ခေတ်မီတိုးတက် အံ့ဖွယ်ကားနည်းပညာစနစ်များ – အပိုင်း(၂)

အခုအပိုင်း(၂)မှာ မိတ်ဆက်ပေးမယ့် နည်းပညာသစ်များကတော့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေး ရုံသာမက ကားမတော်တဆမှုများကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါ တယ်။ ထိုနည်းပညာများကတော့ (၁) Active Blind Spot Assist (ဘေး ဘယ်ညာယာဉ်ကြောအာရုံခံထိန်းချုပ်ခြင်းစနစ်)၊ (၂) Autonomous Driving on Highway (အမြန်လမ်းပေါ်တွင် အလိုအလျောက်မောင်းသူမဲ့ စနစ်) နှင့် (၃) Crosswind Stabilization (လေနှင့်ဘေးမှအရှိန်ကြောင့် ယာဉ်ရွေ့လျားမှုကို တည်ငြိမ်စေသောစနစ်)တို့ဖြစ်ပါတယ်။ ထိုနည်းပညာ များကို ကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီများဖြစ်တဲ့ Mercedes-Benz, BMW, Volvo, Toyota,Cadillac, Rolls-Royce နဲ့ အခြားကုမ္ပဏီ များတွင်လည်း ၂၀၁၁ နှောင်းပိုင်းမှစပြီး မော်ဒယ်မြင့်ဇိမ်ခံကားများမှာ စတင်ထည့်သွင်းအသုံးပြုနေပါပြီ။
(၁) Active Blind Spot Assist
(ဘေးဘယ်ညာယာဉ်ကြောအာရုံခံထိန်းချုပ်ခြင်းစနစ်)
(ဘေးဘယ်ညာယာဉ်ကြောအာရုံခံထိန်းချုပ်ခြင်းစနစ်)
BSA (Blind Spot Assist) စနစ်ဟာ ကားမောင်းသူကို အကြောင်း အမျိုးမျိုးကြောင့် မရည်ရွယ်ဘဲ လက်ရှိမောင်းနေတဲ့ ယာဉ်ကြောကနေ ဘေးဘယ်ညာယာဉ်ကြောဘက်ကို ရောက်သွားခြင်းကနေ ကာကွယ် ပေးမှာဖြစ်ပါတယ်။ Active Lane Keeping Assist (ယာဉ်ကြောထိန်းချုပ် စနစ်)လို့လည်း ခေါ်ပါသေးတယ်။ ကားကွေ့နေတဲ့အချိန်မှာတောင်မှ မောင်းနေတဲ့ ယာဉ်ကြောအတွင်းကနေပဲ ကွေ့ဖို့ထိန်းချုပ်ပေးမှာဖြစ်ပါ တယ်။ ကားရဲ့ဘီးလေးဘီးစလုံးမှာ တပ်ဆင်ထားတဲ့ ESL ဆန်ဆာတွေက ကားဟာမောင်းနေတဲ့ယာဉ်ကြောအတွင်းကနေ အခြားယာဉ်ကြောကို စောင်းသွားချိန်မှာ အော်တိုမက်တစ်စနစ်ဖြင့် မူလယာဉ်ကြောအတွင်းသို့ ပြန်လည်ရောက်ရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် မောင်းနေတဲ့ယာဉ်ကြော မျဉ်းကိုကျော်နေစဉ် ကားအချက်ပြဖန်သားပြင်ဒိုင်ခွက်မှာလည်း သတိ ပေးအချက်ပြမှာဖြစ်ပါတယ်။ ပြောက်ကျားယာဉ်ကြောမျဉ်းပေါ်ကို