| အရည်အချင်းပြည့်ဝသော ယာဉ်မောင်းကောင်းတစ်ယောက်ဖြစ်စေဖို့ရာ | |||||||
| (To Be A Safe or Good Driver) | |||||||
| ယာဉ်မောင်းတစ်ယောက်တွင်ရှိသင့်ရှိထိုက်သောအရည်အချင်းများနှင့်ပြည့်စုံစေရန်၊လိုက်နာရမည့် | |||||||
| အချက်များကိုလိုက်နာတတ်စေရန်နှင့် မလိုလားအပ်သော၊ရန်လိုသော၊မိမိကိုယ်မှတစ်ပါး အခြားသော ယာဉ် | |||||||
| မောင်းများ၊မော်တော်ဆိုင်ကယ် စီးသူများ၊စက်ဘီး စီးသူများ၊လမ်းအသုံးပြုသူ ချေလျင်သွားခရီးသွားများအား | |||||||
| လေးစားမှုမရှိ၊စာနာထောက်ထားမှုမရှိ၊ယဉ်ကျေးမှုမရှိသော ယာဉ်မောင်းအဖြစ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ | |||||||
| ဤစာစုကို ရေးသားပါသည်။ | |||||||
| အရည်အချင်းပြည့်ဝသော ယာဉ်မောင်းတစ်ယောက် ဖြစ်စေဖို့အတွက် အောက်ပါအချက်အလက် | |||||||
| များကို ကောင်းစွာနားလည်သဘောပေါက်ပြီး ယာဉ်ကို ကောင်းစွာအသုံးချစေခိုင်းနိုင်သကဲ့သို့ ရန်လိုသော | |||||||
| မလိုလားအပ်သော ပြဿနာဖန်တီးတတ်သောယာဉ်မောင်းသူ(Aggressive Driver)အဖြစ်မှ ကင်းစင်ပါ | |||||||
| လိမ့်မည်။ | |||||||
| ၁။အများအားဖြင့် သင်သည်အခြားသောယာဉ်များကို မိမိ၏လက်ဝဲဘက်တွင်ထားကာမောင်းသင့်ပေ၏။ | |||||||
| ၂။အခြားယာဉ်၏ ယာဉ်ကြောကို ပိတ်ပြီးကျော်ခွမောင်းခြင်းမှ ရှောင်ကြဉ်ပါ။ | |||||||
| ၃။အမြန်ယာဉ်အတွက် သင်သည် လက်ယာဘက်ဘက်သို့ ရွေ့လျားမောင်းခြင်းဖြင့် ဦးစားပေးလိုက်ပါ။ | |||||||
| ၄။တတ်နိုင်သမျှ လက်ယာဘက်ယာဉ်ကြောကို အသုံးပြုပါ။ | |||||||
| ၅။ယာဉ်၏ရှေ့နောက်အကွာအဝေးကို အသင့်တော်ဆုံးဖြစ်အောင် ထိမ်းသိမ်းမောင်းနှင်ပါ။ | |||||||
| ၆။အခြားယာဉ်ကို ကျော်တက်ပြီး မိမိယာဉ်နှင့် မိမိကျော်တက်ခဲ့သောယာဉ်အကြားကို ထိခိုက်မှုအန္တရာယ်ကို | |||||||
| ကာကွယ်စေရန်အလို့ငှာ သင့်တော်သောအကွာအဝေးဖြစ်စေရန် အထူးဂရုစိုက်ပါ။ | |||||||
| ၇။အလင်းရောင်အားနည်းသည့်အချိန်၊တိမ်ထူထပ်၍သော်လည်းကောင်း မိုးရွာ၍သော်လည်းကောင်း ယာဉ် | |||||||
| ကြောကို ကောင်းစွာမမြင်ရသည့်အချိန်တို့တွင် သင်၏ရှေ့မီးကြီးများ(Head Lights)ကို ဖွင့်၍မောင်းပါ။ | |||||||
| ၈။လမ်းသွားလမ်းလာ လမ်းအသုံးပြုသူများအား အစဉ်သဖြင့် ဦးစားပေးပါ။ | |||||||
