ယနေ့ခေတ်တွင် လူတိုင်းနီးပါးမျှအတော်အသင့် ငွေကြေးပြည့်စုံက
ကိုယ်ပိုင်ကား ဝယ်၍ |
|
စီးနိုင်သောဘဝ ရရှိကြပေ၏။ကံကောင်းကြပေစွတကား။သို့သော်လည်း
စက်တပ်ယာဉ်သည် |
|
လည်း ဖြစ်တတ်ပျက်တတ်သဘောရှိပေရာ ယင်းကြောင့် အဖိုးတန်လှ
လူ့ဘဝကို စွန့်ခွာတတ်ရ |
|
ခြင်း(သို့)မသန်မစွမ်းဘဝရောက်ရတတ်ခြင်းတို့ကြောင့်
ယာဉ်မောင်းရာတွင် အန္တရာယ်ကင်းစွာ |
|
မောင်းနှင်နိုင်ရန်အလို့ငှာ ဤစာစုကိုရေးသားလိုက်ပါရစေ...... |
|
|
|
ယခုအခါ
ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ရှေ့ရှုဦးတည်သွားနေပြီဖြစ်သဖြင့် ကျနော်တို့ |
|
နိုင်ငံသူနိုင်ငံသားများသည်လည်း နိုင်ငံတကာနှင့်
ရင်ဘောင်တန်းကာ ယာဉ်မောင်းကျွမ်းကျင်ဖို့ |
|
လိုပါမည်။ယာဉ်မောင်းအခြေခံမျှမသိဘဲ
မောင်းနှင်၍မဖြစ်နိုင်တော့ပါ။ယာဉ်စည်းကမ်း၊လမ်းစည်း |
ကမ်းကို တိကျစွာလိုက်နာပြီး အန္တရာယ်ကင်းစွာ
မောင်းနှင်နိုင်ဖို့လိုပါလိမ့်မည်။သို့မှသာ နိုင်ငံ |
|
ခြားသားများ၏ အထင်အမြင်သေးခြင်းမှ ကင်းစင်ရပြီး
တစ်ဦးကစတစ်ရာဆိုသလို မြန်မာနိုင်ငံ |
|
သားဂုဏ်ကို မြှင့်တင်ရာရောက်ပေလိမ့်မည်။ |
|
|
|
|
ဦးစွာပထမ
ယာဉ်ပေါ်သို့မတက်မီ ဆီ၊ရေ၊လေ၊ဝိုင်၊ဘရိတ်၊မီးကောင်းမကောင်း စစ်ဆေး |
|
သင့်ပေ၏။ |
|
|
|
|
|
|
|
ယာဉ်ပေါ်သို့တက်လိုက်လျှင်လည်း ယာဉ်၏အဓိက အခြေခံကျသော အစိတ်အပိုင်းများကို |
သိရှိထားရပေမည်။ |
|
|
|
|
|
|
၁။လက်ဖြင့် ပြုမူဆောင်ရွက်ရမည့် အဓိကအစိတ်အပိုင်း(၃)မျိုး |
|
|
|
(က)ယာဉ်မောင်းနှင်ရာတွင် ယာဉ်ကို မိမိလိုရာသို့
ဦးတည်သွားစေရန်ပြုလုပ်ပေးသော |
|
လက်ကိုင်ဘီး(Steering Wheel) |
|
|
|
|
လက်ကိုင်ဘီး(Steering Wheel)ကို ကိုင်ရာတွင် လက်အနေအထား(Hand Position) |
မှန်ကန်စေရမည်။၁၀း၁၀နာရီ(၁၀-နာရီ၊၁၀-မိနစ်) သို့မဟုတ်
၁၀-နာရီ/၂-နာရီ အနေအထား |
|
ဖြစ်စေရန် ဘယ်ဘက်လက်ကို ၁၀-နာရီ၊ညာဘက်လက်ကို ၁၀-မိနစ်အပေါ်၌
