Friday, November 1, 2019

ယာဉ်အား ဘယ်ချိုးကွေ့ရာတွင် နည်းစံနစ်မှန်စွာ ချိုးကွေ့ခြင်း

Unicode
.............
နှစ်လမ်းမောင်းလမ်းမှ ဘယ်သို့ ချိုးကွေ့စဉ် တစ်ဘက်ယာဉ်ကြော၏ညာကွေ့ယာဉ်ကြောအား မပိတ်မိပါစေနဲ့။
========================================================
ကျနော်တို့နိုင်ငံ၏ လမ်းအများစုသည် ယာဉ်ကြော သတ်မှတ်မျဉ်းအမှတ်အသား မပါသည့် နှစ်လမ်းမောင်းသာလျင် များသည်ဖြစ်ရာ ယာဉ်မောင်းအများစုသည်လည်း ကြုံသလို ချိုးကွေ့ကြသည်ကများ၏။ယင်းသို့ ကြုံသလို ချိုးကွေ့ရာတွင် ညာဘက်သို့ချိုးကွေ့ရာ၌ မသိသာသော်လည်း ဘယ်ဘက်သို့ချိုးကွေ့ရာတွင် တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ယာဉ်ကြောတစ်ခုလုံးနီးပါး ပိတ်မိလျက်ဖြစ်ပြီး တစ်ဘက်ယာဉ်နှင့် မလွတ်မကင်းဖြစ်ဖန်များသည်ကိုတွေ့ရပါလိမ့်မည်။အချို့လည်း တစ်ဘက်ယာဉ်နှင့်ပြေပြေလည်လည်ဖြစ်သွားသော်လည်းအချို့မျက်နှာချင်းဆိုင် အကြီးအကျယ် တိုက်ခိုက်မှုဖြစ်သွားရသည်လည်းရှိ၏။ဤအတူ ဘယ်ကွေ့ကြောပေါ်တွင် ကားလေးအတွက်မသိသာသော်လည်း ယာဉ်ကြီးမောင်းသူအတွက် ဘယ်တစ်ဘက်ယာဉ်ကြောကို အပြည့်အဝပိတ်မိသွားစေတတ်သည်ကို သတိပြုရပါမည်။အနည်းဆုံး ပေ၅၀၊၆၀ရှိ ကုန်တင်ယာဉ်(မြန်မာပြည်အခေါ် တွဲကား)ဆိုပါက ပို၍ ပိတ်မိတတ်ဖန်များပါလိမ့်မည်။
ကွေ့ကြောသို့ဝင်လျင် "ဘယ်ကွေ့ ညာတင်၊ညာကွေ့ ဘယ်တင်" ကာကွေ့မှ အဆင်ပြေသည်ကိုတွေ့ရပါမည်။ဆိုလိုသည်မှာ ဘယ်ကွေ့ကြောသို့ဝင်လျင် ညာဘက်ကိုတတ်နိုင်သမှယူကာ ပန်း၍ကွေ့မှ တစ်ဘက်ယာဉ်ကြောအားမပိတ်မိသကဲ့သို့ မိမိယာဉ်၏နောက်ပိုင်းသည်လည်း မိမိဘယ်ဘက်ဖြစ်သည့် တစ်ဘက်ယာဉ်ကြောကို နှောင့်ယှက်ပိတ်ဆိုခြင်းမှ ကင်းဝေးမည်ဖြစ်ပါ၏။ဤအတူ ညာကွေ့ကြောသို့ဝင်လျင် ကုန်တင်ကားကြီးများအနေဖြစ် ဘယ်ဘက်(တစ်ဘက်ယာဉ်ကြောပေါ်သို့)ခေါ်ကာ ပန်း၍ကွေ့ပါမှ မိမိယာဉ်နောက်ပိုင်းသည် ညာဘက် လမ်းပုခုံးမြေသားပေါ်သို့ ကျရောက်ခြင်းမှ ကင်းဝေးမည်ဖြစ်ပါ၏။သို့မို့ကြောင့် ညာကွေ့ကြောသို့ဝင်လျင် ကားကြီးဖြစ်က မျက်နှာချင်းဆိုင် တစ်ဘက်ယာဉ်ကြောမှလာသည့်ယာဉ်ရှင်းမရှင်းကြည့်ကာ ဟွန်းတီးအသိပေးကာ ဝင်ရောက်သင့်ပေ၏။
Do not block right turn lane whenever you make left turn.