| ၉။“ရပ်”(Stop Sign)ဆိုသည့် ဆိုင်းဘုတ်ကိုတွေ့လျှင် သင်၏ယာဉ်အား လေးဘီးစလုံးအပြည့်အဝရပ်ပြီး | |||||||
| ယာဉ်ကြောအသွားအလာကင်းရှင်းမှထွက်ပါ။ | |||||||
| ၁၀။မီးနီနေလျှင် သင်၏ယာဉ်အား ရှေ့နောက် ရွေ့လျားမှုမရှိစေပဲ ရပ်ပါ။ | |||||||
| ၁၁။လမ်းဆုံများ(Intersections)နှင့် လမ်းသွားလမ်းလာများ(Pedestrains)ကို ချဉ်းကပ်ရာတွင် မိမိ | |||||||
| ယာဉ်၏ အရှိန်ကိုလျှော့၍ချဉ်းကပ်ပါ။ | |||||||
| ၁၂။(Stop Sign)“ရပ်”ဟူသော အမှတ်အသားလေးခုလုံးရှိသော လေးလမ်းဆုံ(Four-way Stops)၌ | |||||||
| လမ်းစည်းကမ်းကို အပြည့်အဝလိုက်နာပြီး လမ်းကြောင်းအမှန်ဥပဒေများ(Follow righgt-of-way rules) | |||||||
| ကို အပြည့်အဝလိုက်နာပါ။ | |||||||
| ၁၃။လမ်းအခြေအနေမကောင်းမွန်ပါက သတ်မှတ်ထားသောအမြန်နှုန်း(Posted Speed Limit)အောက် | |||||||
| လျော့မောင်းပါ။ | |||||||
| ၁၄။လုပ်ငန်းခွင်နေရာများ(Construction Zones)တွင် မိမိယာဉ်၏အရှိန်ကို ပို၍လျော့မောင်းပါ။ | |||||||
| ၁၅။သင့်တင့်သော အရှိန်နှုန်းကို အမြဲတမ်း ထိမ်းသိမ်းမောင်းနှင်ပါ။ | |||||||
| ၁၆။အစဉ်သဖြင့်ယာဉ်ကြောပြောင်း(Lane Changes)လျှင် လည်းကောင်း၊ကွေ့(Turns)လျှင် လည်း | |||||||
| ကောင်းအချက်ပြမီး(Turn Signals)ကို အသုံးပြုပါ။ | |||||||
| ၁၇။လိုအပ်လျှင် မျက်နှာချင်းဆိုင်(Oncoming Traffic)မှလာသော ယာဉ်မောင်းနှင့် မျက်လုံးချင်းဆုံပြီး | |||||||
| မိမိရည်ရွယ်ချက်(Make eye contact and signal intention)ကိုဖော်ပြပါ။ | |||||||
| ၁၈။အခြားသောယာဉ်မောင်းများ၏ရည်ရွယ်ချက်(Acknowledge intention of others)ကိုလည်း | |||||||
| အသိအမှတ်ပြုပါ။ | |||||||
| ၁၉။သင်၏ကားဟွန်းကို ပတ်ဝန်းကျင်အား ဆူညံသံအဖြစ် အနှောင့်အယှက်မဖြစ်စေပဲ အမှန်တကယ်လိုအပ် | |||||||
| မှသာလျှင် အထောက်အကူရရန်အလို့ငှာ အသုံးပြုပါ။ | |||||||
| ၂၀။မလိုအပ်ပဲ ရှေ့အမြင့်မီးကြီးများ(High Beam Headlights)ကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ | |||||||
| ၂၁။အရေးပေါ်ယာဉ်များ(Emergency Vehicles)အတွက် မိမိယာဉ်အား လက်ယာဘက်ယာဉ်ကြောသို့ | |||||||
| ရွှေ့ပြီး ဦးစားပေးလိုက်ပါ။ | |||||||
| ၂၂။အလင်းရောင်တလက်လက်တောက်ပသော ရှေ့မီးအသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ | |||||||
| ၂၃။“ဂ”ကွေ့(U-turns)ကွေ့လျှင် အနည်းဆုံးအရှိန်သို့လျှာ့ချ၍ ဖြည်းဖြည်းညင်သာစွာကွေ့ပါ။ | |||||||
| ၂၄။လမ်းအခြေအနေမကောင်းလျှင် သင့်တင့်လျှောက်ပတ်သော အမြန်နှုန်းဖြင့်မောင်းပါ။ | |||||||
| ၂၅။မလိုလားအပ်သော ရုတ်တရက် စက်ရှိန်လျှော့ချတတ်သောအကျင့်ကို ဖျောက်ပါ။ | |||||||
| ၂၆။အခြားသောယာဉ်မောင်းများအား စိန်ခေါ်သည့်အပြုအမူမှ အစဉ်သဖြင့်ရှောင်ကြဉ်ပါ။ | |||||||
| ၂၇။ရန်လိုသောယာဉ်မောင်းများ(Aggressive Drivers)၏ ယာဉ်ကြောမှ အတတ်နိုင်ဆုံး အမြန်ရှောင်ပါ။ | |||||||
| ၂၈။ယာဉ်မောင်းနှင်နေစဉ် အခြားသို့အာရုံမပျံ့လွင့်စေပဲ မိမိအလုပ်ကို အာရုံစူးစိုက်ပြီးမောင်းနှင်ပါ။ | |||||||
| ၂၉။မူးဝေနောက်ကျိနေလျှင် မည်သည့်အခါတွင်မဆို ယာဉ်မောင်းနှင်ခြင်းမှ ရှောင်ကြဉ်ပါ။ | |||||||
| ၃၀။လက်ယာဘက်သို့ကွေ့မည့်ယာဉ်ကြော(Right-turn Lane)ကို ပိတ်ခြင်းမှ ရှောင်ပါ။ | |||||||
| ၃၁။မိမိယာဉ်ရပ်နိုင်လောက်သည့်အကျယ်အဝန်းထက်ပို၍ နေရာယူရပ်ခြင်းမှ ရှောင်ကြဉ်ပါ။(More than | |||||||
| one parking space) | |||||||
| ၃၂။မိမိ၏ယာဉ်ဘေးတွင်ရပ်ထားသော အခြားယာဉ်အား မိမိ၏ယာဉ်မှတံခါးဖြင့် ထိခိုက်မည့်အခြေအနေမှ | |||||||
| အစဉ်သဖြင့်ရှောင်ကြဉ်ပါ။ | |||||||
| ၃၃။မသန်စွမ်းသူများအတွက် အထူးသတ်မှတ်နေရာပေးထားသော ကားရပ်နားရန်နေရာ(A space | |||||||
| designed for the Disabled)တွင် မည်သည့်အခါတွင်မဆို ယာဉ်ရပ်နားခြင်းမှရှောင်ကြဉ်ပါ။ | |||||||
| ၃၄။ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း(Cell Phones)အသုံးပြုခြင်းမှ အစဉ်သဖြင့်ရှောင်ကြဉ်ပါ။ | |||||||
| ၃၅။လမ်းမအလယ်ခေါင်တွင် ကားရပ်ပြီး စကားပြောခြင်းမှ ဝေးစွာရှောင်ကြဉ်ပါ။ | |||||||
| ၃၆။မိမိယာဉ်မှ ဖွင့်သောသီချင်းသံသည် အနီးအနားယာဉ်များအား အနှောင့်အယှက်မဖြစ်စေရန် အလွန် | |||||||
| ကျယ်လောင်စွာဖွင့်ခြင်းမှ ရှောင်ကြဉ်ပါ။ | |||||||
| ယခုဖော်ပြပါ အချက် (၃၆)ချက်ရှိရာ ၁ချက်မှ ၃ချက်အထိ လိုက်နာမှုပျက်ကွက်လျှင် စိတ်ချရသော အရည် | |||||||
