Wednesday, October 23, 2019

ယာဉ်တိုက်ခိုက်မှုကို ကာကွယ်ပေးမယ့် နေရာလွတ် ( To protect your vehicle collision by making the space room )

Zawgyi
............
.. ယာဉ်တိုက်ခိုက်မှုကို ကာကွယ်ပေးမယ့် နေရာလွတ် ( To protect your vehicle collision by making the space room )
====================================================================
ယာဉ်တစ်စီးကို ထိခိုက်မှုမရှိအောင် ယာဉ်မောင်းသူသည် မိမိ၏ယာဉ်ဘေးဝဲယာရှေ့နောက်တွင် space room လို့ခေါ်တဲ့ နေရာလွတ်ထားကာမောင်းနှင်တတ်ရပါမယ်။ဆိုလိုတာက ယာဉ်မောင်းနှင်နေစဉ် မိမိ၏ယာဉ်အား အခြားယာဉ်များ၏ထိခိုက်ပွတ်တိုက်ခံရမှုဘေးမှ ကင်းဝေးအောင် မောင်းနှင်ရမယ်လို့ပြောတာပါ။ယာဉ်အား ညာအစွန်ကြောတွင်မောင်းနှင်နေစဉ် shoulder လို့ခေါ်တဲ့ ဘေးပုခုံးသားမှ အနည်းဆုံး ၃ပေ(၁-မီတာခန့်)ခွာ၍မောင်းရသလို အတွင်းဆုံး ဘယ်အစွန်ကြောမှ မောင်းလျင်လည်း အတွင်းဘေးပုခုံးသားမှ ၃ပေ(၁-မီတာခန့်) ခွာ၍မောင်းတတ်ရပါမယ်။ဤအချက်ကို သုံးသပ်ရာတွင် ယာဉ်သွားလမ်း၏ဘေးဝဲယာတွင် လမ်းပုခုံးသားအနည်းဆုံး ၃ပေ(၁-မီတာခန့်)ကျယ်စွာ လုပ်ပေးထားသည့်လမ်းဖြစ်မှသာလျင် အဆင့်မီသောလမ်းဖြစ်ပါမယ်ဆိုတာ သိရပါမယ်။မြန်မာပြည်လမ်းများမှာ ယာဉ်သွားလမ်းကြောင်းမှာပင်လျင် ယာဉ်နှစ်စီးယှဉ်၍ သွားလောက်အောင်လုပ်ထားသောလမ်းအရေအတွက်နည်းသလို လမ်းပုခုံးသားမရှိသည့် မည်ကာမတ်တတ်လမ်းကသာလျင်များသည်ကိုလည်း သတိပြုရပါမယ်။အကောင်းဆုံးလို့ဆိုရမယ့် ရန်ကုန်-မန္တလေး အမြန်လမ်းပင်လျင် လမ်းပုခုံးသားမကောင်းသည်က အထင်အရှားပင်ဖြစ်ချေတော့၏။ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွင် ကားနှစ်စီး ရှောင်ကွင်းလျင် ဘေးတိုက်ကြားအကွာအဝေးသည် အနည်းဆုံး ၅-ပေ(၁မီတာခွဲခန့်) ရှိရမဘ်ဆိုစေကာမူ ၁၂-ပေမျှသာလျင်ကျယ်သည့်လမ်းတွင် ကားတစ်စီး၏ အနည်းဆုံးအကျယ် ၅-ပေရှိသည့်ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်ရှောင်ကွင်းလျင် တစ်ပေမျှလောက်ပင် မလွတ်မကင်းရှောင်ကွင်းသွားရသောလမ်းကသာလျင်များနေပေသေး၏။မည်သို့ပင်ဆိုစေကာမူ ယာဉ်မောင်းသူသည် မိမိယာဉ်၏ဘေးဝဲယာရှေ့နောက်အား ယာဉ်တိုက်ခိုက်မှုကင်းဝေးအောင် နေရာလွတ်ထားကာမောင်းနှင်တတ်ရပါမယ်။အထူးသဖြင့်ကျော်တက်ရာတွင် ဤအချက်ကိုနားလည်ပြီး မောင်းနှင်ကျော်တက်ပါက ယာဉ်ကို အန္တရာယ်ကင်းဘေးရှင်းအောင် မောင်းနှင်ကျော်တက်နိုင်ပါလိမ့်မယ်။မိမိယာဉ်၏ရှေ့ကို နေရာလွတ်ထားဖို့ရာမှာ ရှေ့မှယာဉ်နဲ့မိမိယာဉ်အကွာအဝေးဟာ အနည်းဆုံး ၃-စက္ကန့်မျှ( 3 seconds Rule) ခွာ၍မောင်းနှင်တတ်ရပါမယ်။ယာဉ်စည်းကမ်းလမ်းစည်းကမ်း၏ ညွှန်ကြားချက်မှာ ရှေ့နောက်အကွာအဝေး ၄စက္ကန့်မျှ ခွာ၍မောင်းနှင်ရမယ်လို့ဆိုပါတယ်။ဤအတူ မိမိနောက်မှယာဉ်သည် ၃-စက္ကန့်စာမျှ ခွာမမောင်းပဲ မိမိယာဉ်နဲ့ကပ်လျက်လိုက်ပါလာပါက ယာဉ်ကြောပြောင်းအချက်ပြကာ အနီးစပ်ဆုံးယာဉ်ကြောသို့ ပြောင်းရွှေ့ကာ မောင်းနှင်တတ်ရပါမယ်။အရှိန်ကိုတွက်ချက်ရာတွင် မိမိသည် ၅မိုင်နှုန်း(၈ကီလိုမီတာ)မောင်းလျင် တစ်စက္ကန့်အရွေ့သည် ၇ပေ ကျော်ကျော်ရွေ့နေပေရာမိမိရှေ့မှကားနဲ့ ၃-စက္ကန့်ခွာရမည်ဆိုလျင် အနည်းဆုံး ပေ၂၀မျှ ခွာမောင်းရပါလိမ့်မယ်။ဤအတူ မိုင်၆၀-နှုန်းမောင်းလျင် တစ်စက္ကန့်မှာ ၈၈-ပေရွေ့မည်ဖြစ်၍ အနည်းဆုံးပေ ၂၅၀မှ ၃၀၀မျှ ခွာ၍ မောင်းပါမှ စိတ်ချရပါမယ်။
မြန်မာပြည်၏ယာဉ်မောင်းအများစုဟာ ကားမောင်းရာတွင် အထူးကျွမ်းကျင်သည်ဟုဆိုက မမှားချေ။ဘာကြောင့်ဆို ၁၂-ပေမျှသာကျယ်သောလမ်းတွင် အရှိန်ကီလိုမီတာ ၈၀/၁၀၀ မျှ မြန်အောင်မောင်းနိုင်စွမ်းရှိကြ၏။ဤယခုပြောသည့် နေရာလွတ်ထားကာ မောင်းရမယ်ဆိုတာသိရှိပါက အလွန်အကျိုးကျေးဇူးများမည်ဟု ပြောလိုပါတယ်။
ဤစာစုကို ကျနော့ကိုယ်တွေ့ဖြင့်ရေးခြင်းဖြစ်ပါတယ်။ကျနော်ကဲ့သို့ ယာဉ်တိုက်ခိုက်မှုခံရမည့်အရေးမှ ကင်းဝေးစေလိုသော စေတနာဖြင့် မျှဝေခြင်းဖြစ်ပါတယ်ခင်မျာ။
Unicode
.............