မြန်မာ့ ၁၂-လရာသီနဲ့ လပြည့်စန်းယှဉ်နက္ခတ်
==========================
၁။တန်ခူးလ တွင် စိတြ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၂။ကဆုန်လ တွင် ဝိသာခါ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၃။နယုန်လ တွင် ဇေဋ္ဌ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၎။ဝါဆိုလ တွင် အာသဠ်(ပြဗ္ဗါသဠ်/ဥတ္တရာသဠ်) နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။အမျညးအားဖြင့် ဥတ္တရာသဠ် နက္ခတ် နှင့်ယှဉ်ကာ လပြည့်ဖန်များ၏။
၅။ဝါခေါင်လ တွင် သရဝဏ် နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။ရံခါထူးကဲစွာ ဓနသိဒ္ဓိနက္ခတ် နှင့် ယှဉ်ကာ လပြည့်တတ်၏။
၆။တော်သလင်းလ တွင် ဘဒြ(ပြုဗ္ဗါဘဒြပိုဒ်/ဥတ္တရာဘဒြပိုဒ်) နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၇။သီတင်းကျွတ်လ တွင် အဿဝဏီ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၈။တန်ဆောင်မုန်းလ တွင် ကြတ္တိကာ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၉။နတ်တော်လ တွင် မိဂသီ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၁၀။ပြာသိုလ်လ တွင် ဖုသျှ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၁၁။တပိုတွဲလ တွင် မာဃ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၁၂။တပေါင်းလ တွင် ဖလဂုဏ္ဏ(ပြုဗ္ဗါဖလဂုဏ္ဏီ/ဥတ္တရာဖလဂုဏ္ဏီ) နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
အမေရိကန်တို့ ၁၂-လရာသီ လပြည့်ကိုခေါ်ပုံမှာ
=============================
၁။ဇန်နဝါရီလအတွင်း လပြည့်ကို Full Wolf Moon တစ်နည်း The Old Moon ဟုခေါ်၏။
၂။ဖေဖော်ဝါရီလ အတွင်း လပြည့်ကို Full Snow Moon တစ်နည်း The Hunger Moon ဟုခေါ်၏။
၃။မတ်လ အတွင်း လပြည့်ကို Full Worm Moon တစ်နည်း The Sap Moon ဟုခေါ်၏။
၎။ဧပြီလ အတွင်း လပြည့်ကို Full Pink Moon တစ်နည်း The Sprouting Grass Moon ဟုခေါ်၏။
၅။မေလ အတွင်း လပြည့်ကို Full Flower Moon တစ်နည်း The Corn Planting Moon or The Milk Moon ဟုခေါ်၏။
၆။ဇွန်လ အတွင်း လပြည့်ကို Full Strawberry Moon တစ်နည်း The Rose and The Hot Moon ဟုခေါ်၏။
၇။ဇူလိုင်လ အတွင်း လပြည့်ကို Full Buck Moon တစ်နည်း The Thunder Moon ဟုခေါ်၏။
၈။သြဂုတ်လ အတွင်း လပြည့်ကို Full Sturgeon Moon တစ်နည်း The Green Corn Moon ဟုခေါ်၏။
၉။စက်တင်ဘာလ အတွင်း လပြည့်ကို Full Corn Moon တစ်နည်း The Barley and The Harvest Moon ဟုခေါ်၏။
၁၀။အောက်တိုဘာလ အတွင်း လပြည့်ကို Full Hunter’s Moon တစ်နည်း The Travel or The Dying Moon ဟုခေါ်၏။
၁၁။နိုဝင်ဘာလ အတွင်း လပြည့်ကို Full Beaver Moon တစ်နည်း The Frost Moon ဟုခေါ်၏။
၁၂။ဒီဇင်ဘာလ အတွင်း လပြည့်ကို Full Cold Moon တစ်နည်း The Long Night Moon ဟုခေါ်၏။
No comments:
Post a Comment