ရှိနေပါမှ မှန်ကန် |
|
ပါမည်။ယင်းသို့မဟုတ်လျှင် ကျွမ်းကျင်သူများ၏
အကဲ့ရဲ့ခံရပါလိမ့်မည်။ |
|
|
ယာဉ်ကို
လက်ယာဘက်သို့သွားစေ၊ကွေ့စေလိုလျှင် လက်ကိုင်ဘီးကိုလက်ယာဘက်သို့ |
လှည့်ရပြီး ဘယ်-ညာ ကန့်လန့်ဖြတ်အနေအထားရောက်က
ဘယ်လက်ကိုမလွှတ်ရ၊အနေအထား |
အလိုက်သင့်ပြောင်းပြီးလှည့်ရကာ ညာလက်ကို လွှတ်၍
၁၀း၁၀နာရီသို့ဖြစ်အောင် ပြန်ကိုင်နိုင်ရ |
|
မည်။ပြန်ဖြေလျှင် ပြောင်းပြန်မဖြေရ၊လက်ဝဲဘက်သို့လှည့်ပြီး
ညာ-ဘယ် ကန့်လန့်ဖြတ် အနေ |
|
အထားရောက်က ညာလက်ကို မလွှတ်ရ၊အနေအထားအလိုက်သင့်ပြောင်း
ပြီးလှည့်ရကာ ဘယ် |
လက်ကို လွှတ်၍ မူလအနေအထား ၁၀း၁၀နာရီသို့ဖြစ်အောင်
လက်ကိုင်ဘီးကို အနေအထား |
|
မှန်ကန်စွာ ပြန်ကိုင်နိုင်ရမည်။ |
|
|
|
|
|
ဤအတူ ယာဉ်ကို
လက်ဝဲဘက်သို့သွားစေ၊ကွေ့စေလိုလျှင် လက်ကိုင်ဘီးကို လက်ဝဲဘက် |
သို့လှည့်ရပြီး ညာ-ဘယ် ကန့်လန့်ဖြတ်အနေအထားရောက်က
ညာလက်(လက်ယာလက်)ကို |
|
မလွှတ်ရ၊အနေအထားအလိုက်သင့်ပြောင်းပြီးလှည့်ရကာ ဘယ်လက်ကို
လွှတ်၍ ၁၀း၁၀နာရီသို့ |
|
ဖြစ်အောင်ပြန်ကိုင်နိုင်ရမည်။ပြန်ဖြေလျှင်ပြောင်းပြန်မဖြေရ၊လက်ယာဘက်သို့လှည့်ပြီး
ဘယ်-ညာ |
ကန့်လန့်ဖြတ်အနေအထားရောက်က လက်ဝဲဘက်လက်ကို
မလွှတ်ရ၊အနေအထားအလိုက်သင့် |
ပြောင်း ပြီးလှည့်ရကာ ညာလက်ကို လွှတ်၍ မူလအနေအထား
၁၀း၁၀နာရီသို့ဖြစ်အောင် လက် |
|
ကိုင်ဘီးကို အနေအထားမှန်ကန်စွာ ပြန်ကိုင်နိုင်ရမည်။ |
|
|
|
|
မှတ်ရန်။
။လမ်းကြောင်းအဖြောင့်အတိုင်းသွားလျှင် လက်ကိုင်ဘီးကို
ပြန်ဖြေစရာမလို။လက်ကို |
ဖွဖွကလေးလွှတ်ပေးလိုက်လျှင် အလိုအလျှောက်ဖြေသွားလိမ့်မည်။ |
|
|
|
(ခ)ယာဉ်ကို
ရှေ့သို့၊နောက်သို့သွားစေလိုလျှင်/အနှေးမှအမြန်၊အမြန်မှအနှေးသို့ သွားစေ |
|
လိုလျှင် ပြုလုပ်ပေးရသော ဂီယာအုံနှင့်ဂီယာထိုးတံ(Gearbox & Stem) |
|
Auto-Gear
နှင့် Manual-Gear ဟူ၍နှစ်မျိုးရှိရာ Manual-Gear ကို ကောင်းစွာနားလည် |
ထားသင့်ပေ၏။ယာဉ်ငယ် ဂီယာတွင် အပေါ်၌ ဘယ်မှညာသို့ (1-3-5)
နှင့် အောက်ဘက်၌ |
|
ဘယ်မှညာသို့ (2-4-R) ဖြစ်ပြီး ဂီယာလွတ်နေရာ Freeway space
or Neutral zone သည် |
|
3 နှင့် 4
ကြားတွင်ရှိ၏။ယာဉ်ကြီးဂီယာတွင် အပေါ်၌ ဘယ်မှညာသို့ (R-2-4)နှင့် အောက်ဘက်၌ |
ဘယ်မှညာသို့ (1-3-5) ဖြစ်ပြီး ဂီယာလွတ်/မူလနေရာ Freeway
space or Neutral zone သည် |
2 နှင့် 3
ကြားတွင်ရှိ၏။ဂီယာလွတ်မလွတ်ကို ဂီယာတံကို လှုပ်ရန်းကြည့်၍အမှန်မသိနိုင်ပါ။ |
|
အဘယ်ကြောင့်ဆိုသော် ဂီယာ 1 ဝင်နေလျှင်လည်းလှုပ်ရန်းကြည့်က
လှုပ်နေပေလိမ့်မည်။သို့မို့ |
|
ကြောင့် ဂီယာအနေအထားကိုသာကြည့်မှ ဂီယာလွတ်မလွတ်/ဝင်မဝင်
ကိုသိရပေမည်။ဂီယာ |
|
သည် အလယ်တည့်တည့်၌ရှိနေပြီး ဘယ်သို့မဟုတ် ညာဘက်သို့
အနည်းငယ်မျှဆွဲယူကြည့်၍ |
|
ရလျှင် ဂီယာလွတ်နေသည်ကိုတွေ့ရပါမည်။ဂီယာလွတ်နေလျှင်
ယာဉ်ငယ်၌ အထက်အောက် |
|
တင်ချလျှင် 3 နှင့် 4 သာလျှင် ဝင်သည်ဟုသိရမည်။ဂီယာ 1
ကိုထိုးလိုလျှင် ဂီယာဖုသီးကို |
|
လက်ဖနောင့်နှင့် ဘယ်ဘက်အဆုံးရောက်အောင်ရွှေ့ပြီး
အပေါ်သို့ပင့်တင်လိုက်ပါ။ဤအတူ |
|
ဂီယာ 2 ကို ပြောင်းထိုးလိုလျှင် ဂီယာဖုသီးကို
လက်ဖနောင့်နှင့် ဘယ်ဘက်အဆုံးရောက်အောင် |
ရွှေ့ပြီး အောက်ဘက်သို့ လက်ဖျားကလေးများဖြင့်
ကုတ်ဆွဲချပါ။မှတ်ရန်(အပေါ်တင်လျှင် |
|
လက်ဖနောင့်ဖြင့် အသာပင့်တင်ပါ၊အောက်သို့ချလိုလျှင်
လက်ဖျားကလေးများဖြင့် အသာဆွဲချပါ) |
ဂီယာသဘောသဘာဝမှာ 1 ဂီယာသည် ရပ်နေရာမှ စထွက်စဉ်၊တောင်တက်ကို
ဖြေးဖြေးမှန်မှန် |
|
တက်စဉ်၊တောင်ကုန်းအတက်၌ ခေတ္တခဏ
အရေးပေါ်ယာဉ်ရပ်နားစဉ်၊ယာဉ်ရပ်နား(Parking) |
|
စဉ်များ၌ အသုံးပြုရ၏။2-3-4-5 ဂီယာများကို
ယာဉ်စထွက်ပြီးအရှိန်မြှင့်တင်ရာတွင် အစဉ်လိုက် |
|
အသုံးပြုရ၏။အရှိန်နှေးစေလိုလျှင်လည်း 5-4-3-2
