Wednesday, August 29, 2018

2018 ခုနှစ်အတွက် လစဉ် ဓနသိဒ္ဓိနက္ခတ်နဲ့ လစန်းယှဉ်ရက် နှင့် ဓနသိဒ္ဓိမွန်းတည့်မတ်ချိန်

2018 ခုနှစ်အတွက် လစဉ် ဓနသိဒ္ဓိနက္ခတ်နဲ့ လစန်းယှဉ်ရက် နှင့် ဓနသိဒ္ဓိမွန်းတည့်မတ်ချိန်
=====================================================
2018 ခုနှစ်အတွက် လစဉ် ဓနသိဒ္ဓိနက္ခတ်နဲ့ လစန်းယှဉ်ရက် အချိန်ကို မြန်မာစံတော်ချိန်ဖြင့်တွက်ချက်ဖော်ပြထားပါသဖြင့် သက်ဆိုင်ရာနိုင်ငံ၏ စံတော်ချိန်နာရီသို့ လိုအပ်သလို ပေါင်း/နုတ်ပါ။
၁။၁၉.၁.၂၀၁၈ နံက် ၁:၄၄ မှ ၂၀.၁.၂၀၁၈ နံက် ၃:၄၇ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၁၉.၁.၂၀၁၈ မွန်းလွဲ၁:၁၅ မှ ၂:၀၆ အတွင်း ဖြစ်ပါသည်။

၂။၁၅.၂.၂၀၁၈ နံက် ၉:၀၉ မှ ၁၆.၂.၂၀၁၈ နံက် ၁၁:၀၈ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၁၅.၂.၂၀၁၈ နံက် ၁၁:၂၅ မှ မွန်းလွဲ ၁၂:၀၆ အတွင်း ဖြစ်ပါသည်။

၃။၁၄.၃.၂၀၁၈ နေ ၄:၃၄ မှ ၁၅.၃.၂၀၁၈ ညနေတ ၆:၂၅ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၁၅.၃.၂၀၁၈ နံက် ၉:၄၁ မှ ၁၀:၃၁ အတွင်း ဖြစ်ပါသည်။

၎။၁၀.၄.၂၀၁၈ ညသန်းခေါင် ၁၂:၀၀ မှ ၁၂.၄.၂၀၁၈ နံက် ၁:၄၂ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၁၁.၄.၂၀၁၈ နံက် ၈:၀၀ မှ ၈:၅၁ အတွင်း ဖြစ်ပါသည်။

၅။၈.၅.၂၀၁၈ နံက် ၆.၅၈ မှ ၉.၅.၂၀၁၈ နံက် ၉:၀၉ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၉.၅.၂၀၁၈ နံက် ၆:၁၅ မှ ၇:၀၆ အတွင်း ဖြစ်ပါသည်။

၆။၎.၆.၂၀၁၈ နေ့လည် ၂:၂၃ မှ ၅.၆.၂၀၁၈ ညနေ ၄:၃၄ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၅.၆.၂၀၁၈ နံက် ၄:၂၈  မှ ၅:၁၉ အတွင်း ဖြစ်ပါသည်။

၇။၁.၇.၂၀၁၈ ည ၉:၂၂ မှ ၂.၇.၂၀၁၈ ညသန်းခေါင် ၁၂:၀၀ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၂.၇.၂၀၁၈ နံက် ၂:၃၇ မှ ၃:၂၈ အတွင်း ဖြစ်ပါသည်။

၈။၂၉.၇.၂၀၁၈ နံက် ၄:၄၈ မှ ၃၀.၇.၂၀၁၈ နံက် ၆:၅၈ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၃၀.၇.၂၀၁၈ နံက် ၀၀:၄၅ မှ ၁:၃၆ အတွင်း ဖြစ်ပါသည်။

၉။၂၅.၈.၂၀၁၈ မွန်းတည့် ၁၂:၀၀ မှ ၂၆.၈.၂၀၁၈ နေ့လည် ၂:၂၃ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၂၅.၈.၂၀၁၈ ည ၁၁:၀၄ မှ ၁၁:၅၅ အတွင်း ဖြစ်ပါသည်။

၁၀။၂၁.၉.၂၀၁၈ ညနေ ၇:၀၆ မှ ၂၂.၉.၂၀၁၈ ည ၉:၄၆ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၂၁.၉.၂၀၁၈ ည ၉:၂၄ မှ ၁၀:၁၅ အတွင်း ဖြစ်ပါသည်။