ရောက် တာနဲ့တစ်ပြိုင်နက် စတီယာရင်းကတုန်ခါပြီး မူလယာဉ်ကြောမျဉ်းအတွင်း ကို အလိုအလျောက်ပြန်လည်ရောက်ရှိစေမှာပါ။ BSA စနစ်က ကားအရှိန် 59 km/h ရောက်တဲ့အချိန်မှာ စပြီးအလုပ်လုပ်မှာဖြစ်ပါတယ်။ ကားရဲ့ ရှေ့မှန်အလယ်နဲ့အပေါ်ဘက်မှာရှိတဲ့ Stereo Cameras ဆန်ဆာကင်မရာနှစ်လုံးကနေပြီး ကားရဲ့အရှေ့ဘက်လမ်းအခြေအနေကို ထောက်လှမ်းမှာဖြစ်ပါတယ်။ ကားရဲ့ရှေ့၊ နောက်ဘမ်ဘာတွေမှာရှိတဲ့ အလယ်နဲ့ ဘေးဘယ်ညာနှစ်ဘက်ဆီက စုစုပေါင်းဆင်ဆာ (၆) ခုကနေပြီး ကားရဲ့ ရှေ့နောက်၊ ဘေးဘယ်ညာမှာရှိတဲ့ အရာဝတ္ထုတွေ၊ ကားတွေကိုထောက် လှမ်းပေးမှာဖြစ်ပါတယ်။ ကားမောင်းနေတဲ့အချိန် ဘေးဘက်ယာဉ်ကြောကနေ ကားတစ်စီးကျော်တက်လာတဲ့အခါမှာလည်း ကိုယ့်ကားနဲ့ကပ်နေ ရင် အလွိုင်းခွေမှာ တပ်ဆင်ထားတဲ့ ESL ဆင်ဆာတွေကနေ ကားကို မူလမောင်းနေတဲ့ ယာဉ်ကြောထဲကို အလိုအလျောက်ပြန်ရောက်စေ မှာဖြစ်ပါတယ်။ ကားအရှိန် 29 km/h ရောက်တဲ့အချိန်မှာ ဘေး နောက်ဘမ်ဘာတစ်ဖက်စီမှာတပ်ဆင်ထားတဲ့ ဒုတိယအဆင့်ဆန်ဆာ တွေက နောက်ကားကျော်တက်မတက်ကို အာရုံခံပေးမှာဖြစ်ပါတယ်။ နောက်ကားကျော်တက်လာနေစဉ်အတွင်း ဆန်ဆာက သတ်မှတ်ထား တဲ့ ဒီဂရီအတွင်းရောက်လာပြီဆိုရင် ကားရှေ့ဘေးတစ်ဖက်စီမှာ တပ်ထားတဲ့နောက်ကြည့်မှန်ပေါ်မှာ တြိဂံပုံအနီရောင်အချက်ပြမီးနဲ့ အချက်ပေးသံပါ ထွက်ပေါ်လာမှာဖြစ်ပါတယ်။
ဒီစနစ်ဟာ ကားမောင်းရင်း စကားပြောလို့ပဲဖြစ်ဖြစ်၊ ဖုန်းမက်ဆေ့ ရိုက်လို့ပဲဖြစ်ဖြစ်၊ အပြင်ကတစ်ခုခုကိုငေးလို့ပဲဖြစ်ဖြစ် နောက်ကားလာ တာကိုမသိဘဲ ကားကိုမောင်းနေတဲ့ယာဉ်ကြောကယိုင်ထွက်ပြီး မတော် တဆဖြစ်ခြင်းကနေ ကာကွယ်ပေးတဲ့အပြင် ယာဉ်မောင်းတွေကို နောက် ကားကျော်တက်တဲ့အခြအနေ၊ ရှေ့ကားမောင်းနေတဲ့အခြေအနေတွေကို စိတ်ဖိစီးနေရခြင်းကနေ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒီစနစ်ဟာ ကားမောင်းရင်း စကားပြောလို့ပဲဖြစ်ဖြစ်၊ ဖုန်းမက်ဆေ့ ရိုက်လို့ပဲဖြစ်ဖြစ်၊ အပြင်ကတစ်ခုခုကိုငေးလို့ပဲဖြစ်ဖြစ် နောက်ကားလာ တာကိုမသိဘဲ ကားကိုမောင်းနေတဲ့ယာဉ်ကြောကယိုင်ထွက်ပြီး မတော် တဆဖြစ်ခြင်းကနေ ကာကွယ်ပေးတဲ့အပြင် ယာဉ်မောင်းတွေကို နောက် ကားကျော်တက်တဲ့အခြအနေ၊ ရှေ့ကားမောင်းနေတဲ့အခြေအနေတွေကို စိတ်ဖိစီးနေရခြင်းကနေ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
(၂) Autonomous Driving on Highway
(အမြန်လမ်းပေါ်တွင် အလိုအလျောက်မောင်းသူမဲ့စနစ်)
(အမြန်လမ်းပေါ်တွင် အလိုအလျောက်မောင်းသူမဲ့စနစ်)
ဒီစနစ်ကတော့ အရမ်းကိုအံ့သြစရာကောင်းပြီး အသုံးပြုဖို့လည်း လုံခြုံစိတ်ချရပါတယ်။ အမြန်လမ်းပေါ်မှာ မောင်းနေစဉ်အတွင်း အချိန် ကြာလာရင် ယာဉ်မောင်းတွေဟာ အိပ်ငိုက်တာတို့၊ ပင်ပန်းတာတို့ဖြစ် လာတဲ့အချိန် ကားစတီယာရင်းပေါ်က ခလုတ်လေးတစ်ခုကို နှိပ်လိုက်ရုံနဲ့ ယာဉ်မောင်းက စတီယာရင်းကို လုံးလုံးမှကိုင်စရာမလိုတော့ပါဘူး။ လေ ယာဉ်ပျံတွေမှာပါတဲ့ Auto Pilot နဲ့ဆင်တူပါတယ်။ မြန်မာပြည်က ယာဉ် မောင်းတွေတော့ ကြောက်ရင်ကြောက်လိမ့်မယ်ထင်ပါတယ်။ တကယ် တော့ ကားရဲ့ဆန်ဆာတွေကနေပြီးတော့ ကားရဲ့ရှေ့ပိုင်း ၁၈၀ ဒီဂရီလုံး ကိုသေချာအာရုံခံပြီးမှ အလိုအလျောက်မောင်းနှင်ဖို့ တွက်ချက်လုပ် ဆောင်တာပဲဖြစ်ပါတယ်။ ယာဉ်ကြောနှစ်ကြောရှိနေတဲ့အခြေအနေမှာ ယာဉ်ကြောတစ်ကြောက ကားရှိရင် နောက်ယာဉ်ကြောကို အလိုအ လျောက်ရွေ့ပြောင်းမောင်းနှင်နိုင်စွမ်းရှိပါတယ်။ အမြန်လမ်း (Highway) တစ်လျှောက် စတီယာရင်းကိုကိုင်စရာမလိုတော့ပါဘူး။ ရှေ့နဲ့ဘေးမြင် ကွင်းမှာ ကားတွေ၊ အတားအဆီးတွေရှိမယ်ဆိုရင်တောင် အလိုအ လျောက် ရှောင်တိမ်းခြင်း၊ မောင်းနှင်ခြင်းအပြင် ဘရိတ်ကိုလည်း အလိုအ လျောက်အုပ်နိုင်စွမ်းရှိပါတယ်။ BMW တို့လိုမျိုးကားတွေမှာဆိုရင် ကားရဲ့နောက်ဘေးတစ်ဖက်တစ်ချက်ဆီမှာ Ultrasonic လှိုင်းထုတ်လွှင့်တဲ့ ကိရိယာတွေအပြင် ကားခေါင်မိုးနောက်ပိုင်းမှာလည်း ရေဒါ(Radar) တပ်ဆင်ထားပါတယ်။ ကားက အရှိန် 120 km/h ကျော်အထိ မိမိဘာ သာ မိမိမောင်းနှင်နိုင်ပါတယ်။ ဒါ့အပြင် ကားလမ်းအရမ်းပိတ်တဲ့အချိန်များ၊ လမ်းကျဉ်းတွေ၊ လမ်းအကွေ့တွေ၊ အဝိုင်းပတ်ခြင်းတွေ၊ တောင်တက်ခြင်း တွေကိုပါ ဆန်ဆာ၊ ရေဒါ၊ ကင်မရာတွေအကူအညီနဲ့ လုပ်ဆောင်နိုင်ပါ တယ်။Autonomous Driving on Highway စနစ်က