ဂီယာများကိုအစဉ်လိုက်အသုံးပြုရ၏။ |
|
3-2 ဂီယာများဖြင့် အချိုးအကွေ့များကို အန္တရာယ်ကင်းရှင်းစွာ
အသုံးပြု နိုင်၏။4 ဂီယာဖြင့် |
|
ခပ်ပြေပြေအကွေ့များတွင်အသုံးပြုနိုင်သော်လည်း
ရှိန်အပြင်းဆုံးဖြစ်သော5 ဂီယာဖြင့် မည်သည့် |
အခါမျှ အချိုးအကွေ့များတွင် အသုံးမပြုခြင်းက
အန္တရာယ်ကင်းပါလိမ့်မည်။R ဂီယာကို ယာဉ်ကို |
နောက်သို့ဆုတ်လိုသောအခါတွင် သို့မဟုတ် ကုန်းအဆင်းတွင်
ရပ်ထားလိုသောအခါတွင် |
|
အသုံးပြု၏။ Auto-Gearတွင် အထက်မှအောက်သို့အစဉ်အတိုင်း
P-R-N-D-2-L ဟူ၍ ဂီယာ |
|
၆-ချက်တွေ့ရပါမည်။Lockပါသော ဂီယာနှင့် Lockမပါသော
ဂီယာ(Zigzag)ဟူ၍ နှစ်မျိုးရှိသည်။ |
|
Lockပါသော ဂီယာ၌ P မှ R သို့ရွှေ့လျှင်
Lockကိုနှိပ်၍ရွှေ့ပါ။R-မှ-2 တိုင်အောင် Lockကိုနှိပ်စရာ |
မလို တိုက်ရိုက်ဆွဲချနိုင်သည်။2-မှ-L သို့ရွှေ့လျှင်လည်း
Lockကိုနှိပ်၍ရွှေ့ပါ။Lock ထည်းထားခြင်း |
မှာ ကားရပ်နားစဉ်၊Parking သွင်းစဉ်၊Landing
ကုန်းတက်ကုန်းဆင်းပြုလုပ်စဉ်တွင် ဂီယာလွတ် |
|
ထွက်မသွားစေရန်အတွက်ဖြစ်၏။P(Parking)-R(Retrograde or
Reverse)-N(Neutral |
|
zone or Freeway space)-D(Drive)-2-L(Landing or Large
Gear) ဟူ၍ရှိရာ ယာဉ်ကို စ၍ |
|
ထွက်ခွာစေလိုလျှင်P မှ R-မှ-2 အထိဆွဲချပြီး 2 ဂီယာဖြင့်
စထွက်ပါ။အရှိန်ရလာပါက D ဂီယာဖြင့် |
ဂီယာအချိန်းအပြောင်းလုပ်စရာမလိုပဲသွားပါ။အရှိန်လျှော့လိုလျှင်2
ဂီယာသို့ပြောင်းပါ။R ဂီယာကို |
ယာဉ်ကိုနောက်သို့ဆုတ်လိုသောအခါတွင် သို့မဟုတ်
ကုန်းအဆင်းတွင် ရပ်ထားလိုသောအခါ |
|
တွင် အသုံးပြု၏။P ဂီယာကို ကားရပ်နားစဉ်၊Parking သွင်းစဉ်
ကုန်းအတက်တွင် ခေတ္တရပ်နားစဉ် |
အသုံးပြု၏။L ဂီယာကို တောင်တက်တောင်ဆင်းလမ်းတွင်အသုံးပြု၏။ |
|
|
(ဂ)ယာဉ်ကို အချိန်ကြာကြာရပ်နားထားစဉ် လုံခြုံစိတ်ချစေရန်အတွက်
အသုံးပြုသော |
|
ဟန်းဘရိတ်ခ်(Hand Brake)ခေါ် ပါကင်ဘရိတ်ခ်(Parking Brake) |
|
|
Emergency Brake ခေါ် Hand Brake/Parking Brake ကို
ကားရပ်နားထားစဉ်တိုင်း |
လုံခြုံစိတ်ချစေရန်အတွက် အသုံးပြုပါ။ထို့သို့မှ
စိတ်မချသေးလျှင် ဂျမ်းတုံး(Jam)ခုပါ။ |
|
၂။ခြေဖြင့်ပြုလုပ်ရသော အဓိက အစိတ်အပိုင်း(၃)မျိုး |
|
|
|
|
(က)အင်ဂျင်နှင့် ဘီးကို ဆက်သွယ်ပေးသော Clutch ကလပ်ခ်ျ |
|
|
Manual-Gear တွင် ဘယ်ခြေဖြင့် လုပ်ဆောင်ရသောအစိတ်အပိုင်းဖြစ်၏။ဂီယာ |
|
အချိန်းအပြောင်းပြုလုပ်ရာတွင်၊အမြန်နှုန်းလျှော့ရာတွင်
ကလပ်ခ်ျ တစ်ဆုံးနင်း၍ ပြုလုပ်ရ၏။ |
|
ကားကို စထွက်စေလိုလျှင် ကလပ်ခ်ျ တစ်ဆုံးနင်းပြီး 1
ဂီယာထိုးကာ ကလပ်ခ်ျ ကို နှစ်ဆင့် |
|
လွှတ်ပြီးထွက်ရ၏။အဘယ်ကြောင့်ဆိုသော်
အင်ဂျင်နှင့်အဆက်အသွယ်ပြုရာတွင် ကလပ်ခ်ျ၏ |
|
အစ၊အလယ်၊အဆုံး ၃-နေရာတွင်ဖြစ်နိုင်သောကြောင့် ဖြေးဖြေးချင်း
နှစ်ဆင့်လွှတ်၍ထွက်ရာ၏။ |
|
အော်တိုကားတွင် ကလပ်ခ်ျမပါ။လီဗာနှင့် ဘရိတ်ခ် သာပါ၍
ဘယ်ခြေအသုံးပြုရန်မလိုတော့ပေ။ |
(ခ)
အင်ဂျင်စက်အရှိန်မြှင့်တင်ပေးသော Lever လီဗာ |
|
|
|
အင်ဂျင်စက် မသေရန်၊မြန်မြန်ပြေးစေရန်အတွက်
အင်ဂျင်စက်အရှိန်မြှင့်တင်ပေးသော |
|
အပိုင်းဖြစ်ပြီး ညာဘက်အစွန်ဆုံး
ညာခြေဖြင့်အသုံးပြုရသောအပိုင်းဖြစ်၏။အရှိန်ကို လိုသလို |
|
အသုံးပြုနိုင်ရပါမည်။ |
|
|
|
|
|
|
(ဂ)အရေးပေါ်ယာဉ်ကို ရပ်တန့်စေလိုလျှင်၊အမြန်နှုန်းလျှော့ချစေလိုလျှင်
အသုံးပြုရ |
|
သော
Brake ဘရိတ်ခ် |
|
|
|
|
|
အရေးပေါ်ယာဉ်ကို ရပ်တန့်စေလိုလျှင်၊အမြန်နှုန်းလျှော့ချစေလိုလျှင်
အသုံးပြုရသော |
Brake Pedal ဘရိတ်ခ်သည် ညာအလယ်၌ရှိကာ ညာခြေဖြင့်
အသုံးပြုရသောအပိုင်းဖြစ်၏။ |
|
ဤအစိတ်အပိုင်း သုံးခုကို
ဟန်ချက်ညီညီအသုံးပြုရ၏။ယာဉ်ပေါ်သို့တက်လျှင် ဘရိတ်ခ်ကို |
|
ညာခြေဖြင့်နင်း၊ကလပ်ခ်ျကို ဘယ်ခြေဖြင့်တစ်ဆုံးနင်းပြီး