Zawgyi
............

Wednesday, October 23, 2019

ယာဉ်တိုက်ခိုက်မှုကို ကာကွယ်ပေးမယ့် နေရာလွတ် ( To protect your vehicle collision by making the space room )

Zawgyi
............
.. ယာဉ်တိုက်ခိုက်မှုကို ကာကွယ်ပေးမယ့် နေရာလွတ် ( To protect your vehicle collision by making the space room )
====================================================================
ယာဉ်တစ်စီးကို ထိခိုက်မှုမရှိအောင် ယာဉ်မောင်းသူသည် မိမိ၏ယာဉ်ဘေးဝဲယာရှေ့နောက်တွင် space room လို့ခေါ်တဲ့ နေရာလွတ်ထားကာမောင်းနှင်တတ်ရပါမယ်။ဆိုလိုတာက ယာဉ်မောင်းနှင်နေစဉ် မိမိ၏ယာဉ်အား အခြားယာဉ်များ၏ထိခိုက်ပွတ်တိုက်ခံရမှုဘေးမှ ကင်းဝေးအောင် မောင်းနှင်ရမယ်လို့ပြောတာပါ။ယာဉ်အား ညာအစွန်ကြောတွင်မောင်းနှင်နေစဉ် shoulder လို့ခေါ်တဲ့ ဘေးပုခုံးသားမှ အနည်းဆုံး ၃ပေ(၁-မီတာခန့်)ခွာ၍မောင်းရသလို အတွင်းဆုံး ဘယ်အစွန်ကြောမှ မောင်းလျင်လည်း အတွင်းဘေးပုခုံးသားမှ ၃ပေ(၁-မီတာခန့်) ခွာ၍မောင်းတတ်ရပါမယ်။ဤအချက်ကို သုံးသပ်ရာတွင် ယာဉ်သွားလမ်း၏ဘေးဝဲယာတွင် လမ်းပုခုံးသားအနည်းဆုံး ၃ပေ(၁-မီတာခန့်)ကျယ်စွာ လုပ်ပေးထားသည့်လမ်းဖြစ်မှသာလျင် အဆင့်မီသောလမ်းဖြစ်ပါမယ်ဆိုတာ သိရပါမယ်။မြန်မာပြည်လမ်းများမှာ ယာဉ်သွားလမ်းကြောင်းမှာပင်လျင် ယာဉ်နှစ်စီးယှဉ်၍ သွားလောက်အောင်လုပ်ထားသောလမ်းအရေအတွက်နည်းသလို လမ်းပုခုံးသားမရှိသည့် မည်ကာမတ်တတ်လမ်းကသာလျင်များသည်ကိုလည်း သတိပြုရပါမယ်။အကောင်းဆုံးလို့ဆိုရမယ့် ရန်ကုန်-မန္တလေး အမြန်လမ်းပင်လျင် လမ်းပုခုံးသားမကောင်းသည်က အထင်အရှားပင်ဖြစ်ချေတော့၏။ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွင် ကားနှစ်စီး ရှောင်ကွင်းလျင် ဘေးတိုက်ကြားအကွာအဝေးသည် အနည်းဆုံး ၅-ပေ(၁မီတာခွဲခန့်) ရှိရမဘ်ဆိုစေကာမူ ၁၂-ပေမျှသာလျင်ကျယ်သည့်လမ်းတွင် ကားတစ်စီး၏ အနည်းဆုံးအကျယ် ၅-ပေရှိသည့်ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်ရှောင်ကွင်းလျင် တစ်ပေမျှလောက်ပင် မလွတ်မကင်းရှောင်ကွင်းသွားရသောလမ်းကသာလျင်များနေပေသေး၏။မည်သို့ပင်ဆိုစေကာမူ ယာဉ်မောင်းသူသည် မိမိယာဉ်၏ဘေးဝဲယာရှေ့နောက်အား ယာဉ်တိုက်ခိုက်မှုကင်းဝေးအောင် နေရာလွတ်ထားကာမောင်းနှင်တတ်ရပါမယ်။အထူးသဖြင့်ကျော်တက်ရာတွင် ဤအချက်ကိုနားလည်ပြီး မောင်းနှင်ကျော်တက်ပါက ယာဉ်ကို အန္တရာယ်ကင်းဘေးရှင်းအောင် မောင်းနှင်ကျော်တက်နိုင်ပါလိမ့်မယ်။မိမိယာဉ်၏ရှေ့ကို နေရာလွတ်ထားဖို့ရာမှာ ရှေ့မှယာဉ်နဲ့မိမိယာဉ်အကွာအဝေးဟာ အနည်းဆုံး ၃-စက္ကန့်မျှ( 3 seconds Rule) ခွာ၍မောင်းနှင်တတ်ရပါမယ်။ယာဉ်စည်းကမ်းလမ်းစည်းကမ်း၏ ညွှန်ကြားချက်မှာ ရှေ့နောက်အကွာအဝေး ၄စက္ကန့်မျှ ခွာ၍မောင်းနှင်ရမယ်လို့ဆိုပါတယ်။ဤအတူ မိမိနောက်မှယာဉ်သည် ၃-စက္ကန့်စာမျှ ခွာမမောင်းပဲ မိမိယာဉ်နဲ့ကပ်လျက်လိုက်ပါလာပါက ယာဉ်ကြောပြောင်းအချက်ပြကာ အနီးစပ်ဆုံးယာဉ်ကြောသို့ ပြောင်းရွှေ့ကာ မောင်းနှင်တတ်ရပါမယ်။အရှိန်ကိုတွက်ချက်ရာတွင် မိမိသည် ၅မိုင်နှုန်း(၈ကီလိုမီတာ)မောင်းလျင် တစ်စက္ကန့်အရွေ့သည် ၇ပေ ကျော်ကျော်ရွေ့နေပေရာမိမိရှေ့မှကားနဲ့ ၃-စက္ကန့်ခွာရမည်ဆိုလျင် အနည်းဆုံး ပေ၂၀မျှ ခွာမောင်းရပါလိမ့်မယ်။ဤအတူ မိုင်၆၀-နှုန်းမောင်းလျင် တစ်စက္ကန့်မှာ ၈၈-ပေရွေ့မည်ဖြစ်၍ အနည်းဆုံးပေ ၂၅၀မှ ၃၀၀မျှ ခွာ၍ မောင်းပါမှ စိတ်ချရပါမယ်။
မြန်မာပြည်၏ယာဉ်မောင်းအများစုဟာ ကားမောင်းရာတွင် အထူးကျွမ်းကျင်သည်ဟုဆိုက မမှားချေ။ဘာကြောင့်ဆို ၁၂-ပေမျှသာကျယ်သောလမ်းတွင် အရှိန်ကီလိုမီတာ ၈၀/၁၀၀ မျှ မြန်အောင်မောင်းနိုင်စွမ်းရှိကြ၏။ဤယခုပြောသည့် နေရာလွတ်ထားကာ မောင်းရမယ်ဆိုတာသိရှိပါက အလွန်အကျိုးကျေးဇူးများမည်ဟု ပြောလိုပါတယ်။
ဤစာစုကို ကျနော့ကိုယ်တွေ့ဖြင့်ရေးခြင်းဖြစ်ပါတယ်။ကျနော်ကဲ့သို့ ယာဉ်တိုက်ခိုက်မှုခံရမည့်အရေးမှ ကင်းဝေးစေလိုသော စေတနာဖြင့် မျှဝေခြင်းဖြစ်ပါတယ်ခင်မျာ။

