ကားကျော်မှာလား။ယာဉ်ကြောပြောင်းမှာလား
<<<<<<<<<<<<>>>>>>>>>>>>>>>>
အသွားယာဉ်ကြောနဲ့အပြန်ယာဉ်ကြောတစ်ခုစီသာရှိလျှင်လည်းကောင်း၊ယာဉ်တစ်စီးသာလျှင်သွားလို့ရသော
အသွားအပြန် နှစ်လမ်းမောင်းတွင်လည်းကောင်း မိမိရှေ့မှကားကြောင့်
မိမိမြင်ကွင်းကွယ်နေလျှင် ကားကျော်တက်သည်ဟု သုံးပါ။ကားကျော်တက်လျှင် အလွန်ပဲ
အန္တရာယ်များတယ်ဆိုတာ သိထားပါ။ဒါ့အပြင် တစ်ဘက်ယာဉ်ကြောမှ
လမ်းပြောင်းပြန်ကျော်တက်ရသည်ဟု အမြဲမှတ်ပါ။ဒါကြောင့် ကားကျော်ပါက
သတိကြီးစွာထားရပါမယ်။ကားကျော်တက်မည်ဆိုပါက
၁။ မိမိရှေ့မှယာဉ်က မိမိထက်နှေးစွာသွားနေမှသာကျော်တက်ပါ။
သတ်မှတ်အမြန်နှုန်းအတိုင်းသွားနေပါက ကျော်တက်ဖို့
လုံးဝ မစဉ်းစားပါနဲ့။
၂။ကားကျော်တက်လျင် ရှေ့တူရူမှ လာသည့်ယာဉ်ရှင်းမရှင်း
အဓိက ကြည့်ရပါမယ်။ရှေ့တူရူမှလာသည့်ယာဉ်မရှင်းလျင် ကျော်တက်ဖို့လုံးဝ
မစဉ်းစားပါနဲ့။
၃။ရှေ့တူရူမှလာသည့်ယာဉ် ရှင်းလျင်
မိမိကျော်တက်လိုကြောင်း မီးတောက်အချက်ပေးပါ။
၎။ကျော်ပြီးလျင် ကျော်တက်ခဲ့တဲ့ယာဉ်ရှေ့မှ
ချက်ချင်းဖြတ်မဝင်ပါနဲ့။အနည်းဆုံး ၄စက္ကန့်မျှခွာပြီး လွတ်ကင်းမှ မီးအချက်ပြကာ
ပြန်ဝင်ပါ။
ဥပမာ(၁)။ ။တန့်ဆည်-ရေဦး-မုံရွာ-မန္တလေး
အဝေးပြေးလမ်း
ဤလမ်းသည်
အသွားအပြန်အလွန်များသည့်လမ်းဖြစ်ရာ မိမိရှေ့မှကားသည် မိမိထက်နှေးနေမှသာလျှင်ကျော်၍
ရပါမယ်။ကားကျော်တက်မယ်ဆို တစ်ဘက်ယာဉ်ကြောမှ ကျော်တက်ရပေရာ အလွန်အန္တရာယ်များသည့်လမ်းဖြစ်၏။
သို့ဖြစ်ရာ ကားကျော်တက်ပါက ရှေ့မြင်ကွင်း မျက်စိတစ်ဆုံး
ယာဉ်အလာကင်းရှင်းမှသာကျော်တက်၍ ရတတ်ကြောင်းသိစေအပ်ပါတယ်။
ဥပမာ(၂)။
။ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး

ဤလမ်းမကြီးသည်
အသွားအပြန်နှစ်လမ်းမောင်း ဖြစ်သော်လည်း ကားတစ်စီးသာသာ သွားလာလို့ရသည့် လမ်းဖြစ်ရာ
ကားကျော်တက်မယ်ဆို အလွန်သတိထားကျော်တက်ရသည့်အနေအထားဖြစ်သလို ကားကွင်းလျှင်လည်း
လမ်းပုခုံးမြေသားကောင်းသည့်နေရာတွင်သာ ရှောင်ကွင်း၍ရ၏။ကားကျော်လျှင်
တစ်ဘက်ယာဉ်ကြောမှ ကျော်တက်ရသည့်အပြင် လမ်းပုခုံးမြေသားကောင်းသည့်နေရာမှသာ ကျော်တက်နိုင်သည်ဖြစ်ရာ
သတိကြီးစွာထား၍ ကျော်တက်ရတတ်၏။
အထူးမှတ်ရန်မှာ ဘတ်စ်ကား/ကုန်ကားကြီးများသည် ယခုကဲ့သို့လမ်းမျိုးတွင် ညာကြောကပ်၍
ညာအချက်ပြမီးပေးနေပါက ရှေ့တူရူမျက်နှာချင်းဆိုင်မှ ကားလာနေ၍သော်လည်းကောင်း
အမြင်မရှင်း၍သော်လည်းကောင်း လမ်းပုခုံးမြေသားမကောင်း၍သော်လည်းကောင်း
တို့ကြောင့်မိမိနောက်မှ ကပ်လာသည့်ကားအတွက်
အကျော်သင့်သေးကြောင်းပြတတ်ပါတယ်။အလယ်ကြောတွင်မောင်းနေစဉ် စုံမီးအချက်ပြထားပါက
သူ့ကားနောက်က လိုက်နေသင့်သေးကြောင်းပြပါတယ်။ရှေ့မြင်ကွင်းအမြင်ရှင်းလျင်
ဘယ်အချက်ပြမီးပေးကာ သူ့အားကျော်တက်နိုင်ကြောင်း ပြပါတယ်။အကယ်၍အလယ်ကြောတွင်မောင်းနေပြီး
ဘယ်အချက်ပြမီးပေးနေပါက သူက
ရှေ့ယာဉ်းအားကျော်တက်မှာဖြစ်ကြောင်းပြပါတယ်။သို့မို့ကြောင်း အဝေးပြေးလမ်းများတွင်
ယခုကဲ့သို့ အချပ်ပြမီးများကိုလည်း ဂရုစိုက်ကာ ကားကျော်တက်ဖို့
အလျင်မလိုသင့်ကြောင်းသိစေအပ်ပါတယ်။ ။ ။
ကားကျော်မှာလား။ယာဉ်ကြောပြောင်းမှာလား။
±±±±±±±±±±±±±±±±±±±±
လားရာတူသွားနေတဲ့လမ်း ယာဉ်ကြောတစ်ကြောထက်ပိုလျှင် မိမိရှေ့မှယာဉ်မှ
မိမိ၏ရှေ့မြင်ကွင်းကိုကွယ်နေလို့ရှိလျှင်
ယာဉ်ကြောပြောင်းမယ်လို့သုံးပါ။ယာဉ်ကြောပြောင်းမယ်ဆို ၁။နောက်ကြည့်မှန်နဲ့
မိမိပြောင်းလိုတဲ့ဘက်က ဘက်မှန်ကိုကြည့်ပါ။
၂။အချက်ပြမီးဖွင့်ပါ။
၃။မျက်ကွယ်အရပ်ကို
ဦးခေါင်းလှည့်ကြည့်ပါ။
၎။ယာဉ်ကြောပြောင်းရွှေ့ပါ။ပြီးလျှင်အချက်ပြမီးပြန်ပိတ်ပါ။
ဥပမာ။
။ရန်ကုန်-မန္တလေး အမြန်လမ်း


အမြန်လမ်းမှာ
လားရာတူ အသွားယာဉ်ကြော နှစ်ကြောရှိသဖြင့် အမြဲတမ်း ညာကြော(အောက်ကြော)မှ
မောင်းရသည်မဆိုလိုပါ။မိမိရှေ့မြင်ကွင်းကွယ်နေလျှင် ယာဉ်ကြောပြောင်း၍ မောင်းပါ။
အထူးမှာကြားလိုသည်မှာ
အမြန်လမ်းသည် လမ်းပုခုံးသား မကောင်းသဖြင့် အောက်ကြောအပေါ်ကြော မည်သည့်ယာဉ်ကြောမျှ
စိတ်ချစွာ မောင်း၍မရပါ။သို့မို့ကြောင့် အထူးဂရုစိုက်ကာမောင်းသင့်လှပေ၏။
အမြန်လမ်းသည်
ယာဉ်ကြောနှစ်ကြောရှိရာ သတ်မှတ်အမြန်နှုန်းဖြင့်သွားရသည်ဖြစ်၍
မိမိနှင့်အဆင်ပြေမည့်ယာဉ်ကြောကို အသုံးပြုမောင်းနှင်နိုင်ကြောင်းသိပါ။အမြန်လမ်းမှာ
အခြားသော အဝေးပြေးလမ်းများကဲ့သို့
မီးအချက်ပြကိုမသုံးသင့်ပါဘူး။ယာဉ်ကြောပြောင်းသုံးမှာဖြစ်လို့ ညာကြောပြောင်းမယ်ဆို
ညာအချက်ပြမီးကိုသုံးပါ။ဘယ်ကြော(အတွင်းကြော/အပေါ်ကြော)ကို ပြောင်းမယ်ဆို
ဘယ်အချက်ပြမီးကိုအသုံးပြုပါ။ယာဉ်ကြောပြောင်းရွှေ့ပြီးလျင် အချက်ပြမီးကို
ပြန်ပိတ်ပေးပါ။ဤကဲ့သို့ယာဉ်ကြောပြောင်းရွှေ့အသုံးပြုရာတွင် အခြားသူ၏
မျက်ကွယ်အရပ်မှာကြာကြာမနေသင့်ပါ။နောက်ချန်နေခြင်းသို့မဟုတ် အရှိန်မြင့်ကာ
ကပ်လျှက်ယာဉ်ကြောမှသွားနေသည့်ကားကို ကျော်၍ကာ မိမိ၏မျက်ပွယ်အရပ်တွင် မည်သည့်ကားမျှ
ရှိမနေအောင် ဂရုစိုက်မောင်းသင့်ပါတယ်။
လားရာတူယာဉ်ကြော
နှစ်ကြောနှင့်အထက်ပိုပါက ကားကျော်မှာလို့ မသုံးနှုန်းသင့်ကြောင်းသိစေအပ်ပါတယ်။