မောင်းသူမဲ့ကားစနစ် (Driverless System) နဲ့တော့ မတူပါဘူး။ မောင်းသူမဲ့ကားစနစ်ဖြစ်ဖို့ နည်းပညာပိုင်းဆိုင်ရာ သုသေသနလုပ်ဖို့ အများကြီးလိုသေးပေမယ့် ADHက ရှေ့ပြေးစနစ်လို့ပြောလို့ရပါတယ်။ ADH စနစ်က ယာဉ်မောင်းကို အချိန်အတိုင်းအတာတစ်ခုထိပဲ ကူညီမောင်းနှင်ပေးတာပဲဖြစ်ပါတယ်။ 2013, 2104 မော်ဒယ်ကားတွေဖြစ်တဲ့Mercedes-Benz, BMW နဲ့တခြား ကားအမျိုးအစားတွေမှာ ပါဝင်လာပါတယ်။
ဒီစနစ်ဟာ ယာဉ်မောင်းတွေ ညောင်းညာလာတာတို့ပဲဖြစ်ဖြစ်၊ ဖုန်း ပြောနေတာပဲဖြစ်ဖြစ်၊ အိပ်ငိုက်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို့ ကား မောင်းနေရင်း မုန့်စားချင်လို့ပဲဖြစ်ဖြစ် ဗီံစနစ်ကိုပြောင်းပြီး ကားကို မိုင်ပေါင်းများစွာ ဆက်လက်မောင်းနှင်ခိုင်းလို့ရပါတယ်။
(၃) Crosswind Stabilization
(လေနှင့် ဘေးမှအရှိန်ကြောင့် ယာဉ်ရွေ့လျားမှုကို တည်ငြိမ်စေသောစနစ်)
(လေနှင့် ဘေးမှအရှိန်ကြောင့် ယာဉ်ရွေ့လျားမှုကို တည်ငြိမ်စေသောစနစ်)
ကားတွေဟာ မောင်းနှင်ရင်းအရှိန်များလာတာနဲ့အမျှ ဘေးအဘက် ဘက်မှ လေတိုးမှုတွေ၊ စိုက်ဆင်းလေတွေရဲ့အကျိုးသက်ရောက်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကားကို တစ်နာရီကီလို ၁၂၀ နှုန်းလောက်နဲ့ လေတိုက်နှုန်းပြင်းတဲ့တံတားရှည်တစ်စင်းပေါ်မောင်းတဲ့အခါ လေတိုးမှုတွေ ကြောင့် ကားဟာဘေးဘယ်ညာရွေ့တတ်ပါတယ်။ ထိုလေတိုးမှုတွေဟာ ကားရဲ့ဟန်ချက်နဲ့ အရှိန်ကိုအကျိုးသက်ရောက်မှုရှိပြီး တစ်ခါတစ်ရံ ဘေး ဘယ်ညာရွေ့ကာ တခြားကားတွေနဲ့ မတော်တဆတိုက်မိလေ့ရှိပါတယ်။ ကားဒီဇိုင်းအများစုဟာ ရှေ့နဲ့နောက် လေခွင်းအားတွေကို အဓိကထား တွက်ချက်ပြီး အေရိုဒိုင်နားမစ်ပုံစံ(Aerodynamic Design) နဲ့တည်ဆောက်ကြပါတယ်။ အခုနောက်ပိုင်း နည်းပညာတိုးတက်လာတာနဲ့အညီ ဘေးမှ တိုးဝင်လာတဲ့ လေတွေကိုခုခံပြီး ကားဘေးတိုက်ရွေ့လျားမှုမရှိအောင် တီထွင်လာကြပါပြီ။ ကားရှေ့အမိုးပေါ်မှာ တပ်ဆင်ထားတဲ့ ESP (Electronic Stability Program) (တည်ငြိမ်မှုကို လျှပ်စစ်ဖြင့်ထိန်းချုပ်သောပရိုဂရမ်) ကတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ ကားရဲ့အရှိန်၊ စတီယာရင်းရဲ့လမ်းကြောင်း၊ လေကြောင်းဦးတည်ရာတွေကို အာရုံခံပြီး ကားကိုဘေးတိုက်မရွေ့အောင် ဘီးတွေကနေတစ်ဆင့် ထိန်းချုပ်ပေးပါတယ်။ ကားရဲ့ အလွိုင်းခွေတစ်ခုချင်းစီမှာ တပ်ဆင်ထားတဲ့ အထူးဘရိတ်တွေ၊ စက်မှုအီလက်ထရောနစ် စနစ်နဲ့ မောင်းနှင်နိုင်တဲ့ စတီယာရင်း၊ လျှပ်စစ်နဲ့ ထိန်းချုပ်ထားတဲ့ ဆိုင်းထိန်းစနစ်(Suspension) တွေဟာ နည်းပညာအလွန်မြင့်ပြီး တုံ့ပြန်မှု မြန်ဆန်ကာ ကားကိုလေတိုက်ခြင်းကြောင့် ရွေ့လျားမှုကနေ ထိန်းချုပ်နိုင်ပါ တယ်။ အကယ်၍ ကားအရှိန်က တစ်နာရီ ကီလို ၈၀မှ ၁၀ဝ ကြားရောက်ရင် Crosswind Stabilization က အလိုအလျောက်လေတိုက်နှုန်းကို အထူး ခုခံပြီး ကားကိုမရွေ့အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီအချိန်မှာ လေရဲ့လားရာဘက် အရှေ့နဲ့အနောက်ဘီးအလွိုင်းခွေများက စတီယာရင်း ကို မလှုပ်အောင်အထူးထိန်းချုပ်ပေးပြီး crosswind effect ကိုကျော်ဖြတ်ကာ ကားကိုဘေးဘယ်ညာရွေ့လျားစေမှုမရှိဘဲ ခရီးသည်များသက်သောင့် သက်သာရှိစေရန်ကူညီပေးပါတယ်။ ဒီစနစ်ဟာ ပင်လယ်ကမ်းခြေတွေ၊ တံတားအမြင့်ကြီးတွေ၊ လေထန်တဲ့နေရာတွေမှာ ယာဉ်မောင်းကို အများ ကြီးကူညီပေးနိုင်စွမ်းရှိပါတယ်။ ကားရဲ့အရှိန်၊ အလျင်တွေနဲ့ မိမိနဲ့တခြား ကားကြားအကွာအဝေးကိုလည်း မှန်ကန်စွာတိကျစွာတွက်ပြီး ဖော်ပြ ပေးကာ လေတိုက်နှုန်းကို အလိုအလျောက် ခုခံပေးပါတယ်။
ခေတ်ရေစီးကြောင်းနဲ့အညီ တိုးတက်ပြောင်းလဲနေတဲ့ ကားနည်း ပညာအသစ်အဆန်းတွေက အံ့မခန်းဖွံ့ဖြိုးလာပြီး ယာဉ်မောင်းနဲ့ခရီးသည် တွေရဲ့လုံခြုံရေးနဲ့ ကားမတော်တဆမှုတွေကို အတက်နိုင်ဆုံးလျှော့ချပေး နိုင်စွမ်းရှိပါတယ်။ အရမ်းတိုးတက်ကောင်းမွန်တဲ့ နည်းပညာတွေက နောက် ပိုင်းကားအမျိုးအစားတွေမှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။ ကားနည်း ပညာအသစ်တွေရဲ့လုပ်ဆောင်မှု၊ အားသာချက်အားနည်းချက်တွေကို ကြို တင်သိရှိထားမှသာ နည်းပညာသစ်တွေကို တကယ်အသုံးချရမယ့်အချိန်မှာ ကောင်းကောင်းအသုံးချနိုင်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment