Saturday, May 23, 2015

ကားဝယ်တော့မည်ဆိုရင်သိထားသင့်သော ကားကိုယ်ထည် အမျိုးအစားများ အကြောင်း.....
SUV ( Sport Utility Vehicle )
SUV ရဲ့ အားသာချက်တွေကတော့ အတွင်းခန်းကျယ်ကျယ် ရှိပြီး ခန့်ညားထည်ဝါမှုရှိသော ထိုင်ခုံတွေရယ် ၊ ကုန် ပစ္စည်းတင်ဖို့နေရာ နဲ့ 4WD Drive ခေါ်တဲ့ လေးဘီးယက်စနစ်ဖြင့်မောင်းနှင်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ 
Off Road လမ်းတွေဖြစ်သော ရွံ့မြေလမ်းတွေ၊ သဲထူထပ်သောလမ်းများပေါ် သာမက ဆီးနှင်းထူထပ်တဲ့နေရာတွေ ပေါ်မှာပါအလွယ်တကူမောင်းနှင်နိုင်တဲ့
အမျိုးအစားဖြစ်ပါတယ်၊
အားနည်းချက်ကတော့ အကွေ့အကောက်များတဲ့လမ်းတွေမှာ ထိန်းချုပ်ရခက်ခဲမှုတော့ရှိနိုင်ပါတယ်၊ အင်ဂျင်ပါဝါကြီးတဲ့အချက်က ဆီစားများစေမှာဖြစ်ပါတယ်ဟုဖော်ပြပေးလိုက်ပါတယ်......

Saturday, May 16, 2015

ခေတ်မီတိုးတက် အံ့ဖွယ်ကားနည်းပညာစနစ်များ - အပိုင်း(၂)

ခေတ်မီတိုးတက် အံ့ဖွယ်ကားနည်းပညာစနစ်များ - အပိုင်း(၂)

ခေတ်မီတိုးတက် အံ့ဖွယ်ကားနည်းပညာစနစ်များ – အပိုင်း(၂)

March 12, 2015
0
Innovative-Tech
အခုအပိုင်း(၂)မှာ မိတ်ဆက်ပေးမယ့် နည်းပညာသစ်များကတော့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေး ရုံသာမက ကားမတော်တဆမှုများကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါ တယ်။ ထိုနည်းပညာများကတော့ (၁) Active Blind Spot Assist (ဘေး ဘယ်ညာယာဉ်ကြောအာရုံခံထိန်းချုပ်ခြင်းစနစ်)၊ (၂) Autonomous Driving on Highway (အမြန်လမ်းပေါ်တွင် အလိုအလျောက်မောင်းသူမဲ့ စနစ်) နှင့် (၃) Crosswind Stabilization (လေနှင့်ဘေးမှအရှိန်ကြောင့် ယာဉ်ရွေ့လျားမှုကို တည်ငြိမ်စေသောစနစ်)တို့ဖြစ်ပါတယ်။ ထိုနည်းပညာ များကို ကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီများဖြစ်တဲ့ Mercedes-BenzBMW, Volvo, Toyota,Cadillac, Rolls-Royce နဲ့ အခြားကုမ္ပဏီ များတွင်လည်း ၂၀၁၁ နှောင်းပိုင်းမှစပြီး မော်ဒယ်မြင့်ဇိမ်ခံကားများမှာ စတင်ထည့်သွင်းအသုံးပြုနေပါပြီ။
(၁) Active Blind Spot Assist
(ဘေးဘယ်ညာယာဉ်ကြောအာရုံခံထိန်းချုပ်ခြင်းစနစ်)
BSA (Blind Spot Assist) စနစ်ဟာ ကားမောင်းသူကို အကြောင်း အမျိုးမျိုးကြောင့် မရည်ရွယ်ဘဲ လက်ရှိမောင်းနေတဲ့ ယာဉ်ကြောကနေ ဘေးဘယ်ညာယာဉ်ကြောဘက်ကို ရောက်သွားခြင်းကနေ ကာကွယ် ပေးမှာဖြစ်ပါတယ်။ Active Lane Keeping Assist (ယာဉ်ကြောထိန်းချုပ် စနစ်)လို့လည်း ခေါ်ပါသေးတယ်။ ကားကွေ့နေတဲ့အချိန်မှာတောင်မှ မောင်းနေတဲ့ ယာဉ်ကြောအတွင်းကနေပဲ ကွေ့ဖို့ထိန်းချုပ်ပေးမှာဖြစ်ပါ တယ်။ ကားရဲ့ဘီးလေးဘီးစလုံးမှာ တပ်ဆင်ထားတဲ့ ESL ဆန်ဆာတွေက ကားဟာမောင်းနေတဲ့ယာဉ်ကြောအတွင်းကနေ အခြားယာဉ်ကြောကို စောင်းသွားချိန်မှာ အော်တိုမက်တစ်စနစ်ဖြင့် မူလယာဉ်ကြောအတွင်းသို့ ပြန်လည်ရောက်ရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် မောင်းနေတဲ့ယာဉ်ကြော မျဉ်းကိုကျော်နေစဉ် ကားအချက်ပြဖန်သားပြင်ဒိုင်ခွက်မှာလည်း သတိ ပေးအချက်ပြမှာဖြစ်ပါတယ်။ ပြောက်ကျားယာဉ်ကြောမျဉ်းပေါ်ကို ရောက် တာနဲ့တစ်ပြိုင်နက် စတီယာရင်းကတုန်ခါပြီး မူလယာဉ်ကြောမျဉ်းအတွင်း ကို အလိုအလျောက်ပြန်လည်ရောက်ရှိစေမှာပါ။ BSA စနစ်က ကားအရှိန် 59 km/h ရောက်တဲ့အချိန်မှာ စပြီးအလုပ်လုပ်မှာဖြစ်ပါတယ်။ ကားရဲ့ ရှေ့မှန်အလယ်နဲ့အပေါ်ဘက်မှာရှိတဲ့ Stereo Cameras ဆန်ဆာကင်မရာနှစ်လုံးကနေပြီး ကားရဲ့အရှေ့ဘက်လမ်းအခြေအနေကို ထောက်လှမ်းမှာဖြစ်ပါတယ်။ ကားရဲ့ရှေ့၊ နောက်ဘမ်ဘာတွေမှာရှိတဲ့ အလယ်နဲ့ ဘေးဘယ်ညာနှစ်ဘက်ဆီက စုစုပေါင်းဆင်ဆာ (၆) ခုကနေပြီး ကားရဲ့ ရှေ့နောက်၊ ဘေးဘယ်ညာမှာရှိတဲ့ အရာဝတ္ထုတွေ၊ ကားတွေကိုထောက် လှမ်းပေးမှာဖြစ်ပါတယ်။ ကားမောင်းနေတဲ့အချိန် ဘေးဘက်ယာဉ်ကြောကနေ ကားတစ်စီးကျော်တက်လာတဲ့အခါမှာလည်း ကိုယ့်ကားနဲ့ကပ်နေ ရင် အလွိုင်းခွေမှာ တပ်ဆင်ထားတဲ့ ESL ဆင်ဆာတွေကနေ ကားကို မူလမောင်းနေတဲ့ ယာဉ်ကြောထဲကို အလိုအလျောက်ပြန်ရောက်စေ မှာဖြစ်ပါတယ်။ ကားအရှိန် 29 km/h ရောက်တဲ့အချိန်မှာ ဘေး နောက်ဘမ်ဘာတစ်ဖက်စီမှာတပ်ဆင်ထားတဲ့ ဒုတိယအဆင့်ဆန်ဆာ တွေက နောက်ကားကျော်တက်မတက်ကို အာရုံခံပေးမှာဖြစ်ပါတယ်။ နောက်ကားကျော်တက်လာနေစဉ်အတွင်း ဆန်ဆာက သတ်မှတ်ထား တဲ့ ဒီဂရီအတွင်းရောက်လာပြီဆိုရင် ကားရှေ့ဘေးတစ်ဖက်စီမှာ တပ်ထားတဲ့နောက်ကြည့်မှန်ပေါ်မှာ တြိဂံပုံအနီရောင်အချက်ပြမီးနဲ့ အချက်ပေးသံပါ ထွက်ပေါ်လာမှာဖြစ်ပါတယ်။
ဒီစနစ်ဟာ ကားမောင်းရင်း စကားပြောလို့ပဲဖြစ်ဖြစ်၊ ဖုန်းမက်ဆေ့ ရိုက်လို့ပဲဖြစ်ဖြစ်၊ အပြင်ကတစ်ခုခုကိုငေးလို့ပဲဖြစ်ဖြစ် နောက်ကားလာ တာကိုမသိဘဲ ကားကိုမောင်းနေတဲ့ယာဉ်ကြောကယိုင်ထွက်ပြီး မတော် တဆဖြစ်ခြင်းကနေ ကာကွယ်ပေးတဲ့အပြင် ယာဉ်မောင်းတွေကို နောက် ကားကျော်တက်တဲ့အခြအနေ၊ ရှေ့ကားမောင်းနေတဲ့အခြေအနေတွေကို စိတ်ဖိစီးနေရခြင်းကနေ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
(၂) Autonomous Driving on Highway
(အမြန်လမ်းပေါ်တွင် အလိုအလျောက်မောင်းသူမဲ့စနစ်)
ဒီစနစ်ကတော့ အရမ်းကိုအံ့သြစရာကောင်းပြီး အသုံးပြုဖို့လည်း လုံခြုံစိတ်ချရပါတယ်။ အမြန်လမ်းပေါ်မှာ မောင်းနေစဉ်အတွင်း အချိန် ကြာလာရင် ယာဉ်မောင်းတွေဟာ အိပ်ငိုက်တာတို့၊ ပင်ပန်းတာတို့ဖြစ် လာတဲ့အချိန် ကားစတီယာရင်းပေါ်က ခလုတ်လေးတစ်ခုကို နှိပ်လိုက်ရုံနဲ့ ယာဉ်မောင်းက စတီယာရင်းကို လုံးလုံးမှကိုင်စရာမလိုတော့ပါဘူး။ လေ ယာဉ်ပျံတွေမှာပါတဲ့ Auto Pilot နဲ့ဆင်တူပါတယ်။ မြန်မာပြည်က ယာဉ် မောင်းတွေတော့ ကြောက်ရင်ကြောက်လိမ့်မယ်ထင်ပါတယ်။ တကယ် တော့ ကားရဲ့ဆန်ဆာတွေကနေပြီးတော့ ကားရဲ့ရှေ့ပိုင်း ၁၈၀ ဒီဂရီလုံး ကိုသေချာအာရုံခံပြီးမှ အလိုအလျောက်မောင်းနှင်ဖို့ တွက်ချက်လုပ် ဆောင်တာပဲဖြစ်ပါတယ်။ ယာဉ်ကြောနှစ်ကြောရှိနေတဲ့အခြေအနေမှာ ယာဉ်ကြောတစ်ကြောက ကားရှိရင် နောက်ယာဉ်ကြောကို အလိုအ လျောက်ရွေ့ပြောင်းမောင်းနှင်နိုင်စွမ်းရှိပါတယ်။ အမြန်လမ်း (Highway) တစ်လျှောက် စတီယာရင်းကိုကိုင်စရာမလိုတော့ပါဘူး။ ရှေ့နဲ့ဘေးမြင် ကွင်းမှာ ကားတွေ၊ အတားအဆီးတွေရှိမယ်ဆိုရင်တောင် အလိုအ လျောက် ရှောင်တိမ်းခြင်း၊ မောင်းနှင်ခြင်းအပြင် ဘရိတ်ကိုလည်း အလိုအ လျောက်အုပ်နိုင်စွမ်းရှိပါတယ်။ BMW တို့လိုမျိုးကားတွေမှာဆိုရင် ကားရဲ့နောက်ဘေးတစ်ဖက်တစ်ချက်ဆီမှာ Ultrasonic လှိုင်းထုတ်လွှင့်တဲ့ ကိရိယာတွေအပြင် ကားခေါင်မိုးနောက်ပိုင်းမှာလည်း ရေဒါ(Radar) တပ်ဆင်ထားပါတယ်။ ကားက အရှိန် 120 km/h ကျော်အထိ မိမိဘာ သာ မိမိမောင်းနှင်နိုင်ပါတယ်။ ဒါ့အပြင် ကားလမ်းအရမ်းပိတ်တဲ့အချိန်များ၊ လမ်းကျဉ်းတွေ၊ လမ်းအကွေ့တွေ၊ အဝိုင်းပတ်ခြင်းတွေ၊ တောင်တက်ခြင်း တွေကိုပါ ဆန်ဆာ၊ ရေဒါ၊ ကင်မရာတွေအကူအညီနဲ့ လုပ်ဆောင်နိုင်ပါ တယ်။Autonomous Driving on Highway စနစ်က မောင်းသူမဲ့ကားစနစ် (Driverless System) နဲ့တော့ မတူပါဘူး။ မောင်းသူမဲ့ကားစနစ်ဖြစ်ဖို့ နည်းပညာပိုင်းဆိုင်ရာ သုသေသနလုပ်ဖို့ အများကြီးလိုသေးပေမယ့် ADHက ရှေ့ပြေးစနစ်လို့ပြောလို့ရပါတယ်။ ADH စနစ်က ယာဉ်မောင်းကို အချိန်အတိုင်းအတာတစ်ခုထိပဲ ကူညီမောင်းနှင်ပေးတာပဲဖြစ်ပါတယ်။ 2013, 2104 မော်ဒယ်ကားတွေဖြစ်တဲ့Mercedes-BenzBMW နဲ့တခြား ကားအမျိုးအစားတွေမှာ ပါဝင်လာပါတယ်။
ဒီစနစ်ဟာ ယာဉ်မောင်းတွေ ညောင်းညာလာတာတို့ပဲဖြစ်ဖြစ်၊ ဖုန်း ပြောနေတာပဲဖြစ်ဖြစ်၊ အိပ်ငိုက်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို့ ကား မောင်းနေရင်း မုန့်စားချင်လို့ပဲဖြစ်ဖြစ် ဗီံစနစ်ကိုပြောင်းပြီး ကားကို မိုင်ပေါင်းများစွာ ဆက်လက်မောင်းနှင်ခိုင်းလို့ရပါတယ်။
(၃) Crosswind Stabilization
(လေနှင့် ဘေးမှအရှိန်ကြောင့် ယာဉ်ရွေ့လျားမှုကို တည်ငြိမ်စေသောစနစ်)
ကားတွေဟာ မောင်းနှင်ရင်းအရှိန်များလာတာနဲ့အမျှ ဘေးအဘက် ဘက်မှ လေတိုးမှုတွေ၊ စိုက်ဆင်းလေတွေရဲ့အကျိုးသက်ရောက်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကားကို တစ်နာရီကီလို ၁၂၀ နှုန်းလောက်နဲ့ လေတိုက်နှုန်းပြင်းတဲ့တံတားရှည်တစ်စင်းပေါ်မောင်းတဲ့အခါ လေတိုးမှုတွေ ကြောင့် ကားဟာဘေးဘယ်ညာရွေ့တတ်ပါတယ်။ ထိုလေတိုးမှုတွေဟာ ကားရဲ့ဟန်ချက်နဲ့ အရှိန်ကိုအကျိုးသက်ရောက်မှုရှိပြီး တစ်ခါတစ်ရံ ဘေး ဘယ်ညာရွေ့ကာ တခြားကားတွေနဲ့ မတော်တဆတိုက်မိလေ့ရှိပါတယ်။ ကားဒီဇိုင်းအများစုဟာ ရှေ့နဲ့နောက် လေခွင်းအားတွေကို အဓိကထား တွက်ချက်ပြီး အေရိုဒိုင်နားမစ်ပုံစံ(Aerodynamic Design) နဲ့တည်ဆောက်ကြပါတယ်။ အခုနောက်ပိုင်း နည်းပညာတိုးတက်လာတာနဲ့အညီ ဘေးမှ တိုးဝင်လာတဲ့ လေတွေကိုခုခံပြီး ကားဘေးတိုက်ရွေ့လျားမှုမရှိအောင် တီထွင်လာကြပါပြီ။ ကားရှေ့အမိုးပေါ်မှာ တပ်ဆင်ထားတဲ့ ESP (Electronic Stability Program) (တည်ငြိမ်မှုကို လျှပ်စစ်ဖြင့်ထိန်းချုပ်သောပရိုဂရမ်) ကတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ ကားရဲ့အရှိန်၊ စတီယာရင်းရဲ့လမ်းကြောင်း၊ လေကြောင်းဦးတည်ရာတွေကို အာရုံခံပြီး ကားကိုဘေးတိုက်မရွေ့အောင် ဘီးတွေကနေတစ်ဆင့် ထိန်းချုပ်ပေးပါတယ်။ ကားရဲ့ အလွိုင်းခွေတစ်ခုချင်းစီမှာ တပ်ဆင်ထားတဲ့ အထူးဘရိတ်တွေ၊ စက်မှုအီလက်ထရောနစ် စနစ်နဲ့ မောင်းနှင်နိုင်တဲ့ စတီယာရင်း၊ လျှပ်စစ်နဲ့ ထိန်းချုပ်ထားတဲ့ ဆိုင်းထိန်းစနစ်(Suspension) တွေဟာ နည်းပညာအလွန်မြင့်ပြီး တုံ့ပြန်မှု မြန်ဆန်ကာ ကားကိုလေတိုက်ခြင်းကြောင့် ရွေ့လျားမှုကနေ ထိန်းချုပ်နိုင်ပါ တယ်။ အကယ်၍ ကားအရှိန်က တစ်နာရီ ကီလို ၈၀မှ ၁၀ဝ ကြားရောက်ရင် Crosswind Stabilization က အလိုအလျောက်လေတိုက်နှုန်းကို အထူး ခုခံပြီး ကားကိုမရွေ့အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီအချိန်မှာ လေရဲ့လားရာဘက် အရှေ့နဲ့အနောက်ဘီးအလွိုင်းခွေများက စတီယာရင်း ကို မလှုပ်အောင်အထူးထိန်းချုပ်ပေးပြီး crosswind effect ကိုကျော်ဖြတ်ကာ ကားကိုဘေးဘယ်ညာရွေ့လျားစေမှုမရှိဘဲ ခရီးသည်များသက်သောင့် သက်သာရှိစေရန်ကူညီပေးပါတယ်။ ဒီစနစ်ဟာ ပင်လယ်ကမ်းခြေတွေ၊ တံတားအမြင့်ကြီးတွေ၊ လေထန်တဲ့နေရာတွေမှာ ယာဉ်မောင်းကို အများ ကြီးကူညီပေးနိုင်စွမ်းရှိပါတယ်။ ကားရဲ့အရှိန်၊ အလျင်တွေနဲ့ မိမိနဲ့တခြား ကားကြားအကွာအဝေးကိုလည်း မှန်ကန်စွာတိကျစွာတွက်ပြီး ဖော်ပြ ပေးကာ လေတိုက်နှုန်းကို အလိုအလျောက် ခုခံပေးပါတယ်။
ခေတ်ရေစီးကြောင်းနဲ့အညီ တိုးတက်ပြောင်းလဲနေတဲ့ ကားနည်း ပညာအသစ်အဆန်းတွေက အံ့မခန်းဖွံ့ဖြိုးလာပြီး ယာဉ်မောင်းနဲ့ခရီးသည် တွေရဲ့လုံခြုံရေးနဲ့ ကားမတော်တဆမှုတွေကို အတက်နိုင်ဆုံးလျှော့ချပေး နိုင်စွမ်းရှိပါတယ်။ အရမ်းတိုးတက်ကောင်းမွန်တဲ့ နည်းပညာတွေက နောက် ပိုင်းကားအမျိုးအစားတွေမှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။ ကားနည်း ပညာအသစ်တွေရဲ့လုပ်ဆောင်မှု၊ အားသာချက်အားနည်းချက်တွေကို ကြို တင်သိရှိထားမှသာ နည်းပညာသစ်တွေကို တကယ်အသုံးချရမယ့်အချိန်မှာ ကောင်းကောင်းအသုံးချနိုင်မှာ ဖြစ်ပါတယ်။
AutoCar Buyers Guide Logo-Motors Myanmar

‌ခောတ်မီတိုးတက်လာ‌သော အံ့ဖွယ်ကားနည်းပညာများ (၃)

‌ခောတ်မီတိုးတက်လာ‌သော အံ့ဖွယ်ကားနည်းပညာများ (၃)

‌ခောတ်မီတိုးတက်လာ‌သော အံ့ဖွယ်ကားနည်းပညာများ (၃)

March 19, 2015
0
PRE-SCAN Fahrwerk
အရင်တုန်းက ဖော်ပြပြီးတဲ့ အဆင့်မြင့်ကားနည်းပညာများအကြောင်းကို စာဖတ်ပရိသတ်များကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခါမှာတော့ မြန်မာနိုင်ငံမှာ ရောက်ရှိပြီးဖြစ်တဲ့ မော်ဒယ်မြင့်ကားများ မှာပါရှိတဲ့ နည်းပညာတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် Mercedez-BenzBMW,CadillacLexusRolls-Royce စတဲ့ အဆင့်မြင့် ဇိမ်ခံကားများသာမက မော်ဒယ်မြင့်ဆီဒန်ကားများမှာပါ ပါရှိလာတဲ့ အဆင့်မြင့်နည်းပညာများဖြစ်ပါတယ်။ အဲ့ဒီ အဆင့်မြင့်ကားနည်းပညာသစ် တွေက ယာဉ်မောင်းတွေနဲ့ ကားစီးသူတွေကို ဘယ်လိုမျိုးအထောက်အ ကူပြုလဲဆိုတာ လေ့လာကြည့်ကြရအောင်။
စာဖတ်ပရိသတ်ကြီးကို မိတ်ဆက်ပေးခဲ့တဲ့ နည်းပညာသစ်များက တော့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကို ကာ ကွယ်ပေးရုံသာမက ကားမတော်တဆမှုများကိုလည်း လျှော့ချပေးနိုင် တဲ့နည်းပညာများပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်အဆင့်မြင့်ကားနည်း ပညာတွေကတော့ ကားရဲ့ငြိမ့်ညောင်းမှု၊ ဇိမ်ကျမှုတို့ရဲ့ အဓိကနည်း ပညာများနဲ့ ကားမီးသီးများရဲ့ အဆင့်မြင့်နည်းပညာများပဲ ဖြစ်ပါတယ်။ ထိုနည်းပညာများကတော့ (၁) Multibeam LED Headlight System (LED မီးလုံးလေးများစုပေါင်းထားသော အလင်းအားပြင်းပြီး တိကျသောမီးသီး ကြီးစနစ်)၊ (၂) Magic Body Control (မှော်ဆန်သော ဗဟိုချက်ဆိုင်းထိန်း တည်ငြိမ်စနစ်)နှင့် (၃) Active Body Control (မြန်ဆန် ထိရောက်သော ဗဟိုချက်ဆိုင်းထိန်းတည်ငြိမ်စနစ်)တို့ဖြစ်ပါတယ်။ ထို နည်းပညာများကို ကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီများဖြစ်တဲ့ Mercedez-BenzBMWVolvo,ToyotaCadillac, Rolls-Royce နှင့် အခြားကုမ္ပဏီများတွင် လည်း ၂၀၁၁ နှောင်းပိုင်းမှစပြီး မော်ဒယ်မြင့်ဇိမ်ခံကားများမှာ စတင် ထည့်သွင်း အသုံးပြုနေပါပြီ။
(၁) Multibeam LED Headlight System
(LED မီးလုံးလေးများစုပေါင်းထားသော အလင်းအားပြင်းပြီး တိကျသောမီးသီး ကြီးစနစ်)
Mercedes for sale in Myanmar Car Market
ကားများစတင်တီထွင်ထုတ်လုပ်ခဲ့တဲ့အချိန်များကစလို့ ကားထုတ်လုပ်သူများက အလင်းရောင်အားကောင်းပြီး နည်းပညာမြင့်သော မီးလုံး များကို တစ်ဆင့်ထက်တစ်ဆင့် တီထွင်ထုတ်လုပ်လာကြပါတယ်။ ရိုးရိုးရှင်း ရှင်းပြောရမယ်ဆိုလျှင် မီးသီးနဲ့ ရောင်ပြန်ခွက်အသုံးပြုသော ရှေးကားမီး စနစ်များ၊ အလင်းနှင့်ဖောက်ထွင်းအား ပိုမိုအားကောင်းပြီး အဆင့်မြင့်သော ဟေလိုဂျင်မီးလုံးကြီးများနှင့် ယခုနောက်ဆုံးပေါ်ပေါက်လာတာကတော့ Multibeam LED Headlight စနစ်ပဲဖြစ်ပါတယ်။ ၂၀ဝ၆-ဝ၇ နောက်ပိုင်း အချို့ကားတွေမှာ Daylight LED နေ့အချိန်လင်းသော LED မီးလုံးလေးများကိုလည်း လူအများက သဘောကျနှစ်သက်ကြပါတယ်။ ယခုစနစ်သစ် ကတော့ LED မီးလုံးလေးများ (၂၄) လုံးအထိစုပေါင်းကာ ပိုမိုအားကောင်း သော အလင်းပေးစနစ်ဖြစ်ပါတယ်။ အချို့ကားများရဲ့ LED Headlight လို့ ခေါ်တဲ့ ထိပ်ဖူးမီးလုံးများဟာ LED မီးလုံးပေါင်း (၈၀) အထိ စနစ်တကျ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ထူးခြားချက်က LED မီးလုံးများကို ကားရဲ့ရှေ့နဲ့ ဘေးမှာပါတဲ့ ကင်မရာနဲ့ အာရုံခံကင်မရာများနဲ့ ချိတ်ဆက် ထားပါတယ်။
အလင်းပြန်ခွက်နဲ့မီးခွက်စနစ်တွေနဲ့ ဟေလိုဂျင်မီးလုံးတွေနဲ့ကားတွေ ဟာ အရပ်ခေါ်မီးကြီးဖြစ်ဖြစ်၊ မီးသေးဖြစ်ဖြစ်ထွန်းထားတဲ့အခါ ဆန့်ကျင် ဘက်ကလာနေတဲ့ ကားနဲ့ယာဉ်မောင်းကို မျက်စိစူးစေပါတယ်။ တစ်ခါ တလေ ကားက လန်ခရူဆာ၊ ပါဂျဲရိုးလိုမျိုးအမြင့်ကားလည်းဖြစ် မီးကြီး လည်းထွန်းထားရင်တော့ ဘာမှမမြင်ရလောက်အောင် မျက်စိပြာထွက် သွားတက်ပါတယ်။ ကားသေးလေးတွေလည်း မီးကြီးဖြစ်ဖြစ်၊ မီးသေး ဖြစ်ဖြစ် ဘာပဲထွန်းထားထွန်းထားလမ်းအနေအထား၊ အနိမ့်အမြင့်ပေါ် မူတည်ပြီး တစ်ဖက်ကားက ယာဉ်မောင်းခဗျာ ရှေ့ကိုဘာမှမမြင်တော့ဘဲ မျက်စိစူးလွန်းပါတယ်။
ကားရှေ့မှန်အတွင်းပိုင်းအပေါ် အလယ်မှာပါတဲ့ကင်မရာနှစ်ခုကနေ ကားရှေ့မှာရှိတဲ့ အရာဝတ္ထုနဲ့ တစ်ဖက်ယာဉ်ကြောကလာတဲ့ ကားတွေကို အာရုံခံပြီး အချက်အလက်တွေကို LED မီးလုံးတွေဆီကို ပေးပို့မှာဖြစ်ပါ တယ်။ LED မီးလုံးလေးများက ကင်မရာအာရုံခံကိရိယာကနေ အချက် အလက်ရသည်နဲ့တစ်ပြိုင်နက် တစ်ဖက်ယာဉ်ကြောမှယာဉ်နေရာစာကို ချန်ကာ ကျန်နေရာများကိုပါ အလင်းရောင်ထိုးပေးမှာဖြစ်တဲ့အတွက် တစ်ဖက်ယာဉ်ကြောကလာတဲ့ ယာဉ်မောင်းကလည်း မျက်စိစူးစရာမလို တော့ပါဘူး။ တစ်စက္ကန့်ရဲ့ အပုံ ၁၀ဝ ပုံတစ်ပုံခန့်အတွင်း တစ်ဖက်ကလာ နေတဲ့ကားနေရာကိုသာကွက်ပြီး မီးအမှောင်ချပေးမှာ ဖြစ်ပါတယ်။ တစ်ဖက်ကားက ယာဉ်မောင်းလည်း မျက်စိမစူးတော့ဘူးပေါ့။ ဘယ်ဖက် ကွေ့မယ်ဆိုရင်လည်း ကားမီးတစ်စုံလုံးက ဘယ်ဘက်ကွေ့ဖို့ လိုအပ်တဲ့ မီးအလင်းဆ၊ ဦးတည်ရာတွေကို အလိုအလျောက်လျင်မြန်စွာ တွက်ချက်ပြီး ကောင်းမွန်စွာလင်းစေမှာဖြစ်ပါတယ်။ ကားမောင်းနေရင်း လမ်းအကွေ့ရောက်ရင် ယာဉ်မောင်းက စတီယာရင်းကိုမကွေ့ခင်မီးလုံး များက ကြိုတင်ချိန်ညှိတွက်ဆပြီး လင်းစေမှာဖြစ်ပါတယ်။ ကားက နှစ်လမ်းမောင်းပေါ်မှာ မောင်းနေရင် နှစ်လမ်းမောင်းအကျယ်အဝန်းစာပဲ မီးအားက သက်ရောက်မှာဖြစ်ပါတယ်။ ကားကလမ်းလေးခွဇုံရောက်ရင် လမ်းလေးခွစာအတွက် လိုအပ်သောမြင်ကွင်းအကျယ်ကို မီးလုံးကအလို အလျောက်ရွေ့လျားကာ ချိန်ဆပေးမှာဖြစ်ပါတယ်။ LED မီးလုံးကြီးစနစ် ဟာဆိုရင်LED မီးလုံးလေးများစွာကို ခေတ်မီအဆင့်မြင့်နည်းပညာများ နဲ့ပေါင်းစပ်ထားတဲ့ အသိဉာဏ်ရှိ LED မီးလုံးဆိုလည်း မမှားပါဘူး။
ဒီစနစ်ဟာ အဆင့်မြင့်အသိဉာဏ်ပါဝင်သော LED မီးလုံးလေးများက အလိုအလျောက် တစ်ဖက်ယာဉ်ကြောမှ ယာဉ်မောင်းသူကို မျက်စိဆူး စေခြင်းမရှိသဖြင့် မြင်ကွင်းကွယ်ပျောက်၍ ကားမတော်တဆဖြစ်ခြင်း၊ နှစ်လမ်းသွား၊ လမ်းလေးခွဇုန် စတဲ့လမ်းအမျိုးမျိုးရောက်တဲ့အချိန်မှာ ယာဉ်မောင်းသူကို ရှိသင့်သည့်အလင်းမြင်ကွင်းအကျယ်အား တိကျမြန် ဆန်စွာပေးနိုင်စွမ်းရှိသဖြင့် အမှောင်ထဲမှ ရုတ်တရက်ထွက်လာသောယာဉ်၊ လူနှင့် အခြားအရာများကို မြင်နိုင်စေခြင်းတို့ကြောင့် မလိုလားအပ်သော အန္တရာယ်များကို လျော့ချပေးနိုင်ပါတယ်။
(၂) Magic Body Control
(မှော်ဆန်သော ဗဟိုချက်ဆိုင်းထိန်း တည်ငြိမ်စနစ်)
Mercedes-Benz for sale in Myanmar Car Market
ဒီစနစ်ကတော့ Mercedez-Benz က ကမ္ဘာ့ပထမဆုံးတီထွင်ထုတ်လုပ် နိုင်ခဲ့တဲ့ အဆင့်မြင့်နည်းပညာပဲ ဖြစ်ပါတယ်။ ထူးခြားချက်က ကားရဲ့ Suspension ဆိုင်းထိန်းစနစ် လေးခုစလုံးကို အချိန်နဲ့အမျှလျင်မြန်စွာအလို အလျောက် ထိန်းညှိပေးဖို့ ဖန်တီးထားနိုင်တာပဲဖြစ်ပါတယ်။ ကားရှေ့မှန် အတွင်းအပေါ်ပိုင်း အလယ်မှာပါတဲ့ Stereo Camera (အာရုံခံကင်မရာ) ကနေပြီး ကားရဲ့အရှေ့ ၁၅ မီတာအထိကို လျင်မြန်တိကျစွာ လမ်းမက် စောက်မှုနဲ့ ပြေပြစ်မှုကို ကြိုတင်တိုင်းတာတွက်ချက်ပေးပါတယ်။ လမ်းပြင် ညီမျဉ်းကနေ (၃) မီလီမီတာလောက်သာရှိတဲ့ အဖု၊အထစ်၊ မညီညာ မှုတွေကိုပါ တိကျမြန်ဆန်စွာအလိုအလျောက် အာရုံခံသိရှိကာ ကားဘီး လေးဘီးရှိ ဆိုင်းထိန်းစနစ်ကို အချက်အလက်ပေးပို့ပါတယ်။ တစ်နာရီ မြန်နှုန်း ၁၂၃ ကီလိုမီတာအရှိန်မှာပါ ဒီစနစ်ကပြုလုပ်နိုင်မှာဖြစ်ပြီး ကားကိုရေပြင်ညီအတိုင်း ငြိမ့်ညောင်းသာယာစွာမောင်းနှင်ဖို့ ကူညီပေး မှာဖြစ်ပါတယ်။ ကားဟာ အရမ်းမြန်တဲ့အရှိန်နဲ့သွားနေရင်တောင် ဒုတိယ အဆင့်အနေနဲ့ ကားကိုယ်ထည်ကို နည်းနည်းမှ ငြိမ့်ညောင်းတည်ငြိမ်မှု ပျက်စေမှာမဟုတ်ဘဲ ကားဘီးများကသာ လျင်မြန်စွာအပေါ်တက်၊ အောက်ကျဖြင့် ဆိုင်းထိန်းစနစ်ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ တစ်နာရီ ကို အရှိန် ၁၂၃ ကီလိုမီတာနဲ့မောင်းနေပြီး အမြင့် ၆ လက်မလောက်ရှိတဲ့ အရှိန်တားကုန်း(Speed Table)ကို ကျော်ဖြတ်တဲ့အချိန်မှာ ကားထဲမှရေခွက် ထဲကရေမျက်နှာပြင်တောင် လှုပ်နိုင်လိုက်မှာတောင် မဟုတ်ပါဘူးခင်ဗျ။ ဒီစနစ်ဟာ ယာဉ်မောင်းတွေနဲ့ ယာဉ်ပေါ်ပါလာသူတွေကို ငြိမ့်ငြိမ့် ညောင်း ညောင်းလိုက်ပါစေမှာဖြစ်ပါတယ်။ အရှိန်ဘယ်လောက်ပြင်းပြင်း၊ အမြင့် ဘယ်လောက်ရှိရှိကားတွင်းမှ ရေခွက်မျက်နှာပြင်ရှိ ရေတောင်မလှုပ်ဘဲ ကျော်ဖြတ်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
(၃) Active Body Control
(မြန်ဆန်ထိရောက်သော ဗဟိုချက်ဆိုင်းထိန်းတည်ငြိမ်စနစ်)
Active Body Control in Myanmar Car Market
Magic Body Control (MBC) ပါသောကားများအားလုံးမှာ Active Body Control (ABC) system (မြန်ဆန်ထိရောက်သောဗဟိုချက်ဆိုင်းထိန်း တည်ငြိမ်စနစ်) ပါဝင်ပါတယ်။ MBC ခလုတ်ကို ပိတ်လိုက်တာနဲ့တစ်ပြိုင်နက် ABC စနစ်က အလိုအလျောက်ဖွင့်ပြီးသားဖြစ်နေမှာပါ။ သီးသန့်ခလုတ် နှိပ်ပြီး ဖွင့်စရာမလိုတော့ပါဘူး။ ဒီစနစ်ဟာ ကားရဲ့ဘီးလေးဘီးလုံးရှိ ဆိုင်းထိန်းစနစ်ကို အနည်းငယ်သာ ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ အရှိန် များများနဲ့ အရှိန်တန့်စေတဲ့ကုန်းတွေကျော်တဲ့အချိန်တို့၊ လမ်းမျက်နှာ ပြင်မညီညာတဲ့အပိုင်းတွေကို ကျော်ဖြတ်တဲ့အချိန်မှာ ကားကတော့အ နည်းငယ်အပေါ်မြောက်တက်ပြီး မအီမသာပြန်ကျမှာဖြစ်ပါတယ်။ ဒါ့ ကြောင့် ABC စနစ် ခလုတ်ကိုဖွင့်ထားပြီဆိုရင် လမ်းအခြေအနေမညီ ညာရင် အရှိန်ကိုကျိန်းသေပေါက်လျှော့ရမှာဖြစ်ပါတယ်။
ဒီ ABC မြန်ဆန်ထိရောက်သော ဗဟိုချက်ဆိုင်းထိန်း တည်ငြိမ်စနစ် ကို လေ့လာကြည့်ရင် အခြားသာမန် စပရင်ဆိုင်းထိန်းစနစ် (Spring Suspension)၊ လေအိတ်ဆိုင်းထိန်းစနစ် (Air Suspension) တို့ထက် အများ ကြီးသာလွန်ကောင်းမွန်မှုတွေရှိပါတယ်။ စပရင်ဆိုင်းထိန်းစနစ်ကားတွေမှာ ဆိုရင် ဘီးတစ်ဘီးချင်းစီက စပရင်တွေက သီးခြားဆိုင်းထိန်းလုပ်ဆောင်ရ တာဖြစ်တဲ့အတွက် ကုန်းအမြင့်တွေကို အရှိန်များများနဲ့ဖြတ်ကျော်တဲ့အခါ ကားက လေထဲကိုမြှောက်တက်သွားတတ်ပြီး အရှိန်ပြင်းပြင်းနဲ့ လမ်းပေါ် ကိုပြန်ကျနိုင်ပါတယ်။ လေအိတ်ဆိုင်းထိန်းစနစ်မှာဆိုရင် ဘီးလုံးတွေကို လေအိတ်ဖြင့်ဆိုင်းထိန်းရန် လုပ်ဆောင်ထားသော်လည်း ကားတစ်စီးလုံးကို လျင်မြန်စွာဗဟိုဆိုင်းထိန်းမှုမလုပ်နိုင်ဘဲ အချိန်အတိုင်းတစ်ခုကြာမှသာ တည်ငြိမ်အောင်ဆိုင်းထိန်းနိုင်တဲ့အတွက် ထင်သလောက်ငြိမ့်ညောင်းမှု မရှိပါဘူး။ဗဃြ မြန်ဆန်ထိရောက်သောဗဟိုချက်ဆိုင်းထိန်း တည်ငြိမ်စနစ် ဟာဆိုရင် ကားလေးဘီးစလုံးကို လျှပ်စစ်စွမ်းအားသုံး စပရင်များဖြင့် အဆင့်မြင့်မြင့်ဆက်သွယ်ထားတာကြောင့် ကားက ကုန်းအမြင့်တစ်ခုကို ကျော်ဖြတ်တဲ့အချိန်မှာ အလိုအလျောက်အာရုံခံသိရှိနိုင်ပြီးအခြားဘီးများရှိ ဆိုင်းထိန်းစပရင်များကို လျှပ်စစ်လှုံ့ဆော်မှု (Electric Impulses) အဖြစ် အချက်ပေးကာ ဘီးလေးလုံး၏ဆိုင်းထိန်းစနစ်များကို တစ်ညီတည်းဖြစ် စေ၊ ဗဟိုချက်ကျကျဖြစ်စေ အနည်းငယ်ငြိမ့်ညောင်းအောင် လုပ်ဆောင် ပေးနိုင်ပါတယ်။ ဘီးလေးလုံးမှာ အပိုတပ်ဆင်ထားတဲ့ အာရုံခံကိရိယာ (၅)ခုကနေ လမ်းအခြေအနေကို ဘီးလုံးတစ်လုံးချင်းစီရှိ အာရုံခံကိရိယာ များထံ အချင်းချင်းပေးပို့ကာ တည်ငြိမ်မှုကို ထိန်းညှိပေးမှာဖြစ်ပါတယ်။ အပေါ်အောက်၊ ဘေးဘယ်ညာလျှင်မြန်စွာ ဆိုင်းထိန်းညှိနိုင်သော လျှပ် စစ်နည်းပညာသုံးစပရင်များက ကားကိုအကောင်းဆုံးတည်ငြိမ်မှုရအောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ သေးငယ်သော ကွန်ပျူတာငယ်နှစ်လုံးနဲ့ ဖိအားပြင်းသော ဟိုက်ဒရောလစ်စပရင်များက ချိတ်ဆက်ကာ လျှင်မြန် တိကျပြီး ကားတစ်စီးလုံးရဲ့ဗဟိုဆိုင်းထိန်းတည်ငြိမ်မှုကို အတိုင်းအတာ တစ်ခုထိ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ ယာဉ်မောင်းတွေရဲ့ ကျန်းမာရေးနဲ့ ကိုယ်လက်သက် သောင့်သက်သာဖြစ်ရေးအတွက်များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်။ ခရီးမိုင်ဘယ်လောက်ဝေးဝေးသက် တောင့်သက်သာနဲ့ မောင်းနှင်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။
ဒီတစ်ပတ်တော့ ကားများရဲ့ ဇိမ်ခံမှုဆိုင်ရာနဲ့ မီးအလင်းပေးစနစ်ဆိုင် ရာ အဆင့်မြင့်နည်းပညာများကို ဖော်ပြပေးလိုက်ပါတယ်။

Friday, May 15, 2015

ခေတ်မီတိုးတက် အံ့ဖွယ်ကားနည်းပညာစနစ်များ

ခေတ်မီတိုးတက် အံ့ဖွယ်ကားနည်းပညာစနစ်များ........

အပိုင်း(၁)
ခေတ်မီတိုးတက်လာသော အံ့သြဖွယ်ရာကားနည်းပညာစနစ်များ အနေနဲ့ဖော်ပြပေးမယ့် အဆင့်မြင့်ကားနည်းပညာတွေ အကြောင်းတွေကတော့ ယာဉ်မောင်းနဲ့ ကားစီးသူများ လုံခြုံရေးနဲ့ပတ် သတ်တဲ့ အဓိကအရေးပါတဲ့အဆင့်မြင့်ကားနည်းပညာများဖြစ်တဲ့အတွက် စာဖတ်ပရိတ်သတ်များသိသင့်တယ်လို့ထင်ပါတယ်။ ယခုအပိုင်းမှာ ဖော်ပြ မဲ့ကားနည်းပညာများကတော့ ၂၀ဝ၄ ခုနှစ်လောက်ကစပြီး ကားအမျိုး အစားတော်တော်များများမှာ စတင်ပါဝင်လာကြပါတယ်။ တစ်ကားနဲ့ တစ်ကားနည်းပညာနဲ့ပါဝင်မှုစနစ်တွေကတော့ အနည်းငယ်စီကွဲပြား ပါတယ်။ ဒီအပိုင်းက အဆင့်မြင့်ကားနည်းပညာသစ်တွေက ကားအသုံး ပြုသူတွေကို ဘယ်လိုမျိုးကောင်းမွန်တဲ့လုံခြုံရေးစနစ်ထောက်ပံ့ပေး လည်းဆိုတာ တင်ပြပေးပါမယ်။

ထိုနည်းပညာများကတော့ (၁) Audi Connect Auto Parking Technology (အော်ဒီကား၏ အလိုအလျောက်ကားလာကြိုမှုနှင့် အတက်အဆင်းစနစ်)၊ (၂) Assistance System (General) (ကားအာရုံခံကိရိယာများမှ ကူညီထောက် ပံ့ပေးသောစနစ်)နဲ့ (၃) Auto Parking (အလိုအလျောက် ကားပါကင် သွင်းစနစ်) တို့ဖြစ်ပါတယ်။
အဲ့ဒီနည်းပညာတွေက ၂၀ဝ၄ နောက်ပိုင်း မော်ဒယ်တွေမှာ စတင်ပါဝင်လာတက်ကြပါတယ်။

ခေတ်မီတိုးတက်လာတဲ့ ကားနည်းပညာစနစ်သစ်တွေကတော့ ကားမတော်တဆမှုများနှင့်အသက်အန္တရာယ်များကိုကာကွယ်ပေးနိုင်ရုံသာမက ယာဉ်မောင်းများကို လည်း အထူးသက်သာပေါ့ပါးစေမှာဖြစ်ပါတယ်။
အပြည့်အစုံကိုအောက်ပါလင့်မှတဆင့်လေ့လာနိုင်ပါသည်.....
ခေတ်မီတိုးတက် အံ့ဖွယ်ကားနည်းပညာစနစ်များ

Wednesday, May 13, 2015

ဘရိတ်အတွက်အ‌ရေးကြီးတဲ့ ABS စနစ်အ‌ကြောင်း

ဘရိတ်အတွက်အ‌ရေးကြီးတဲ့ ABS စနစ်အ‌ကြောင်း

Speed Limit Signs

Speed Limit Signs

လုံခြုံ စိတ်ချရသော မောင်းနှင်မှုများဆီသို့

လုံခြုံ စိတ်ချရသော မောင်းနှင်မှုများဆီသို့

ကား အဟောင်း ဝယ်စီးက စဉ်းစားစရာ ဆိုးကျိုး

ကား အဟောင်း ဝယ်စီးက စဉ်းစားစရာ ဆိုးကျိုး

Hybrid Car Safety

Hybrid Car Safety