၁၁။၁၉.၁၀.၂၀၁၈ နံက် ၂:၁၃ မှ ၂၀.၁၀.၂၀၁၈ နံက် ၄:၄၈ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၁၉.၁၀.၂၀၁၈ ည ၇:၄၁ မှ ၈:၃၂ အတွင်း ဖြစ်ပါသည်။

၁၂။၁၅.၁၁.၂၀၁၈ နံက် ၉:၂၀ မှ ၁၆.၁၁.၂၀၁၈ မွန်းတည့် ၁၂:၀၀ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၁၅.၁၁.၂၀၁၈ ညနေ ၅:၅၄ မှ ည ၆:၄၅ အတွင်း ဖြစ်ပါသည်။

၁၃။၁၂.၁၂.၂၀၁၈ ညနေ ၄:၅၁ မှ ၁၃.၁၂.၂၀၁၈ ည ၇:၁၂ အတွင်း
လစန်းနဲ့အတူ နက္ခတ်မွန်းတည့်မတ်ချိန်သည် ၁၃.၁၂.၂၀၁၈ ညနေ ၃:၅၅မှ ၄:၄၆ အတွင်း ဖြစ်ပါသည်။

တရားတော်နာရခြင်းအကျိုးကျေးဇူး(The Benefits of hearing Dhamma

တရားတော် နာကြားရခြင်းအကျိုး
====================
    လောကတွင် သဗ္ဗညူမြတ်စွာဘုရားနဲ့ ပစ္စေကဗုဒ္ဓအရှင်သူမြတ်တို့မှတစ်ပါး အခြားသောသူများသည် တရားတော်ကို မနာကြားပဲ ယောနိသောမနသိကာရမဖြစ်။ဝေဖန်ပိုင်းခြား သိနားလည်လွယ်ခြင်းမဖြစ်သောကြောင့် တရားတော်နာယူတတ်ရပေမည်။
    ပစ္စေကဗုဒ္ဓအရှင်သူမြတ်တို့ကား အရဟတ္တမဂ်ဉာဏ်တည်းဟူသော တရားအစုတို့ကို ဆရာမကူ မိမိကိုယ်တိုင်သာလျင် ထိုးထွင်းသိမြင်ကြသော်လည်း သတ္တဝါအများနားလည်အောင် ရရှိသောတရားတော်တို့ကို လောကပညတ်တင်၍ မဟောကြားနိုင်ကြပေ။သို့မို့ကြောင့် ပစ္စေကဗုဒ္ဓတို့အား ဆွမ်းအစရှိသည် လှူဖွယ်တို့အား လှူဒါန်းသူတို့အား ဆွမ်းအစရှိသော အလှူမျိုးတို့ လှူဒါန်းရသောအကျိုးကိုရည်မျှော်၍ တရားဟောတော်မမူတော့ပဲ "ဣစ္ဆိတံ ပတ္တိတံ တုံယှံ ခိပ္ပမေဝ သမိဇ္ဈတု" ဆိုပြီး တောင်းသောဆု လိုအပ်သောဆန္ဒတစ်လုံးတစ်ဝပြည့်စုံစေသတည်း ဟု ဆုသာလျင်ပေးတတ်ကြောင်း သိရပေ၏။
     လောကတွင် သမ္မာသမ္ဗုဒ္ဓသဗ္ဗညူမြတ်စွာဘုရားရှင်တစ်ဆူဆူပွင့်ထွန်းပေါ်ပေါက်လာမှသာလျင် သတ္တဝါတို့ ကောင်းကျိုးဖြစ်ထွန်းကာ လောကမှ ထွက်မြောက်ကြောင်းတရားတော်တို့ကို နာကြားခွင့်ကြုံကြရပေ၏။ယခုအခါ ဂေါတမမြတ်စွာဘုရားသာသနာတော်နှင့်ကြိမ်ကြိုက်ရခြင်းကား နည်းသည့်ကုသိုလ်ထူးကြီးမဟုတ်။အလွန်မတန်မှ ထူးသည့်ကုသိုလ်ထူးကြီးသာလျင်ဖြစ်သကဲ့သို့ လူ့အဖြစ်ရကာ မြတ်ဗုဒ္ဓသာသနာအတွင်းကြိမ်ကြိုက်ရခြင်းကား အခွင့်ကောင်းအခါကောင်း အချိန်ကောင်းသာလျင်ဖြစ်ရချေ၏။မြတ်စွာဘုရားရှင်၏တရားတော်တို့ဟာ အလွန်နက်နဲသိမ်မွေ့တော်မူသောကြောင့် ယခုအခါမှသာမဟုတ် မြတ်စွာဘုရားလောကတွင်ပွင့်ထွန်းပေါ်ပေါက်သက်ရှိထင်ရှားရှိစဉ်ကပင် ဟုတ်ပါလေစ ဟုတ်ချင်မှဟုတ်မှာပါ ဆိုပြီး တရားတော်တို့ကို