Sunday, December 8, 2013

ဓူဝံကြယ်နှင့် ဆည်းဆာချိန် ဘာကြောင့်အရေးကြီးသနည်း

                     ဓူဝံကြယ်နှင့် ဆည်းဆာချိန် ဘာကြောင့်အရေးကြီးသနည်း


   ဓူဝံကြယ်သည် မြောက်ဝင်ရိုးစွန်းတည့်တည့်တွင် တည်ရှိသဖြင့် ကမ္ဘာကြီး ၂၄ နာရီ တစ်ပတ်ကျ
မိမိဝင်ရိုးပေါ်တွင် လည်နေသော်လည်း မြောက်ဝင်ရိုးစွန်း၏ အထက်မိုးကောင်းကင် ၉၀ံတည့်တည့်
အစဉ်အမြဲ တည်ရှိနေသည်ဟု မှတ်ယူရပါမည်။ဓူဝံကြယ်ကို ကြည့်လိုလျှင် ခုနှစ်စဉ်ကြယ်စဉ်တန်း၏
ရှေ့နှစ်လုံးဖြင့် မျဉ်းဖြောင့်ဆွဲ၍ကြည့်ပါ။ထင်ရှားစွာတွေ့ရပါမည်။ကြည့်သူ၏ တည်နေရာလတ္တီကျုအရ
ဓူဝံကြယ်၏ မြင့်ထောင့်အနေအထားကိုသိရပါလိမ့်မည်။ဥပမာ…..မြန်မာနိုင်ငံ၏ အလယ်ဗဟိုဒေသ
ဖြစ်သော မြောက်လတ္တီကျု ၂၀ံဒီဂရီ ၀၁' မိနစ် ပေါ်တွင်တည်ရှိသည့် တောင်တွင်းကြီးမြို့မှ ကြည့်
မည်ဆိုလျှင် ဓူဝံကြယ်ကို မြောက်ဖက်ကောင်းကင်မျဉ်း၏ အထက် ၂၀ံဒီဂရီ ၀၁' မိနစ်တွင်တွေ့ရပါ
မည်။အီကွေတာမှကြည့်မည်ဆိုလျှင် မြောက်ဖက်ကောင်းကင်မျဉ်းပေါ် ၀ံ ဒီဂရီ ၌်ရှိသဖြင့် ရာသီဥတု
ကြည်လင်မှသာ မြင်တွေ့ရပါလိမ့်မည်။တောင်ကမ္ဘာခြမ်းမှ မြင်တွေ့ရမည်မဟုတ်ပါ။
    ဓူဝံကြယ်ကို လှည့်ပတ်နေသော ခုနှစ်ကြယ်စဉ်တန်းသည် ကောင်းကင်နက္ခတ်များ တည်နေပုံကို
 ကြည့်ရာတွင် များစွာအထောက်အကူရ၏။ ဓူဝံကြယ်၏ အရေးပါပုံကို ဆရာဦးသိန်းလွင်၏ သိရန်,မှတ်ရန်,
 လေ့လာရန်(ဆဋ္ဌမတွဲ)မှ စာကိုအောက်တွင်ဖော်ပြလိုက်ပါ၏။


Why is the north Star important?





  The North Star,also known as Polaris,is important because it is the star toward which
the northen axis of Earth points.It appears to shine directly over the North Pole.In 
ancient times, centuries before the use of navigational equipment, travelers knew that
they could count on Polaris to tell them which direction was north.

ဓူဝံကြယ်ဟာ ဘာကြောင့် အရေးကြီးသလဲ?




  ဓူဝံကြယ်ဟာ အရေးကြီးပါတယ်။ဘာကြောင့်ဆို ကမ္ဘာ့မြောက်ဘက်ဝင်ရိုးက အဲဒီကြာယ်ရှိတဲ့ဘက်သို့
ညွှန်ပြနေတဲ့အတွက် ဖြစ်ပါတယ်။အဲဒီကြယ်ဟာ မြောက်ဝင်ရိုးစွန်းပေါ်မှာ တိုက်ရိုက် ထွန်းလင်းတယ်လို့
ထင်မြင်ယူဆရပါတယ်။ရေကြောင်းသွားလာမှုပစ္စည်းတွေကို အသုံးပြုပြီး မသွားလာနိုင်ခင် ရှေးခေတ်
ရာစုနှစ်ပေါင်းများစွာကာလတုန်းက…ခရီးသွားတွေအနေနဲ့…ဘယ်ဦးတည်ချက်လမ်းကြောင်းဟာ မြောက်
အရပ်လဲဆိုတာ သူတို့ကိုပြောပြဖို့ ဓူဝံကြယ်ကို အားထားရမယ်ဆိုတာ သူတို့သိရှိခဲ့ကြပါတယ်။
Twilight Time ဆည်းဆာချိန်ဟာ ဘာကြောင့်အရေးကြီးသလဲ


       ကျွန်ုပ်သည် ရှေ့ပိုင်းတွင်း ကမ္ဘာလုံးဆိုင်ရာ အရုဏ်တက်/နေထွက်/နေဝင် ကို သူရိယသိဒ္ဓန္တမူဖြင့်
ရေးသားခဲ့ပြီးဖြစ်၏။ယခုဤစာစုကို ရေးသားရခြင်းမှာ နေထွက်/နေဝင် ကိုသိရပါမှ နေဝင်ပြီး ဆည်းဆာ
နှင့် နံက် နေမထွက်သေးမီ နံက်ဆည်းဆာ၏ အရေးပါမှုကိုသိစေလို၍ရေးသားရခြင်းဖြစ်ပါသည်။
 ဆည်းဆာအချိန်ဆိုသည်မှာ နေဝင်သွားချိန်မှစ၍ လုံးဝမှောင်သွားသည်အထိ ကြာမြင့်ချိန်ကိုပြောတာပါ။
နံက်ဆည်းဆာဆိုတာက နေမထွက်ခင် လင်းရောင်ခြည် အစပျိုးသည့်အချိန်မှ လုံးဝနေထွက်သွားတဲ့
အချိန်ကိုပြောတာပါ။ဆည်းဆာအချိန်မှာ အလင်းရောင်ရရှိခြင်းကတော့ လေထုထဲရှိ မြူမှုံများမှ နေ၏
အလင်းရောင်ကို ကမ္ဘာပေါ်သို့ ရောင်ပြန်ဟတ်ပေးခြင်းကြောင့်သာ ဖြစ်ပါသည်။

   နံက်အရုဏ်တက်ချိန်ကို သိလိုပါက နေထွက်နာရီမှ ၄၈ မိနစ် နှုတ်ပေးခြင်းဖြင့် ရရှိပါမည်။နေ့တစ်နေ့
အရုဏ်ကျင်းတော့မည်ဆိုလျှင် ကောင်းကင်တစ်ခွင်လုံး ခေတ္တခဏ မှောင်အတိကျသွားပြီး အရုဏ်ဦး
ရောင်ခြည် ပေါ်ထွက်လာပါသည်။ယင်းအချိန်တွင် နေမင်းသည် မိုးကုတ်စက်ဝိုင်းအောက် ၁၈ံ မှ ၁၂ 
အတွင်းရောက်ရှိလာပြီး Astronomical Twilight ဟုခေါ်ကာ အလင်းရောင်ကို စတင်ရရှိနေပြီဖြစ်သော်
လည်းမိုးကုတ်စက်ဝိုင်းကို ထင်ရှားစွာ မမြင်ရသေးပါ။နေမင်းကြီး မိုးကုတ်စက်ဝိုင်းအောက် ၁၂ံ မှ ၆ 
(နေမထွက်မီ ၄၈ မိနစ်မှ ၂၄ မိနစ်) အတွင်းကာလကို Nautical Twilight ဟုခေါ်ပါသည်။ယင်းအချိန်တွင် 
မိုးကုတ်စက်ဝိုင်းသာမက ကောင်းကင်ရှိ ကြယ်တာရာများကို ထင်ရှားစွာ မြင်နိုင်သောအချိန်ဖြစ်ပါ၍
ကြယ်တာရာများ၏ ထောင့်မြင့်ကို လျှင်မြန်တိကျစွာ တိုင်းထွာ၍ရပါသည်။ပင်လယ်သမုဒ္ဒရာ ရေကြောင်း
သွားလာရာတွင် မိမိသင်္ဘော၏တည်နေရာနှင့် ဦးတည်ရာအရပ်မျက်နှာ တွက်ချက်ရာတွင် များစွာအရေး
ပါလှ၏။ယခုအခါတွင် GPS(Global Positioning System)ဖြင့် တည်နေရာများကို ဂြိုဟ်တုများမှတဆင့်
တိကျစွာ သိရှိနိုင်ကြပြီဖြစ်ပါသော်လည်း နေ,လ,ကြယ် စသည်တို့မှလည်းတွက်ချက်ရယူနိုင်မှုကို ပစ်ပယ်
ရန်မသင့်ပါ။နေမင်းကြီး မိုးကုတ်စက်ဝိုင်းအောက် ၆ံ မှ နေမထွက်မီ ၂၄ မိနစ်/နေဝင်ပြီး ၂၄မိနစ်အတွင်း 
အချိန်ကို Civil |Twilight ဟုခေါ်ပါသည်။ယင်းအချိန်တွင် မိုးကုတ်စက်ဝိုင်းကို ထင်ရှားစွာမြင်ရသော်လည်း
မနက်အလင်းရောင်မြင့်တက်လာမှုကြောင့် ကြယ်တာရာများကို သဲကွဲစွာ မမြင်ရတော့ပါ။
  အထက်ကပြောခဲ့သလို နေထွက်/နေဝင်ချိန်ကို သိမှသာလျှင် ဆည်းဆာ Twilihgt ကျတဲ့ အချိန်ပိုင်း
တိတိကျကျ သိရပြီး အဲဒီအချိန်မှာ ထွက်ပေါ်နေတဲ့ ကြယ်တို့ လတို့ရဲ့ ထောင့်မြင့်များ Altitude ကို တိကျ
စွာ တိုင်းထွာပြီး မိမိရဲ့တည်နေရာကို ရှာဖွေသိရှိနိုင်ပါသည်။အကြောင်းမူကား ဆည်းဆာအချိန်မှာသာ
မိုးကုတ်စက်ဝိုင်းကိုရော ကြယ်နှင့်လတို့ကိုရော တစ်ပြိုင်တည်းမြင်နိုင် တိုင်းထွာနိုင်သောကြောင့်ဖြစ်ပါ၏။
နံက် ဆည်းဆာချိန် ကျော်သွားတာနဲ့ နေရောင်ပေါ်ထွက်လာ၍ ကြယ်တွေလတွေကို မမြင်တွေ့နိုင်ပါ။
ထို့အတူ ညနေဆည်းဆာချိန်ကျော်သွားရင်လည်း နေရောင်ပျောက်ကွယ် အမှောင်ပိုင်းရောက်လာလို့
ထောင့်မြင့်တိုင်းဖို့ မိုးကုတ်စက်ဝိုင်း Horizon ကိုမမြင်တွေ့နိုင်တော့ပါ။ဒါကြောင့် ဆည်းဆာချိန်ဟာ
အလွန်ပဲအရေးကြီးလှပါသည်။ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည်လည်း အရုဏ်တက်ချိန်ကို သိရပါမှ
နေမထွက်မီ ပြုလုပ်ရမည့် အမှုကိစ္စတို့ကိုပြုလုပ်နိုင်သကဲ့သို့ အရုဏ်တက်မှသာလျှင် နေ့တစ်နေ့ ကူး
ပြောင်းပါ၍ အရုဏ်ဆွမ်းဘုန်းပေးနိုင်ခြင်းပြုရပါသည်။ထို့အပြင် ဗုဒ္ဓဘာသာ ဥပုသ်သီတင်းယူသူများ
မှာလည်း ဝိကာလဘောဇနာ သိက္ခာပုဒ်ကို စောင့်ထိန်းရပါ၍ အရုဏ်တက်မှသာလျှင် အစားအစာ
ပြန်လည်သုံးဆောင်မှီဝဲပါမှ ဥပုသ်သီလကို အပြည့်အဝ ရရှိပါမည်။အခုဆိုရင် အရုဏ်တက်/နေထွက်/
နေဝင်နှင့် ဆည်းဆာချိန်တို့ဟာ အရေးကြီးကြောင်းသိရလောက်ပါပြီ။ဤစာစုကို မာလိန်မှူး တင်ထူးစိန်၏
ကာလ ဒေသနှင့် ဝေဒစာအုပ်မှ ဆည်းဆာချိန်၏အရေးပါပုံကိုလည်း မှီငြမ်း၍ ရေးသားပါသည်။

No comments:

Post a Comment