Wednesday, April 27, 2016

ကားပြန်လှည့်ထွက်ရာ တစ်ထက်ပိတ်လမ်း U-Loop Street for making the Turn

မြို့တော်သန့်ရှင်းသာယာလှပဖို့ မြို့အုပ်ချုပ်ရေးမှူးများ စေတနာမှန်ဖို့လိုသလို နိုင်ငံတကာအသိဗဟုသုတကြွယ်ဝဖို့ အထူးလိုအပ်ပါတယ်။ ။ ။
နွေဦးထန်းတောမြို့လို့ခေါ်တဲ့ California ပြည်နယ်က Palm Springs မြို့ကလေးရဲ့ ကညနရုံး (DMV Office)နားက ရပ်ကွက်တစ်ခုမြင်ကွင်း

သိစေချင်တာက ရပ်ကွက်လေးထဲမှာ ကားပြန်လှည့်ထွက်ဖို့ရာနေရာ(U-Loop)လေးတွေပါ။ရပ်ကွက်လမ်းတွေထဲလမ်းမှားရင်ပြန်လှည့်ထွက်ဖို့(သို့) သင်စဦးယာဉ်မောင်းများ အကွေ့အဝိုက်ကွေ့တွေမှာ ကားကို ကောင်းကောင်းလှည့်ထွက်နိုင်နိုင်အောင်လေ့ကျင့်ဖို့လုပ်ပေးထားတာပါ။ကျနော်တို့ဆီမှာ လမ်းမြေနည်းနည်းကျယ်တဲ့နေရာဆို မြို့အုပ်ချုပ်ရေးမှူးးတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး အိမ်မြေကွက်ရိုက်ရောင်းစားနေတာ ရန်ကုန်မြို့ကြီးကအစ တောမြို့ကလေးအဆုံးပါပဲ။မြို့တော်သန့်သန့်ရှင်းသာယာလှပဖို့ရာ မြို့အုပ်ချုပ်ရေးမှူးတွေဟာ စေတနာမှန်ဖို့လိုသလို နိုင်ငံတကာ အသိဗဟုသုတပြည့်စုံဖို့အထူးလိုအပ်လှပါတယ်။









No comments:

Post a Comment