Unicode
.............
နှစ်လမ်းမောင်းလမ်းမှ ဘယ်သို့ ချိုးကွေ့စဉ် တစ်ဘက်ယာဉ်ကြော၏ညာကွေ့ယာဉ်ကြောအား မပိတ်မိပါစေနဲ့။
========================================================
ကျနော်တို့နိုင်ငံ၏ လမ်းအများစုသည် ယာဉ်ကြော သတ်မှတ်မျဉ်းအမှတ်အသား မပါသည့် နှစ်လမ်းမောင်းသာလျင် များသည်ဖြစ်ရာ ယာဉ်မောင်းအများစုသည်လည်း ကြုံသလို ချိုးကွေ့ကြသည်ကများ၏။ယင်းသို့ ကြုံသလို ချိုးကွေ့ရာတွင် ညာဘက်သို့ချိုးကွေ့ရာ၌ မသိသာသော်လည်း ဘယ်ဘက်သို့ချိုးကွေ့ရာတွင် တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ယာဉ်ကြောတစ်ခုလုံးနီးပါး ပိတ်မိလျက်ဖြစ်ပြီး တစ်ဘက်ယာဉ်နှင့် မလွတ်မကင်းဖြစ်ဖန်များသည်ကိုတွေ့ရပါလိမ့်မည်။အချို့လည်း တစ်ဘက်ယာဉ်နှင့်ပြေပြေလည်လည်ဖြစ်သွားသော်လည်းအချို့မျက်နှာချင်းဆိုင် အကြီးအကျယ် တိုက်ခိုက်မှုဖြစ်သွားရသည်လည်းရှိ၏။ဤအတူ ဘယ်ကွေ့ကြောပေါ်တွင် ကားလေးအတွက်မသိသာသော်လည်း ယာဉ်ကြီးမောင်းသူအတွက် ဘယ်တစ်ဘက်ယာဉ်ကြောကို အပြည့်အဝပိတ်မိသွားစေတတ်သည်ကို သတိပြုရပါမည်။အနည်းဆုံး ပေ၅၀၊၆၀ရှိ ကုန်တင်ယာဉ်(မြန်မာပြည်အခေါ် တွဲကား)ဆိုပါက ပို၍ ပိတ်မိတတ်ဖန်များပါလိမ့်မည်။
ကွေ့ကြောသို့ဝင်လျင် "ဘယ်ကွေ့ ညာတင်၊ညာကွေ့ ဘယ်တင်" ကာကွေ့မှ အဆင်ပြေသည်ကိုတွေ့ရပါမည်။ဆိုလိုသည်မှာ ဘယ်ကွေ့ကြောသို့ဝင်လျင် ညာဘက်ကိုတတ်နိုင်သမှယူကာ ပန်း၍ကွေ့မှ တစ်ဘက်ယာဉ်ကြောအားမပိတ်မိသကဲ့သို့ မိမိယာဉ်၏နောက်ပိုင်းသည်လည်း မိမိဘယ်ဘက်ဖြစ်သည့် တစ်ဘက်ယာဉ်ကြောကို နှောင့်ယှက်ပိတ်ဆိုခြင်းမှ ကင်းဝေးမည်ဖြစ်ပါ၏။ဤအတူ ညာကွေ့ကြောသို့ဝင်လျင် ကုန်တင်ကားကြီးများအနေဖြစ် ဘယ်ဘက်(တစ်ဘက်ယာဉ်ကြောပေါ်သို့)ခေါ်ကာ ပန်း၍ကွေ့ပါမှ မိမိယာဉ်နောက်ပိုင်းသည် ညာဘက် လမ်းပုခုံးမြေသားပေါ်သို့ ကျရောက်ခြင်းမှ ကင်းဝေးမည်ဖြစ်ပါ၏။သို့မို့ကြောင့် ညာကွေ့ကြောသို့ဝင်လျင် ကားကြီးဖြစ်က မျက်နှာချင်းဆိုင် တစ်ဘက်ယာဉ်ကြောမှလာသည့်ယာဉ်ရှင်းမရှင်းကြည့်ကာ ဟွန်းတီးအသိပေးကာ ဝင်ရောက်သင့်ပေ၏။
Do not block right turn lane whenever you make left turn.
Zawgyi
............