သံသယစိတ်အားကြီးစွာပစ်ပယ်ခဲ့ကြသူများခဲ့ကြပေ၏။တရားတော်တို့ကို နာကြားရကောင်းမှန်းမသိခဲ့ကြတာ အဆန်းမဟုတ်တော့ပေ။တရားတော်တို့ကို နာကြားမှုမရှိသောကြောင့် သင့်တင့်သောအတွေးကိုမျှ မဝင်နိုင်သည်ဖြစ်၍ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို ဖြစ်ပျက်အာရုံ မတင်နိုင်ကြရပေတော့၏။မြတ်စွာဘုရားအလောင်းတော်ဘဝ  ဥရုဝေလတောအုပ်တွင် ပဉ္စဝဂ္ဂီငါးဦးတို့သည် အလောင်းတော်ကို ပြုစုလုပ်ကျွေးရင်း တရားအားထုတ်ကြရင်း အလောင်းတော်သည် အစာအာဟာရအနည်းအကျဉ်းသာစားသုံးကာ အတ္ထကိလမထ အပြင်းအထန်အားထုတ်တာ မဟုတ်သေးဟုမြင်ကာ ရုန့်ရင်းကြမ်းတမ်းသောအစာအာဟာရကိုမှီဝဲစားသုံးကာ တရားအားထုတ်ခြင်းကြောင့် မြတ်စွာဘုရားအားခွဲခွာကာ ဣသိပဒန မိဂဒါဝုန်တောသို့ ဖဲခွာသွားကြကာ ဆက်လက်တရားအားအားထုတ်ကြသော်လည်း ရုပ်နာမ်ကိုပိုင်းခြားသိမြင်သည့်အဆင့်မျှပင် မရကြပေ။အလောင်းတော်ကား ပဉ္စဝဂ္ဂီငါးဦးတို့ခွဲခွာသွားကြပြီးနောက် ဆွမ်းခံအစာအာဟာရမှီဝဲသုံးဆောင်ကာ တရားအားထုတ်ရင်း ဂယာအရပ်ဗောဓိပင်ရင်းတွင် မာန်ငါးပါးအောင်မြင်ဘုရားအဖြစ်သို့ရောက်ရှိကာ တရားဦးဟောတော်မူဖို့ ပဉ္စဝဂ္ဂီတို့ရှိရာ မိဂဒါဝုန်တောသို့ကြွရောက်ရာ ဝါဆိုလပြည့်နေ့ နေဝင်ရီတရောအချိန်ရောက်ရှိကာ တရားဟောဖို့ရာ ပဉ္စဝဂ္ဂီတို့နဲ့ သုံးကြိမ်တိုင်အောင် ပဋိသန္တာရစကားဆိုရပေ၏။အစာအနည်းငယ်မျှသာစားပြီး အပြင်းအထန်ကျင့်သော်လည်း ဘုရားအဖြစ်သို့မရောက်ပဲ အစာအာဟာရကို များစွာစားသုံးမှီဝဲပြီးမှ ကျင့်ခြင်းကြောင့်အဘယ်မှာလျင် ဘုရားအဖြစ်သို့ရောက်ရအံ့နည်းဟု မြတ်စွာဘုရားအား ယုံကြည်မှုသဒ္ဓါအားနည်းသေးရကာ မြတ်စွာဘုရားဟောကြားမည့် တရားအပေါ် သက်ဝင်ဖို့ရာအလွန်ပင်ခဲယဉ်းနေကြသဖြင့် အကြိမ်ကြိမ်ငြင်းပယ်နေကြတော့၏။မြတ်စွာဘုရားလည်း တတိယအကြိမ်တွင် စကားကိုပြောင်းကာ သင်တို့နဲ့အတူနေစဉ်အခါ ငါကိုယ်တော်မြတ် တရားထူးမရပဲလျှက် ငါ၌တရားထူးတို့သည်ဖြစ်ပေါ်ခဲ့ပြီ။ကိုယ်အရောင်အဝါတို့သည်ဖြစ်ပေါ်ခဲ့ပြီဟု သင်တို့အား ပြောကြားတော်မူခဲ့သလား ဟု မေးမှ ပဉ္စဝဂ္ဂီငါးဦးတို့လည်း အင်းဟုတ်ပေသားပဲဟိုအရင်က တစ်ခါမျှ မပြောဆိုခဲ့ပဲ အခုမှ ရဲရဲတောက်ပြောဆိုခြင်းဟာ မြတ်စွာဘုရားအဖြစ်သို့ရောက်လို့သာလျင်ဖြစ်ချေရော့မယ်။ပြင်ကြအုံးစို့ဆိုကာ မြတ်စွာဘုရားဟောကြားမည့်တရားတော်အား ရိုရိုသေသေဖြင့် အောက်ပါအချက်သုံးချက်အတိုင်း ပြင်ဆင်ကာနေကြပေတော့၏။တရားမြတ်ကို နားလည်ဖို့ရာမှာ