ကားစက်နှိုးပါ။ကားစက်နိုးလာလျှင် |
|
1 ဂီယာသွင်း-ဟန်းဘရိတ်ခ်ဖြုတ်-လီဗာကို စက်သံမှန်မှန်ရအောင်
နင်းပြီး ကလပ်ခ်ျကို ဖြေးဖြေး |
ချင်း နှစ်ဆင့်လွှတ်၍ ထွက်ပါ။အရှိန်ရလာပါက
လီဗာလျှော့-ကလပ်ခ်ျတစ်ဆုံးနင်း-2 ဂီယာပြောင်း |
ပြီးကလပ်ခ်ျချက်ချင်းလွှတ်(နှစ်ဆင့်လွှတ်စရာမလို)-လီဗာနင်းပြေးပေတော့။ကျန်ဂီယာများကို |
|
လိုအပ်သလိုအသုံးပြုနိုင်ပါသည်။အမြန်နှုန်းလျှော့လိုလျှင်
လီဗာလွှတ်-ဘရိတ်ခ်မှေး-ကလပ်ခ်ျ |
|
တစ်ဆုံးနင်း-ဂီယာတစ်ဆင့်လျှော့ချပါ။ရပ်လိုလျှင်
ဘရိတ်ခ်မှေး-ကလပ်ခ်ျတစ်ဆုံးနင်း ရပ်လိုသည့် |
နေရာရောက်က ဖြေးညှင်းစွာ ဘရိတ်ခ်အုပ်၍
စက်ပိတ်-မြေပြင်ညီ၊ကုန်းအတက်ဖြစ်က 1 ဂီယာ |
|
သွင်း၊ကုန်းအဆင်းဖြစ်က R ဂီယာသွင်း-ဟန်းဘရိတ်ခ်ဆွဲပြီး
ယာဉ်ပေါ်မှ ဆင်းနိုင်သည်။ထိုသို့မှ |
|
မသေချာသေးလျှင် ဂျမ်းတုံး(Jam)ခုပါ။ |
|
|
|
|
၃။မျက်စိဖြင့်ကြည့်ရမည့် အဓိကအချက်(၃)မျိုး |
|
|
|
|
(က)မိမိယာဉ်အား လက်ယာဘက်သို့ကွေ့လိုခြင်း သို့မဟုတ် လက်ယာဘက်ယာဉ်ကြော |
သို့ကူးပြောင်းလိုခြင်းကို ပြုလုပ်လိုပါက ယာဉ်ကြောရှင်းမရှင်းကြည့်ရန်
လက်ယာဘက် |
|
နောက်ကြည့်မှန်(Right side mirror)အားအသုံးပြုခြင်း၊ |
|
|
|
(ခ)မိမိယာဉ်အား လက်ဝဲဘက်သို့ကွေ့လိုခြင်း သို့မဟုတ် လက်ဝဲဘက်ယာဉ်ကြောသို့ |
|
ကူးပြောင်းလိုခြင်းကို ပြုလုပ်လိုပါက ယာဉ်ကြောရှင်းမရှင်းကြည့်ရန်
လက်ဝဲဘက် |
|
နောက်ကြည့်မှန်(Left side mirror)အားအသုံးပြုခြင်း၊ |
|
|
|
(ခ)မိမိယာဉ်အား လက်ယာ/လက်ဝဲဘက်သို့ကွေ့လိုခြင်း သို့မဟုတ် လက်ယာ/လက်ဝဲ |
|
ဘက်ယာဉ်ကြောသို့ကူးပြောင်းလိုခြင်း၊မိမိယာဉ်နောက်၌ နီးကပ်စွာလိုက်ပါလာသော |
|
ယာဉ်ရှိ/မရှိနှင့် လမ်းကြောရှင်း/မရှင်းသိလိုခြင်းတို့ကို ကြည့်ရန်
အလယ်တည့်တည့် |
|
နောက်ကြည့်မှန်(Rear view mirror)အားအသုံးပြုခြင်း၊ |
|
|
|
မိမိယာဉ်အား
ရှေ့နောက်တန်း၍ ရပ်ထားသောယာဉ်နှစ်စီးအကြားယာဉ်တစ်စီး ရပ်နိုင် |
|
လောက်သောအနေအထားရှိ၍ ၎င်းယာဉ်နှစ်စီးအကြား ရပ်လိုပါက(Parking)
ရှေ့ယာဉ်၏ |
|
နောက်ပိုင်းနှင့်မိမိယာဉ်နောက်ပိုင်း တစ်တန်းတည်းကျသည်အထိ
ယှဉ်ရပ်ပြီး လက်ကိုင်ဘီးကို |
|
လိုအပ်သလို လှည့်ပါ။ရှေ့ယာဉ်နောက်ပိုင်းနှင့် မိမိယာဉ်၏
ခါးလည်ခန့်ရောက်လျှင် လက်ကိုင် |
|
ဘီးကို
ယာဉ်ရှေ့နောက်တန်းသည်အထိပြန်ဖြေပြီးနောက်ဆုတ်ပါ။မိမိယာဉ်၏ခေါင်းနှင့် ရှေ့ |
|
ယာဉ်နောက်ပိုင်းနှင့်လွတ်ကင်းပါက လက်ကိုင်ဘီးကို
လိုအပ်သည့်ဘက်သို့ပါအောင်လှည့်ယူပါ။ |
ရှေ့ယာဉ်/နောက်ယာဉ်ကြားမိမိယာဉ်
တစ်ဖြောင့်တည်းကျအောင်သွင်းယူပါ။။ဤအတူ ခေတ္တ |
|
ယာဉ်ရပ်နားရာနေရာတွင် ကားရပ်နား(Parking)ပါကလည်း
မိမိသွင်းယူလိုသည့်နေရာဘေးတွင်ရှိ |
ကား၏ဦးခေါင်းနှင့် မိမိယာဉ်၏နောက်ပိုင်း
တစ်ဖြောင့်တည်းကျအောင် ထားပြီး လက်ကိုင်ဘီးကို |
လိုအပ်သလိုလှည့်ပါ။ဘေးမှယာဉ်၏ဦးခေါင်းပိုင်းနှင့် မိမိယာဉ်၏
ခါးလည်ခန့်ရောက်လျှင် လက်ကိုင် |
ဘီးကို ယာဉ်ရှေ့နောက်တန်းသည်အထိ
ပြန်ဖြေပြီးနောက်ဆုတ်ပါ။မိမိယာဉ်၏ခေါင်းနှင့် နံဘေးရှိ |
ယာဉ်ဦးပိုင်းတို့သည်လည်းကောင်း
ယာဉ်များ၏နောက်ပိုင်းများသည်လည်းကောင်း ညီညီညာညာ |
တစ်တန်း တည်းဖြစ်အောင် ကောင်းစွာရပ်နားနိုင်ပါစေ။ |
|
|
|
အထက်ဖော်ပြပါ
အဓိကကျသောအခြေခံအချက်များကို ပိုင်နိုင်စွာသိရှိထားပါမှ မိမိယာဉ်ကို |
|
ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ပြီး
ယာဉ်ကြောင့်ဖြစ်သော ဘေးအန္တရာယ်မှ ကင်းဝေးပါလိမ့် |
|
မည်။သို့မှသာလျှင် မိမိလည်းအန္တရာယ်ကင်းစင်သလိုတစ်ပါးသူလည်း
စိတ်အနှောင့်အယှက်ကင်း |
ခြင်း၊အန္တရာယ်မဖြစ်စေခြင်း စသည်တို့ကြောင့်
မိမိလည်းစိတ်ချမ်းသာ၊တစ်ပါးသူလည်း စိတ်ချမ်း |
မြေ့စွာ လိုရာခရီးသို့ရောက်ရပေလိမ့်မည်။ |
|
|
|
|