Saturday, June 29, 2019

ယာဉ်ရပ်နားခြင်း ကားပါကင်ထိုးခြင်းသည်လည်း လမ်းကြောင်းပေါ်ယာဉ်မောင်းနှင်သကဲ့သို့ အရေးကြီး
++++++++++++++++++++++++++++++++++++++++++++++++++
ယာဉ်ရပ်နားရာတွင် အမျိုးမျိုးရှိသော်လည်း အများဆုံးမြင်တွေ့ရသည်မှာ သုံးမျိုးသာလျင်တွေ့ရပါမည်။
ယင်းသုံးမျိုးမှာ
၁။ထောင့်တစ်စောင်းပါကင်(Angle Parking)
၂။ထောင့်မှန်အနေအထားပါကင်(Perpendicular Parking)
၃။မျဉ်းပြိုင်ပါကင်(Parallel Parking) ဆိုပြီးရှိရာ တစ်လမ်းမောင်းထွက်ဖို့ရာသတ်မှတ်ထားတဲ့ ထောင့်တစ်စောင်းပါကင်ကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ရပါမယ်။
Angle Parking ထောင့်တစ်စောင်းပါကင်ဟာ အဝင်လမ်းဘက်သို့စောင်းထားတာနဲ့ အထွက်လမ်းဘက်သို့စောင်းထားတာမျိုးမြင်တွေ့ရပါမယ်။အကယ်၍ အဝင်လမ်းဘက်သို့ စောင်းထားလျှင် အတည့်ထိုးရပြီး ပြန်ထွက်လျှင် နောက်ဆုတ်ထွက်ကာ ရှေ့သို့သွားရပါတယ်။အကယ်၍ အထွက်ဘက်သို့ စောင်းထားလျှင် ပါကင်ထိုးတဲ့အခါမှာ နောက်ဆုတ်ထိုးရပြီး ပြန်ထွက်လျှင် ရှေ့သို့ အတည့်အတိုင်း ပြန်ထွက်ရပါတယ်။ပုံတွေနဲ့တွဲကြည့်လျှင် အမြင်ရှင်းပါလိမ့်မယ်။
Perpendicular Parking ထောင့်မှန်အနေအထားပါကင်ကတော့ ရှင်းပါတယ်။နှစ်လမ်းမောင်းတွေမှာ အသုံးပြုတာများပါတယ်။အတည့်ထိုးနိုင်သလို နောက်ဆုတ်လည်းထိုးနိုင်ပါတယ်။အကောင်းဆုံးကတော့ ပါကင်ထိုးလျှင် နောက်ဆုတ်ထိုးတာဟာအကောင်းဆုံးပါပဲ။ပြန်ထွက်လျှင်ဦးခေါင်းနဲ့အတည့်ထွက်နိုင်တာမို့ အခြားယာဉ်တွေကို နှောင့်ယှက်ခြင်းမှ ကင်းစေပါတယ်။
Parallel Parking မျဉ်းပြိုင်ပါကင်ကတော့ လမ်းဘေးကပ်တုံး၊ လမ်းနဲ့အပြိုင် ထိုးရတာမို့ မိမိကပထမဆုံး ပါကင်ဝင်ရတာဆိုမထောင်းတာပေမယ့် ရှေ့ယာဉ်နဲ့ နောက်ယာဉ်နှစ်စီးအကြားထိုးရမယ်ဆိုလျှင် နည်းမှန်လမ်းမှန်ပါကင်ထိုးပါမှ ရပါလိမ့်မယ်။ယခုပါကင်ကို ထိုးရာတွင် ရှေ့မှယာဉ်နှင့်အပြိုင်ရပ်ကာ စတီယာရင်ကို အင်္ဂလိပ်အက္ခရာ “S” ပုံစံအတိုင်း ဆွဲပြီးပါကင်သွင်းမှရပါမယ်။ပါကင်ထိုးရာမှာ အခက်ခဲဆုံးပါကင်လို့ပြောလို့ရပါတယ်။လေ့ကျင့်ဖန်များလျှင် အဆင်ပြေသွားပါလိမ့်မယ်။
ဒါကြောင့် ယာဉ်ရပ်နားခြင်းဟာလည်း အရေးကြီးပါတယ်။အခုအခါမှာတော့ ရန်ုကုန်၊မန္တလေးမြို့ကြီးများမှလွဲ၍ မြန်မာပြည်အနှံ့အပြားမှာ ယာဉ်ရပ်နားဖို့ ကားပါကင်ပြုလုပ်ထားတာမရှိသလောက်ရှားပါသေးတယ်။သို့သော်လည်း ကားကို အလွယ်ရပ်နားတာမျိုး မပြုလုပ်သင့်ပါ။နောင်တစ်ချိန် တောရောမြို့ပါမကျန်ယာဉ်အသုံးပြုမှု ပိုမိုများပြားလာမှာဖြစ်လို့ ကားပါကင်တွေလည်း များလာပါလိမ့်မယ်။အခုကတည်းက စံနစ်တစ်ကျ ယာဉ်ရပ်နားမှုပြုပါလို့ အကြံပြုပါရစေ။

Wednesday, June 5, 2019

၅-နှစ်ကြိုပြက္ခဒိန်(၂၀၂၀ မှ ၂၀၂၅ အထိ)

၅-နှစ်ကြိုပြက္ခဒိန်(၂၀၂၀ မှ ၂၀၂၅ အထိ)
ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ် မှ ၁၃၈၇ ခုနှစ်အထိ