| အချင်းပြည့်ဝသောယာဉ်မောင်း(SAFE DRIVER)။၎ချက်မှ ၇ချက်အထိ လိုက်နာမှုပျက်ကွက်လျှင် အဆင့် | |||||||
| မီသောယာဉ်မောင်း(GOOD DRIVER)။၈ချက်မှ ၁၁ချက်အထိ လိုက်နာမှုပျက်ကွက်လျှင် အနည်းငယ် | |||||||
| ရန်လို၍ ပြဿနာရှိသောယာဉ်မောင်း(SEMI AGGRESSIVE DRIVER)နှင့် ၁၂ချက်အထက်လိုက်နာမှု | |||||||
| ပျက်ကွက်လျှင်ကား အလွန်ရန်လို၍ပြဿနာများစွာရှိသောယာဉ်မောင်း(AGGRESSIVE DRIVER)ဟူ၍ | |||||||
| ခွဲခြားသိမှတ်နိုင်ပါသည်။ဤအချက်များကိုကြည့်၍ မိမိသည် မည့်သည့်အတန်းအစားယာဉ်မောင်းတွင် ပါဝင် | |||||||
| ကြောင်း မိမိကိုယ်ကို စစ်ဆေးအကဲဖြတ်နိုင်ပါလိမ့်မည်။ | |||||||
| သင်သည် အထက်ဖော်ပြပါ အချက်များကို ကောင်းစွာလိုက်နာပြီး ယာဉ်မောင်းမည်ဆိုလျှင် မိမိကြောင့် | |||||||
| သူတစ်ပါးစိတ်အနှောင့်အယှက်ကင်းခြင်း၊အန္တရာယ်အသွယ်သွယ်မှကင်းစင်ခြင်း၊မိမိသူတစ်ပါး စိတ်ချမ်းသာ | |||||||
| စွာဖြင့် မိမိလိုရာခရီးသို့ အေးချမ်းစွာရောက်ရခြင်း၊စသောအကျိုးများရရှိကာ မိမိသည်လည်း အရည်အချင်း | |||||||
| ပြည့်ဝသောယာဉ်မောင်းသူဘဝရရှိကာ အများ၏လေးစားခြင်းခံရသော ယုံကြည်ကိုးစားခြင်းခံရသော ယာဉ် | |||||||
| မောင်းကောင်းတစ်ယောက် ဖြစ်ပါလိမ့်မည်။ | |||||||
| ဤစာစုကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှထုတ်ဝေသော “ယာဉ်မောင်းသူများလက်စွဲ”နှင့် | |||||||
| အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်၊Department of Motor Vehicle(DMV)မှထုတ်ဝေ | |||||||
| သော(DRIVER HANDBOOK)ကို မှီငြမ်းပြီး အရည်အချင်းပြည့်ဝသောယာဉ်မောင်းကောင်းတစ်ယောက် | |||||||
| ဖြစ်ရန် ကောင်းမြတ်သောစေတနာမှန်ဖြင့် ရည်ရွယ်ရေးသားပါသည်။ | |||||||
| DR. Thein Hlaing | |||||||
| B.D.S.(YGN),F.I.C.D(U.S.A) | |||||||
| thein.hlaing1970@gmail.com | |||||||
| www.drtheinhlaingtaze.blogspot.com | |||||||
Wednesday, June 25, 2014
အရည်အချင်းပြည့်ဝသော ယာဉ်မောင်းကောင်းတစ်ယောက်ဖြစ်စေဖို့ရာ(To Be A Safe or Good Driver)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment