမိကိုယ်
|
||||||||
တိုင်ယာဉ်မောင်းနိုင်ရန်အလို့ငှာ
ယာဉ်မောင်းလိုင်စင်ရရှိဖို့ Driving Test ဖြေဆိုသည့်အခါ ယာဉ်စည်းကမ်း
|
||||||||
လမ်းစည်းကမ်းများနှင့် လမ်းများအသုံးပြုပုံ
အယာဉ်အဝင်အထွက်တို့ကို လေ့လာမှတ်သားမိသမျှ စုစည်းကာ
|
||||||||
ရေးသားပြီး
ပြန်လည်မျှဝေလိုက်ပါ၏။ဤစာစုရေးသားရခြင်း၏ရည်ရွယ်ချက်ကား ယခုအခါ ကျွန်ုပ်တို့
မြန်မာ
|
||||||||
နိုင်ငံတွင်
ခေတ်မီဖွံ့ဖြိုးတက်တက်လာသည့်နှင့်အမျှ ယာဉ်များလမ်းများဖွံ့ဖြိုးတိုးတက်မှုသည်လည်း
တစ်နှစ်
|
||||||||
ထက်တစ်နှစ် ရှုပ်ထွေးများပြားလာမည်ဖြစ်ရာ
တစ်ဦးခြင်းစီ၏ ယာဉ်စည်းကမ်းလမ်းလမ်းစည်းကမ်းပြည့်ဝစွာ
|
||||||||
နားလည်ထားပါမှ ဖြစ်မည်ကို သိရှိစေလိုသောစေတနာမှန်ဖြင့်ရေးသားရခြင်းဖြစ်ပါ၏။သို့မို့ကြောင့်ယာဉ်မောင်း
|
||||||||
သင်မည့်သူများ အထောက်အကူရ၍ စည်းကမ်းပြည့်ဝသော
ယာဉ်မောင်းသူများဖြစ်ကြပါစေကြောင်း ဤစာစု
|
||||||||
ဖြင့် ဆုမွန်ကောင်းတောင်းကာဆန္ဒပြုလိုက်ပါ၏။
|
||||||||
DR. Thein Hlaing
|
||||||||
B.D.S.(YGN),F.I.C.D(U.S.A)
|
||||||||
thein.hlaing1970@gmail.com
|
||||||||
www.drtheinhlaingtaze.blogspot.com
|
Sunday, September 21, 2014
ယာဉ်မောင်းသူ အထူးဂရုစိုက်မောင်းနှင်ရမည့်အကြောင်းခြင်းရာများ(Special Driving Situations)
Subscribe to:
Posts (Atom)