ယာဉ်အန္တရာယ် ကာကွယ်စေဖို့
ဟွန်းတီးမယ်(How to use your horn to avoid collisions)
<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>
ကားဟွန်းတီးမယ်ဆို သတိထားရမယ့်အချက်တွေ များလှပါတယ်။အဓိကအသုံးပြုရမှာက ဘေးအန္တရာယ်ကင်းရှင်းစေဖို့ပါ။မိမိလမ်းဦးစားရရေးအတွက် အသုံးပြုတယ်ဆို သိပ်မဟုတ်သေးပါဘူး။ဟွန်းသံကို သံရှည်တီးတယ်ဆိုလည်း မဟုတ်သေးပါဘူး။ဒါဆိုဘယ်လိုဟွန်းတီးရပါမလဲလို့ မေးစရာရှိလာပါတယ်။ဟွန်းကိုဘယ်လိုနေရာမှာ အသုံးပြုသင့်သလဲနှင့် ဘယ်လိုအခြေအနေမှာ အသုံးမပြုသင့်သလဲ ဟုမေးရပါမယ်။

ဟွန်းကို အသုံးပြုပါ(Use
your horn)
*****************************
၁။ယာဉ်တိုက်မှုကို ရှောင်ရှားရန်အတွက် လိုအပ်သည့်အခါမျှသာလျင် ဟွန်းကို အသုံးပြုပါ။
၂။အခြားယာဉ်မောင်းသူနဲ့ မျက်လုံးချင်းဆုံဖို့ရာ(Eye contact) ဟွန်းကိုအသုံးပြုပါ။အခြားယာဉ်မောင်းသူသည် မိမိရှေ့သို့ဘေးဘယ်ညာမကြည့်ပဲဖြတ်ဝင်လာပြီး ယာဉ်တိုက်ခိုက်မှုဖြစ်နိုင်ချေရှိသဖြင့် နိုးကြားမှုရှိစေရန်အတွက် သင့်ရဲ့ဟွန်းကို အသံတိုဖြင့် သတိပေးတီးနိုင်သည်။
၃။အလွန်အန္တရာယ်များ၍ လမ်းကျဉ်းသည့်တောင်ပေါ်လမ်းများတွင် မိမိရှေ့အနည်းဆုံး ပေ၂၀၀ကွာအထိ မမြင်ရလျှင် ဟွန်းကိုအသုံးပြုပါ။

ဟွန်းမတီးပါနဲ့(Do not use your horn)
********************************
၁။အခြားယာဉ်မောင်းသူ သို့မဟုတ် စက်ဘီးစီးသူ တစ်ယောက်သည် ဖြေးနှေးစွာသွားနေ၍ ထိုသူအား အလျင်အမြန်သွားစေလို၍သော်လည်းကောင်း၊မိမိရှေ့မှ မောင်းထုတ်လို၍သော်လည်းကောင်းရည်ရွယ်ချက်ဖြင့် ဟွန်းမတီးပါနဲ့။ထိုသူသည် ဖျားနေ၍သော်လည်းကောင်း၊သတိမေ့လျော့နေ၍သော်လည်းကောင်း၊အရက်မူးနေ၍သော်လည်းကောင်း သို့မဟုတ် ကား၏စက်အခြေအနေမမှန်၍သော်လည်းကောင်း အန္တရာယ်ကင်းအောင် မြန်မြန်မောင်းနိုင်သည့်အခြေအနေမရှိခြင်း ဖြစ်တတ်၏။
၂။အမှားတစ်ခုခုလုပ်နိုင်ခြေရှိသည့် အခြားယာဉ်မောင်းကိုနိုးကြားရန်အတွက်ဆိုပြီးလည်း ဟွန်းမတီးပါနဲ့။မိမိဟွန်းသံကြောင့် ပိုမို အမှားလုပ်မိစေသကဲ့သို့ ဒေါသထွက်စေကာ ပြန်လည်ချေပ ဟွန်းတီးခံရစေတတ်ပါတယ်။
၃။ဒေါသထွက်ခြင်း၊စိတ်ပျက်လက်ပျက်ဖြစ်ခြင်းကြောင့်လည်း ဟွန်းမတီးပါနဲ့။
၎။ယာဉ်တိုက်မှုကိုရှောင်ရှားရန်ဆိုပြီး လမ်းသွားလမ်းလာများ၊စက်ဘီးစီးနင်းသူများနှင့် ဆိုင်ကယ်စီးသူများကို ဟွန်းတီးခြင်းမပြုပါနဲ့။ဟွန်းသံသည် ယာဉ်ကား၏အပြင်ဘက်တွင် များစွာ ကျယ်လောင်သည်ကို သိပါလေ။
မှတ်ရန်မှာ ဟွန်းတီးခြင်းသည် အခြားယာဉ်မောင်းသူများ၊ဆိုင်ကယ်စီးသူများ၊စက်ဘီးစီးနင်းသူများနှင့် လမ်းသွားလမ်းလာများအတွက် လန့်ဖြတ်သွားစေတတ်ပါတယ်။သို့မို့ကြောင့် အန္တရာယ်အကင်းဆုံးဖြစ်စေဖို့အတွက်ဆိုပါက ဟွန်းတီးမည့်အစား သင့်ယာဉ်၏အရှိန်ကို လျော့ချပါ။သို့မဟုတ် ရပ်တန့်ပေးလိုက်ပါ။
ဘတ်စ်ကား/ကုန်ကားမောင်းသူ Commercial Driver သည် အိမ်စီးကား/ကားလေးမောင်းသူ Driver ထက်ပို၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပြည့်ဝသူဖြစ်၍ သဘောထားကြီး နားလည်ခွင့်လွှတ်နိုင်ရပါမယ်။ဤအတူ အိမ်စီးကား/ကားလေးမောင်းသူ Driver က ဆိုင်ကယ်စီးသူ Motorists ထက်၊ဆိုင်ကယ်စီးသူ Motorists က စက်ဘီးစီးသူ Bicyclists နှင့် လမ်းသွားလမ်းလာ Pedestrians ထက်ပို၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိသူဖြစ်သဖြင့် အဆင့်ဆင့်ညှာတာရပါမယ်။အပြန်အားဖြင့် လမ်းသွားလမ်းလာများနှင့် စက်ဘီးစီးနင်းသူက ဆိုင်ကယ်စီးသူကို၊ဆိုင်ကယ်စီးသူက ကားမောင်းသူကို ကားမောင်းသူက ဘတ်စ်ကား/ကုန်ကားမောင်းသူကို မထီမဲ့မြင်မပြုသင့်ကြောင်း သိစေအပ်ပါတယ်။ ။ ။