၁။ရိုရိုသေသေနာခံခြင်း၊
၂။နားထောင်၍နေခြင်း
၃။ဟောကြားသောတရားကို သိဖို့ရာ စိတ်ကို နှစ်၍ ထားခြင်း စသည့်အချက်သုံးချက်ဖြစ်ပေတော့၏။ထိုအခါ အနောက်ဖက်မိုးကုတ်စက်ဝိုင်းအောက်သို့ နေမင်းဝင်ကာ အရှေ့ဖက်မိုးကုတ်စက်ဝိုင်းအနားရေးပေါ်သို့ လပြည့်ဝန်းကြီးတက်လာခိုက် မြတ်စွာဘုရားသည် "ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန  န သေဝိတဗ္ဗာ " အစရှိသော တရားဦးဓမ္မစကြာ တရားဒေသနာတော်ကြီးကို စကြာဝဠာတိုက်တစ်သောင်းအတွင် နတ်ဗြဟ္မာတို့ ကြားရသည်အထိ ဟောကြားတော်မူရာ တရားဒေသနာအဆုံးတွင် လူသားအနေဖြင့် အရှင်ကောဏ္ဍညမထေရ်တစ်ပါးသာလျင် အဦးအစ ကျွတ်တမ်းဝင်သော်လည်း နတ်ဗြဟ္မာတို့ ကုဋေနှစ်သိန်းကျော် ကျွတ်တမ်းဝင်ကြလေ၏။
ယခုအခါ လူတို့သည် ဘုရားစကားတရားဒေသနာတော်တို့ ကောင်းစွာတည်ရှိနေသေးသည်ဖြစ်၍ တရားတော်တို့ကို နာကြားဖို့မလို စာကြည့်ပြီး ကျင့်က ရမည်ဟု အထင်ရောက်ကြပေ၏။ဤအတွေးသည် မမှန်ပါ။အထက်ကပြဆိုထားသကဲ့သို့ သဗ္ဗညူမြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓတို့မှတစ်ပါး အခြားသောသတ္တဝါတို့သည် တရားတော်ကိုမနာကြားပဲ မည်သို့ပင် အားထုတ်သော်လည်း တရားထူးမရနိုင်ကြောင်း သိစေရပါမယ်။ဤစကားမှန်၏။မြတ်စွာဘုရားအဖြစ်သို့မရောက်မီ အလောင်းတော်ဘဝတွင် တရားဆွေးနွေးရာတွင် အလွန်ပင်ဉာဏ်ထက်မြက်သော ဥဒက နှင့် အာဠာရ ရသေ့တို့သည် မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိပြီး ဦးစွာဟောရကောင်းပေစွဟု စိတ်အကြံဖြစ်ပေါ်၍ ဉာဏ်ဖြင့်ဆင်ခြင်ကြည့်ရာ အာဠာရ ရသေ့သည် လွန်ခဲ့သောတစ်ပတ်က စုတိကာ တရားနာရန် နား(သောတာရုံ)မရှိသော နာမ်သာလျင်ရှိသည့် တတိယအရူပဗြဟ္မာဘုံဖြစ်သည့် အာကိဉ္စညာ ယတန အရူပဗြဟ္မာဘုံသို့ရောက်ရှိသွားသကဲ့သို့ ဥဒက ရသေ့သည်လည်း ယမန်နေ့ညသန်းခေါင်အကျော်တွင် စုတိစိတ်ကျကာ နေဝသညာနာသညာ ယတန အရူပဗြဟ္မာဘုံသို့ရောက်ရှိကြသဖြင့် ဥဒကနဲ့အာဠာယတို့ ဉာဏ်အလွန်ကောင်းသော်လည်း မဂ်တရားဖိုလ်တရားတို့နဲ့ ဝေးရာအရပ်သို့ရောက်ရှိကြပြီ။အဆုံးရှုံးကြီး ဆုံးရှုံးကြရလေပြီဟု ဆိုထားပါတယ်။
ဒါကြောင့် တရားချစ်ခင် စိတ်ကောင်းဝင်ကြတဲ့ ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ခင်များ မြတ်စွာဘုရား၏တရားတော်တို့ကို နာယူမှတ်သားတော်မူကြပါဟု နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်ကာ တိုက်တွန်းလိုက်ရပါ၏ခင်များ။ ။ ။

မြန်မာ့၁၂-လ ရာသီ နှင့် လပြည့်စန်းယှဉ်နက္ခတ်

မြန်မာ့ ၁၂-လရာသီနဲ့ လပြည့်စန်းယှဉ်နက္ခတ်
==========================
၁။တန်ခူးလ တွင် စိတြ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၂။ကဆုန်လ တွင် ဝိသာခါ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၃။နယုန်လ တွင် ဇေဋ္ဌ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၎။ဝါဆိုလ တွင် အာသဠ်(ပြဗ္ဗါသဠ်/ဥတ္တရာသဠ်) နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။အမျညးအားဖြင့် ဥတ္တရာသဠ် နက္ခတ် နှင့်ယှဉ်ကာ လပြည့်ဖန်များ၏။
၅။ဝါခေါင်လ တွင် သရဝဏ် နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။ရံခါထူးကဲစွာ ဓနသိဒ္ဓိနက္ခတ် နှင့် ယှဉ်ကာ လပြည့်တတ်၏။
၆။တော်သလင်းလ တွင် ဘဒြ(ပြုဗ္ဗါဘဒြပိုဒ်/ဥတ္တရာဘဒြပိုဒ်) နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၇။သီတင်းကျွတ်လ တွင် အဿဝဏီ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၈။တန်ဆောင်မုန်းလ တွင် ကြတ္တိကာ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၉။နတ်တော်လ တွင် မိဂသီ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၁၀။ပြာသိုလ်လ တွင် ဖုသျှ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၁၁။တပိုတွဲလ တွင် မာဃ နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။
၁၂။တပေါင်းလ တွင် ဖလဂုဏ္ဏ(ပြုဗ္ဗါဖလဂုဏ္ဏီ/ဥတ္တရာဖလဂုဏ္ဏီ) နက္ခတ် နှင့် လပြည့်ဝန်းယှဉ်ကာ မွန်းတည့်မတ်၏။

အမေရိကန်တို့ ၁၂-လရာသီ လပြည့်ကိုခေါ်ပုံမှာ
=============================
၁။ဇန်နဝါရီလအတွင်း လပြည့်ကို Full Wolf Moon တစ်နည်း The Old Moon ဟုခေါ်၏။
၂။ဖေဖော်ဝါရီလ အတွင်း လပြည့်ကို Full Snow Moon တစ်နည်း The Hunger Moon ဟုခေါ်၏။
၃။မတ်လ အတွင်း လပြည့်ကို Full Worm Moon တစ်နည်း The Sap Moon ဟုခေါ်၏။
၎။ဧပြီလ အတွင်း လပြည့်ကို Full Pink Moon တစ်နည်း The Sprouting Grass Moon ဟုခေါ်၏။
၅။မေလ အတွင်း လပြည့်ကို Full Flower Moon တစ်နည်း The Corn Planting Moon or The Milk Moon ဟုခေါ်၏။
၆။ဇွန်လ အတွင်း လပြည့်ကို Full Strawberry Moon တစ်နည်း The Rose and The Hot Moon ဟုခေါ်၏။
၇။ဇူလိုင်လ အတွင်း လပြည့်ကို Full Buck Moon တစ်နည်း The Thunder Moon ဟုခေါ်၏။
၈။သြဂုတ်လ အတွင်း လပြည့်ကို Full Sturgeon Moon တစ်နည်း The Green Corn Moon ဟုခေါ်၏။
၉။စက်တင်ဘာလ အတွင်း လပြည့်ကို Full Corn Moon တစ်နည်း The Barley and The Harvest Moon ဟုခေါ်၏။
၁၀။အောက်တိုဘာလ အတွင်း လပြည့်ကို Full Hunter’s Moon တစ်နည်း The Travel or The Dying Moon ဟုခေါ်၏။
၁၁။နိုဝင်ဘာလ အတွင်း လပြည့်ကို Full Beaver Moon တစ်နည်း The Frost Moon ဟုခေါ်၏။
၁၂။ဒီဇင်ဘာလ အတွင်း လပြည့်ကို Full Cold Moon တစ်နည်း The Long Night Moon ဟုခေါ်၏။