ငွေစန္ဒာ လရထားနဲ့
ကြက်ငယ်တစ်စုတို့ ပျော်တဲ့ည

ကောဇာသက္ကရာဇ် ၁၃၇၅ခုနှစ်၊တန်ဆောင်မုန်းလပြည့်(၁၅ရက်)၊တနင်္ဂနွေနေ့၊ခရစ်နှစ်၂၀၁၃၊နိုဝင်ဘာ(၁၇)ရက်
နေ့သည် လွန်စွာထူးကဲသည့်နေ့ဖြစ်ပါ၏။ယခုနှစ်သည် နက္ခတ်အသွားအလာမှန်ကန်သဖြင့် တန်ဆောင်မုန်းလ
ပြည့်နေ့၏ လပြည့်ဝန်းတိထီနှင့် မြန်မာတို့အခေါ် ဖျောက်ဆိပ်ကြယ်၊နက္ခတ်အမည် ကြတ္တိကာနက္ခတ်တို့
တူပြိုင် ထွန်းပနေပေ၏။ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်)အစုသည် မျက်မြင်အားဖြင့် စပျစ်ခိုင်ကဲ့သို့
ကြယ် ၇-လုံး စုကာနေသဖြင့် “ကြတ္တိကာကြယ် ခုနှစ်သွယ် ကြက်ငယ်စုသလို”ဟု မှတ်သားရလွယ်ကူအောင်
ရှေးမြန်မာကြီး များက ဆိုစမှတ်ပြုကာထားခဲ့ကြပေ၏။ဤတန်ဆောင်မုန်းလရာသီကား ဗုဒ္ဓဘာသာဝင်တို့
ကထိန်အလှူပွဲကြီး များကို နိုင်ငံအဝှမ်း ချိမ့်ချိမ့်သဲမျှ အလှူဒါနပြုသည့်လထူးလမြတ်ဖြစ်ပေ၏။မိုးလေကင်းလွတ်သဖြင့်
တန်ဆောင် မုန်းပြည့်ညသည် ကောင်းကင်တစ်ခွင် နက္ခတ်စုံလင်စွာမြင်တွေ့ခွင့်လည်းရသဖြင့်
နက္ခတ်သဘင်ပွဲကျင်းပရာ လလည်း ဖြစ်ပေ၏။ယခုနှစ်လပြည့်စန်းတိထီသည် လပြည့်နေ့(၁၇.၁၁.၂၀၁၃)
မွန်းလွဲ ၁း၀၇ နာရီတွင် စတင်ပြီး ကြတ္တိကာနက္ခတ် နယ်ပယ်သို့ ဝင်ရောက်ကာ လပြည့်ကျော် ၁-ရက်နေ့(၁၈.၁၁.၂၀၁၃)
မွန်းလွဲ ၂း၃၉ နာရီ၌ ထွက်၏။ထို့ကြောင့်ယခုနှစ်တန်ဆောင်မုန်းလပြည့်နေ့ညသည် အတိအကျ ဆေးပေါင်းခသည့်ညဟုဆိုရပါမည်။
တန်ဆောင်မုန်းလပြည့်နေ့ညသည် နွယ်မြက်သစ်ပင်မှန်သမျှ ဆေးဘက်ဝင်သဖြင့် ရှေးအစဉ်အဆက်မှစ၍
မယ်ဇလီဖူးသုတ်စားကြသည်ယနေ့တိုင်အောင်ပင်ဖြစ်၏။သို့မို့ကြောင့် ဆေးပေါင်းခသည့်ညတွင်
အန္တရာယ်ကင်း ဘေးရှင်း ကျန်းမာပျော်ရွှင်ရလေအောင်မယ်ဇလီဖူးသုတ် သုတ်စားရမည့်အချိန်ကို
ရေးသားမျှဝေလိုက်ရပါ၏။ ကြတ္တိကာနက္ခတ်နှင့်ယှဉ်တွဲကာ လပြည့်ဝန်းကြီးအရှေ့အရပ်မှ စတင်ထွက်ပြူလာသည့်
ညနေ ၅း၁၆ နာရီ မှ ၆း၀၅ နာရီအတွင်း မယ်ဇလီဖူးများဆွတ်ချူကာထားပြီ ကြတ္တိကာနက္ခတ်နှင့်ယှဉ်တွဲကာ
လပြည့်ဝန်းတို့ မွန်းတည့်မျဉ်းသို့ဝင်ရောက်ချိန် လပြည့်နေ့ ည ၁၁း၄၃ နာရီ မှ လပြည့်ကျော်(၁)ရက်နေ့နံက်အဝင်
၀၀း၃၇ နာရီ အတွင်း၌ မယ်ဇလီဖူးများပြုတ်ကာ ဆေးဘက်ဝင်အသုတ် ပြုလုပ်စားသုံးကြလေရာ၏ဟု ကောင်းမြတ်သော
စေတနာဖြင့် ရေးသားမျှဝေလိုက်ရပါ၏ခင်ဗျား…….