ဘက်စုံသုံးလမ်းဖြစ်လို့ မျှဝေသုံးစွဲပါ (Share the Road)
<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>
၁။မြန်မာပြည်ရှိလမ်းမှန်သမျှသည် အများသုံးလမ်းပုံစံဖြစ်လို့ လူ၊တိရစ္ဆာန်၊စက်ဘီး၊ဆိုင်ကယ်၊ကား အားလုံးအသုံးပြုသွားလာနေရသည့် အနေအထားဖြစ်ပါတယ်။ဒါကြောင့် အားလုံးအသုံးပြုတာဖြစ်လို့ လူ စက်ဘီး ဆိုင်ကယ် ကား အစဉ်အတိုင်း ဘယ်သူ့ကိုမှ မထိခိုက်အောင် သွားလာနေရပေလိမ့်မယ်။အထူးသဖြင့် လူနှင့်စက်ဘီးတွေ့ပါက အရှိန်လျှော့ချပါ။မလွတ်ကင်းလျင် ရပ်စောင့်ပြီးမှ အန္တရာယ်ကင်းစွာ ကျော်တက်ပါ။
၂။ကားမောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အပြည့်အဝနားလည်သဘောပေါက်မောင်းနှင်လာကြပါက ကွန်ကရစ်တုံးအစား အခုလို ပလပ်စတစ် ဘလောက်တုံးများရေဖြည့်ကာ ချထားအသုံးပြုလို့ရလာပါလိမ့်မယ်။
၃။ဤကဲ့သို့ ယာဉ်လမ်းကြောင်းပြအမှတ်အသားကို မျဉ်းဖြူမျဉ်းဝါများဖြင့် သတ်မှတ်ထားသည့်လမ်းမျိုး ယာဉ်မောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအပြည့်အဝလိုက်နာနိုင်ပါက မြန်မာပြည်မှာ ဖြစ်လာပါလိမ့်မယ်။ဘေးမှာ စက်ဘီးလမ်းလည်း ပါတာ မြင်ရပါလိမ့်မယ်။

No comments:
Post a Comment